• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ၂ခုတွင် လူအများ အာရုံစိုက်ကြသော ကိစ္စ၈ခု

(GMT+08:00) 2016-02-25 10:57:49

၂၀၁၆ခုနှစ် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ၂ခုကို ကျင်းပတော့မည် ဖြစ်ကြောင်း၊ တရုတ်ပြည် ဒေသ အသီးသီးမှ ပြည်သူ့ ကိုယ်စားလှယ်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီဝင်များသည် ယင်းအစည်းအဝေး ၂ခုသို့ တက်ရောက်ပြီး  ပြုပြင် ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် တိုင်းရေးပြည်ရာများကို အတူတကွ ဆွေးနွေးကြမည် ဖြစ်ကြောင်း တရုတ် ပြည်သူဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

၂၁ရက်နေ့အထိ ယခုနှစ် တရုတ်ပြည်နယ် ၃၁ခု၏ ပြည်သူ့ ကွန်ဂရက်နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ၂ခုကို ရှေ့ဆင့် နောက်ဆင့် ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် ဒေသန္တရ ဆိုင်ရာ နှစ်ပတ်လည် အစည်း အဝေး ၂ခုများတွင် ပြည်နယ် ၃၀တွင် ဝန်ကြီးအဆင့် အရာရှိ အပြောင်းအလဲများ ရှိကြောင်း၊ ၈၁ဦးထက်မနည်း ဒုဝန်ကြီး အဆင့် အထက် အရာရှိအဖြစ် အသစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းအရာရှိများတွင် ဝန်ကြီးအဆင့် အရာရှိ ၉ဦး ပါဝင်ကြောင်း သိရသည်။

ယခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး ၂ခုတွင် လူအများ အာရုံစိုက်ကြသော ကိစ္စကြီး ၈ခု၌ ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း၊ ဆင်းရဲသူများကို ကူညီပံ့ပိုးရေးနှင့် ဆင်းရဲမှု လျှော့ပေါ့ရေး၊ ဖြန့်ဖြူးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ပိုးလမ်းမကြီး စီးပွားရေး စင်္ကြန်နှင့် ၂၁ရာစု ပင်လယ် ပြင်ပိုးလမ်းမကြီး၊ ပရဟိတလုပ်ငန်း ဥပဒေ ပြင်ဆင်ရေး၊ တရားရေးစနစ် ပြုပြင် ပြောင်းလဲ ရေး၊ ညစ်ညမ်းမှု မရှိဘဲ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ စနစ်များ ချမှတ်ရေးတို့ ပါဝင်ကြသည်။

   Webradio