• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ် ပထမခြေလှမ်း တက်လှမ်း

(GMT+08:00) 2015-10-16 17:20:48

 ၁၅ရက်နေ့က မြန်မာ အစိုးရဟာ တိုင်းရင်းသား  လက်နက် ကိုင်အဖွဲ့ ၈ခုတို့နဲ့ နေပြည်တော်မှာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့ကြကြောင်း၊ ပြည်တွင်းပြည်ပမှ ဘက်အသီးသီးတို့ဟာ အဲဒီ စာချုပ်ချုပ်ဆိုပွဲကိုလည်း တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရတယ်။

မြန်မာ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၇၀လောက်ကြာ တည်ရှိခဲ့ကြောင်း၊ တိုင်းရင်းသား လူမျိုးစုများက နိုင်ငံတော် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ အစဉ်တစိုက် ပန်ကြားကြကြောင်း သိရတယ်။  စာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ များစွာ ရှိနေသေးပေမဲ့ ဒီအကြိမ် စာချုပ်ချုပ်ဆိုခြင်းဟာ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အနှစ်သာရရှိတဲ့ သမိုင်းဝင် တိုးတက်မှု ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး အကောင် အထည်ဖော်ဖို့ အတွက် အခြေခံအုတ်မြစ် ဖြစ်လာကြောင်း အကဲခတ်များက ယူဆ ကြတယ်။

စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တံခါးဟာ ဆက်လက် ဖွင့်ထားမှာ ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ကတိပြု ပြောကြားတယ်။ သူက စာချုပ်ကို မချုပ်ဆိုသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ က စာချုပ်ကို ချုပ်ဆိုဖို့ ပန်ကြားတဲ့ အပြင်၊ ရေရှည် ငြိမ်းချမ်းမှု အကောင်အထည်ဖော်ရေး အတွက် လာမဲ့အဆင့် နိုင်ငံရေး ဆွေးနွေးခြင်းကို စတင်ဆောင်ရွက်နိုင်အောင် ဘက်အ သီးသီးတို့က လက်တွဲကြိုးပမ်းကြဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားတယ်။

၁၉၄၈ခုနှစ် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များစွာ ရှိလာကြောင်း၊ ဒီအကြိမ် စာချုပ်ကို ချုပ်ဆိုခြင်းမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆယ်ခုကျော်ရှိနေသေးကြောင်း သိရတယ်။ မြန်မာ အစိုးရကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကပါ လက်နက်အင်အားနဲ့ ပြည်တွင်း အချင်းပွားမှု ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးခြင်းဟာ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း အကြိမ်းပေါင်းများစွာ ဖော်ပြခဲ့ဖူးတယ်။

၂၀၁၁ခုနှစ် မတ်လ ဦးသိန်းစိန် သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ နောက်ပိုင်းမှာ အမျိုးသား ကြေးအေးရေး လမ်းစဉ်ကို ကျင့်သုံးမှာ ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြား ခဲ့ဖူးတယ်။ ၂၀၁၃ခုနှစ် နိုဝင်ဘာကနေ ဒီနှစ် သြဂုတ်လ အထိ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၉ကြိမ်တိုင်တိုင် ကျင်းပပြီး ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ရေးဆွဲသတ်မှတ်ခဲ့တယ်။

ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ဟာ မြန်မာ ငြိမ်းချမ်ရေး ဖြစ်စဉ် အတွက် ပထမ ခြေလှမ်းတစ်လှမ်းပဲ ဖြစ်ကြောင်း၊ ရေရှည် ငြိမ်းချမ်းရေး အကောင် အထည်ဖော်ဖို့ အတွက် တာဝန် ကြီးလေးပြီး ခရီးလည်း ဝေးလှကာ အခက်အခဲနဲ့ စိန်ခေါ်မှုများ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း၊ ပထမဦးဆုံး အနေနဲ့ ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်တွေ့ဖော်ဆောင်ရေးမှာ အခက်အခဲများ ရှိပြီး နှစ်ဖက်တို့ရဲ့ အပြန်အလှန် ယုံကြည်မှုကို စိန်ခေါ်ကာ လက်တွေ့အခြေအနေအရ နှစ်ဖက်တို့ရဲ့ နည်းလမ်းတစ်မျိုးတစ်ဖုံ ပြောင်းလဲကျင့်သုံးနိုင်စွမ်းကိုလည်း စိန်ခေါ်မှာ ဖြစ်ကြောင်း၊ ဒုတိယအချက်ကတော့ စာချုပ်ကို မချုပ်ဆိုသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်များက စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်အောင် အပြန်အလှန် အလျှော့ပေး လိုတဲ့ သဘောနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပြီး ဘက်အသီးသီးတို့ရဲ့ နိုင်ငံရေးအမြင်နဲ့ စိတ်ပိုင်းဖြတ်မှု အပေါ်မှာ တည်ကြောင်း၊ တတိယ အချက်က ဘက်အသီးသီးတို့ ပါဝင်ကြတဲ့ နိုင်ငံရေး ဆွေးနွေးခြင်း စတင်ဆောင်ရွက်ဖို့ လိုကြောင်း၊ အဲဒါဟာ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးကြီးတဲ့ အပိုင်းကဏ္ဍဖြစ်ကြောင်း အကဲခတ်များက ယူဆကြတယ်။

 မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ မြန်မာ ပြည်တွင်းရေး ဖြစ်ပေမဲ့ ဒေသတွင်း တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အပေါ် ဂယက်ရိုက်ခတ်မှု များစွာ ရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်တဲ့ တရုတ်ပြည် အနေနဲ့ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစဉ်တစိုက် အားပေးထောက်ခံပြီး မြန်မာနိုင်ငံမှာ ရေရှည် ငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော် ပြထားတယ်။

   Webradio