• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိတယ ၃လပတ် ဖိလစ်ပိုင် စီးပွားရေး တိုးနှုန်း ၆ရာခိုင်နှုန်းရှိ

(GMT+08:00) 2015-12-08 16:05:42

ဖိလစ်ပိုင် စီးပွားရေး စီမံခန့်ခွဲမှု တာဝန်ခံ၊ နိုင်ငံတော်ရေးရာ အတွင်းရေးမှူး အာရ်စိုက်နီအို ဘာရီစာဂန်က ဝန်ဆောင်မှု လုပ်ငန်း ကောင်းမွန်ခြင်းကြောင့် ယခုနှစ် တတိယ ၃လပတ်တွင် ဖိလစ်ပိုင်၏ စီးပွားရေး တိုးတက်နှုန်းမှာ ၆ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းသည် စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေသည့် ကောင်းမွန်သော အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ ယခုနှစ် တစ်နှစ်ပတ်လုံးတွင် စီးပွားရေး တိုးတက်နှုန်းကို ၆ရာခိုင်နှုန်းခန့် ထိန်းသိမ်းထားနိုင်မည်ဟု ခန့်မှန်းရကြောင်း မကြာမီက ပြောကြားခဲ့သည်။

မကြာမီက အာရှ ဖွံ့ဖြိုးရေးဘဏ် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ရပ်တွင် ပြည်တွင်း ဝယ်လိုအားကောင်းခြင်းကြောင့် တတိယ ၃လပတ်၌ ဖိလစ်ပိုင်၏ ဂျီဒီပီ တိုးနှုန်းသည် ၆ရာခိုင်နှုန်းအထိ တိုးလာပြီး ယခုနှစ် ပထမ ၉လတွင် စီးပွားရေး တိုးနှုန်းမှာ ၅့၆ရာခိုင်နှုန်း ရှိကြောင်း၊ တစ်နှစ်ပတ်လုံး စီးပွားရေး တိုးနှုန်းသည် ၅့၉ရာခိုင်နှုန်း ရှိမည်၊ လာမည့် ၂၀၁၆ခုနှစ်တွင် စီးပွားရေး တိုးနှုန်း ၆့၃ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ကြေညာသည်။

   Webradio