• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆေးဝါးတင်သွင်းရန် ဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီအား မြန်မာ ခွင့်ပြု

(GMT+08:00) 2016-01-22 13:43:24

မြန်မာနိုင်ငံတွင် ပြည်ပမှ ဆေးဝါး တင်သွင်းရေး လုပ်ငန်းကို လာရောက် ရင်းနှီးမြှုပ်နှံ သော နိုင်ငံခြား ကုမ္ပဏီ တစ်နေ့တခြား များပြားလာခြင်းကြောင့် မြန်မာ အစိုးရသည် လယ်ယာစိုက်ပျိုးရေးနှင့် ကျန်းမာရေး နယ်ပယ်မှ ဆေးဝါး တင်သွင်းရေး ဆိုင်ရာ မူဝါဒကို လျှော့ပေါ့ပြီး မြန်မာနှင့် အခြားနိုင်ငံများ၏ ရင်းနှီးမှုဖြင့် ဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီများ အား ယင်းနယ်ပယ်၂ခုမှ ဆေးဝါးများကို ပြည်ပမှ တင်သွင်းရန် ခွင့်ပြုမည် ဖြစ်ကြောင်း၊ မူလက မြန်မာ အစိုးရသည် မြန်မာ ကုမ္ပဏီကိုပင် ခွင့်ပြုခြင်း ဖြစ်ကြောင်း မြန်မာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းကို ကိုးကား၍ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ စီးပွားကုန်သွယ်ရေး သံမှူးဌာန၏ ဝက်ဘဆိုက်တွင် ရေးသားဖော်ပြသည်။

မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်တွင်းဈေးကွက်၏ လိုအပ်မှုနှင့်အညီရော၊ သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအရပါ ဖက်စပ်လုပ်ကိုင် သော ကုမ္ပဏီများအား ဓါတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးဝါးကုသရေး ပစ္စည်း အပါအဝင် ကုန်ပစ္စည်းများကို အရေအတွက် ကန့်သတ်မှု ရှိစွာဖြင့် တင်သွင်းရန် ခွင့်ပြုမည် ဖြစ်ကြောင်း၊ ၄င်းမူဝါဒကို လက်တွေ့အခြေအနေ ပြောင်းလဲမှုနှင့် အညီ ထိန်းညှိမည် ဖြစ်ကြောင်း၊ မူလက ဆေးဝါးတင်သွင်းခွင့် ရှိသော မြန်မာ ကုမ္ပဏီများကို ပုံမှန် ကြီးကြပ်ကွပ်ကဲမည် ဖြစ်ကြောင်း ဖော်ပြသည်။

နှစ်စဉ် မြန်မာ နိုင်ငံသည် ပြည်ပမှ ကျပ်ငွေ သန်း ၃၀၀ခန့် ဖိုးရှိသော ဆေးဝါးများကို တင်သွင်းလေ့ရှိကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် အဓိက အားဖြင့် အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နှင့် ထိုင်း စသည့် နိုင်ငံများမှ ဆေးဝါး တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

   Webradio