• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရော်ဘာ ရောင်းဝယ်ရေး စင်တာ မြန်မာ ထားရှိမည်

(GMT+08:00) 2015-10-29 15:13:00

မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက မြန်မာသည် ၂၀၁၇ခုနှစ်တွင် ရော်ဘာရောင်းဝယ်ရေး စင်တာကို ထားရှိပြီး ဈေးနှုန်း သင့်တင့်စွာနှင့် သတ်မှတ်ကာ ရော်ဘာကို စိုက်ပျိုးကြသော လယ်သမားများ၏ အကျိုး စီးပွားကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း Myanmar Business Todayတွင် ရေးသားဖော်ပြထားသည်။

၎င်းအရာရှိက ရော်ဘာရောင်းဝယ်ရေး စင်တာသည် မြန်မာ့ ရော်ဘာ အရည်အသွေးကို တိုးမြှင့်ရန် ကူညီပံ့ပိုးမည် ဖြစ်ပြီး ရော်ဘာ ထုတ်လုပ်သူများ အတွက် ပိုမို တရားမျှတသော ရောင်းဈေးကို သတ်မှတ်ပေးရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၄င်းစင်တာသည် အင်တာနက်တွင် ရော်ဘာ၏ ဈေးနှုန်းကို အချိန်မီ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ စင်တာ၏ သက်ဆိုင်ရာ စည်းမျဉ်းများကို ချမှတ်နေဆဲ ဖြစ်ကြောင်း   ပြောကြားသည်။

လက်ရှီအချိန်တွင် မြန်မာသည် ရော်ဘာ အရည်အသွေး စစ်ဆေးရေး စမ်းသပ်ခန်းကို တည်ဆောက်ပြီး နိုင်ငံတကာ ရော်ဘာအဖွဲ့၏ စစ်ဆေးလက်ခံခြင်းကို စောင့်နေကြောင်း သိရသည်။

 

   Webradio