• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရန်ကုန် စတော့ရှယ်ယာ ရောင်းဝယ်ရေး ဌာန ဖွင့်လှစ်မည်

(GMT+08:00) 2015-11-26 16:08:48

မြန်မာ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်သိန်းက ရန်ကုန် စတော့ ရှယ်ယာ ရောင်းဝယ်ရေး ဌာနကို မူလ စီစဉ်ထားသည့် အတိုင်း ဒီဇင်ဘာ ၉ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပြီး အာဏာလွှဲပြောင်းပေးခြင်းသည် စတော့ ရှယ်ယာ ရောင်းဝယ်ရေး ဌာန ဖွင့်လှစ်ခြင်း အပေါ် ဂယက်ရိုက်ခတ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု Myanmar Business Today သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။

ဒုဝန်ကြီး ဦးမောင်မောင်သိန်းက ပထမအသုတ် အဖြစ် ကုမ္ပဏီ ၅ခုထက်မနည်း၏ စတော့ရှယ်ယာများကို ရောင်းဝယ်မည် ဖြစ်ကြောင်း၊ စတော့ရှယ်ယာ ရောင်းဝယ်မှု ပြုလုပ်မည့် ကုမ္ပဏီများ အမည်စာရင်းနှင့် ရောင်းဝယ်မည့် နေ့ရက်ကို ဖွင့်ပွဲ အခမ်းအနား  တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ၄င်းအမည် စာရင်းထဲတွင် AGD၊ MAPCO၊ FMI စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း ပြောကြားသည်။

စတော့ရှယ်ယာ ရောင်းဝယ်ရေး ဌာန ဖွင့်လှစ်ခြင်းသည် အရပ်ဘက် ရင်းနှီမြှုပ်နှံမှုများ အတွက် ရွေးချယ်မှု တစ်ခုကို တိုးပေးပြီး အိမ်ခြံမြေ ဈေးနှုန်းကို ကျဆင်းစေရန် အတွက် အကျိုးရှိမည် ဖြစ်ကြောင်း မြန်မာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ယူဆကြသည်။

   Webradio