• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းဗုံးပေါက်ကွဲမှုနှင့် မပတ်သက်ဟု သံသယရှိသူ ငြင်း

(GMT+08:00) 2015-08-31 16:26:29

ထိုင်းရဲဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် သာယွန်စီရီက ၂၉ရက်နေ့က ဖမ်းဆီးခဲ့သော သံသယရှိသူက သြဂုတ်လ ၁၇ရက်နေ့ ဘန်ကောက်မြို့ လေးမျက်နှာ ဘုရား အနီးတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် မပတ်သက်ကြောင်း ငြင်းပယ်သည်ဟု ၃၀ရက်နေ့က ပြောကြားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ပရာယွတ် သာယွန်စီရီက ၄င်း သံသယရှိသူသည် မိမိတို့၏ စုံစမ်းစစ်ဆေးမှု အပေါ် ပူးပေါင်း ဆောင်ရွက်မှု မရှိကြောင်း ပြောကြားသည်။

သာယွန်စီရီက ၄င်းသံသယရှိသူသည် လူကုန်ကူးမှု အဖွဲ့မှ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း၊ ၄င်းတို့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် ရည်ရွယ်ချက်မှာ မကြာမီက ထိုင်း အစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အပေါ် လက်စာချေ တုံ့ပြန်ရန်ဟု ယူဆကြောင်း ပြောကြားသည်။

   Webradio