• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ် ထုတ်ပြန်

(GMT+08:00) 2015-11-21 16:41:50

မြန်မာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀ရက်နေ့ ညနေပိုင်းက ရွေးကောက်ပွဲ၏ နောက်ဆုံး ရလဒ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀ရက်နေ့ အထိ ယခုအကြိမ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်နယ်နှင့်တိုင်း လွှတ်တော်များမှ အမတ်နေရာ ၁၁၅၀စလုံး၏ ရလဒ်ကို ထုတ်ပြန်ခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မြန်မာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NDL)သည် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့်တိုင်း လွှတ်တော်များတွင် အမတ် နေရာ ၂၅၅၊ ၁၃၅နှင့် ၄၉၆ခု အသီးသီးရရှိပြီး အမတ်နေရာ အများဆုံး ရရှိခဲ့ကြောင်း၊ သက် ဆိုင်ရာ ဥပဒေအရ NDLသည် အစိုးရသစ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

   Webradio