• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မကြုံစဖူး စီးပွားရေး စိန်ခေါ်မှု မလေးရှား ရင်ဆိုင်နေရ

(GMT+08:00) 2015-09-10 17:14:02

မလေးရှား ဘဏ္ဍာရေး ဝန်ကြီး ဌာန အတွင်းရေးမှူးချုပ် အီဝမ်စေရီဂါက ရင်းဂစ်ငွေ တန်ဖိုးကျဆင်းမှုနှင့် ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် မလေးရှား အနေနှင့် စီးပွားရေး နာလန်ပြန်မထူနိုင်ခြင်းမျိုးဖြစ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု မကြာမီက မလေးရှား နန်ယန်ဆီယန်ပေါ် သတင်းစာမှ ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် ၄င်းက မလေးရှား သမိုင်းကြောင်းတွင် နိုင်ငံရေးပြဿနာ၊ စီးပွားရေး ပြဿနာနှင့် ရင်းဂစ်ငွေ တန်ဖိုးကျဆင်းမှု တစ်ချိန်တည်း ဖြစ်လာသည့် အခြေအနေမျိုး မဖြစ်ပေါ်ခဲ့ဖူးသည့် အတွက် ယခုအခါတွင် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း လည်း ပြောကြားသည်။

   Webradio