• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပွဲ ကျင်းပမည်

(GMT+08:00) 2015-10-12 17:21:23

မြန်မာ ငြိမ်းချမ်းရေး စင်တာ အဆင့်မြင့် အရာရှိ ဦးမင်းဇော်ဦးက မြန်မာနိုင်ငံသည် ယခုလ ၁၅ရက်နေ့တွင် နေပြည်တော်၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း ၁၀ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ထို့အပြင်၊ ၄င်းက တိုင်းရင်းသား လက်နက်ကိုင် ၈ခုတို့သည် ယင်း သဘောတူစာချုပ် တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း၊ အစိုးရ အနေနှင့် ယခုအကြိမ် စာချုပ်ချုပ်ဆိုပွဲတွင် ပါဝင်တက်ရောက်ခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များအား ငြိမ်းချမ်းရေးတံခါး ဆက်လက် ဖွင့်ထားမည် ဖြစ်ကြောင်း၊ မြန်မာ ငြိမ်းချမ်းရေး ပြဿနာသည် မြန်မာ ပြည်တွင်း ပြဿနာ ဖြစ်ပြီး အကြောင်းရင်းများကြောင့် ယခုအထိ မဖြေရှင်းနိုင်သေးကြောင်း ပြောကြား သည်။

 

   Webradio