• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

MH17ပစ်ချသူ အရေးယူရဟု မလေးရှား ဝန်ကြီးချုပ်ဆို

(GMT+08:00) 2015-10-15 15:45:30

မလေးရှား ဝန်ကြီးချုပ် နာဂျစ်က MH17ခရီးသည်တင် လေယာဉ် ပျက်ကျမှု ဆိုင်ရာ နောက်ဆုံး အစီရင်ခံစာတွင် ၄င်းလေယာဉ်သည် ယူကရိမ်း အရှေ့ပိုင်းမှ ပစ်လွှတ်ခဲ့သော ရုရှားထုတ် ဒုံးကျည်၏ ပစ်ခတ်မှု ခံရပြီး ပျက်ကျခဲ့သည်ဟု  ရေးသားဖော်ပြကြောင်း၊ MH17ပစ်ချမှု ပြုလုပ်ခြင်းနှင့် ပတ်သက်သူများကို အရေးယူရန် အတွက် မလေးရှား ဘက်အသီးသီးတို့သည် ဆောင်ရွက်မှု ပြုလုပ်မည်ဖြစ်ကြောင်း ၁၄ရက်နေ့က ကွာလာလမ်ပူမြို့တော်တွင် ပြောကြားသည်ဟု တရုတ် သတင်းဌာနက ရေးသားဖော်ပြ သည်။

မလေးရှား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး လျော်တျုန်လိုင်က သီးခြား နိုင်ငံတကာ တရားရုံး တစ်ခုကို ထူထောင်ပြီး ထိရောက်သော ဥပဒေ ကျင့်သုံးရေးစနစ်တစ်ခုကို တည်ထောင်ကာ MH17ပစ်ချမှု ပြုလုပ်သူများကို အရေးယူရန် မလေးရှားသည် ဟော်လန်၊ ဘယ်ဂျီယန်၊ ယူကရိမ်းနှင့် သြစတြေးလျနိုင်ငံတို့နှင့်အတူ ကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထပ်လောင်း ထုတ်ပြန်ကြေညာသည်။

 

 

 

   Webradio