• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခြင်း အပေါ် ဘန်ကီမွန်း ကြိုဆို

(GMT+08:00) 2015-11-13 14:32:41

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၁၂ရက်နေ့က ၄င်း၏ပြောရေး ဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် မြန်မာ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခြင်း အပေါ် ကြိုဆိုကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် တည်ငြိမ် သော အခြေအနေကို ဆက်လက် ဖန်တီးပေးရန် ပန်ကြားကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းထုတ်ပြန်ကြေညာချက်တွင် မြန်မာ မဲဆန္ဒရှင်များသည် ၄င်းသမိုင်းဝင် ရွေးကောက် ပွဲတွင် ငြိမ်းချမ်းတက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ မြန်မာ ဒီမိုကရေစီ ကူးပြောင်းခြင်းတွင် အရေးကြီး အောင်မြင်မှု ရရှိခြင်း အပေါ် ကြိုဆိုကြောင်း ဖြော်ပသည်။

ထို့အပြင်၊ ၄င်းကြေညာချက်တွင် ၄င်းရွေးကောက်ပွဲ၌ မြန်မာ ပြည်လုံးဆိုင်ရာ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထူးချွန်သော ဆောင်ရွက်မှုကို ဂုဏ်ပြုကြောင်း၊ ပြည်သူများ၏ ရွေးချယ်မှု အပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အသိအမှတ်ပြုခြင်းကို ချီးကျူးကြောင်းလည်း ဖော်ပြသည်။

   Webradio