• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၇ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2015-11-21 16:52:36

၂၇ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ၂၁ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်မူမြို့တော်တွင် ဖွင့်လှစ်လိုက်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် ယခုနှစ်ကုန်ပိုင်း၌ အာဆီယံ အသိုက်အဝန်း တည်ဆောက်ပြီးစီးခြင်းနှင့် လာမည့် ၁၀နှစ် အတွင်း အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက် အပါအဝင် အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

အာဆီယံ အလှည့်ကျ သဘာပတိ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် နာဂျစ်က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ယခုအကြိမ် ထိပ်သီး အစည်းအဝေးသည် အာဆီယံ အတွက် သမိုင်းဝင် အစည်းအဝေး ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ယခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့၌ အာဆီယံ အသိုက်အဝန်း တည်ဆောက်ပြီးစီးမည်ဟု တရားဝင် ကြေညာမည် ဖြစ်ကြောင်း၊ အာဆီယံ လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းတို့သည် အာဆီယံ အသိုက်အဝန်း၏ ကြောရိုးမဏ္ဍိုင် ၃ခု ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio