• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ် ၂

(GMT+08:00) 2015-08-26 17:10:16

 ဒီနေ့ "သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ်၂မှာ ရေးသားထားတဲ့ အရှေ့တောင်အာရှမှာ ဂျပန် စစ်ဝါဒီများ အကြမ်း ဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြောင်းကို အစီရင်ခံပါ့မယ်။

ဂျပန်စစ်တပ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့က ပစိဖိတ် စစ်ပွဲကို လှုံ့ဆော်ခဲ့တဲ့ နောက်ပိုင်းမှာ အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တို့ဟာ တရှုံးတည်းရှုံးသွားခဲ့တယ်။ ဂျပန် စစ်တပ်ဟာ ၆လအကြာမှာ အရှေ့တောင်အာရှဒေသကို သိမ်းပိုက်ပြီး အရှေ့တောင်အာရှ ပြည်သူများ အပေါ် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ စော်ကားမှု ပြုလုပ်ကာ ဖက်ဆစ်ရဲ့ ဆိုးသွမ်းတဲ့ အတွင်းသရုပ် ပေါ်လာစေခဲ့တယ်။ တရုတ်ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံ ရေး သုတေသန အကယ်ဒမီ တောင်အာရှနဲ့ အရှေ့တောင်အာရှ ရေးရာ သုတေသနဌာန ဒုဌာနမှူး ကျန်းရွှေကန်က ဒုတိယ ကမ္ဘာစစ် အတွင်း အရှေ့တောင်အာရှ ပြည်သူများ အပေါ် ဂျပန် စစ်ဝါဒီများရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်စိုးမှုဟာ လူသိနည်းကြောင်း၊ ဂျပန် စစ်ဝါဒီဟာ တရုတ် ပြည်သူများ အပေါ်ပဲ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တယ်လို့ လူတစ်ချို့က အထင်မှားခဲ့ ကြောင်း၊ တကယ်တော့ အရှေ့တောင်အာရှ ပြည်သူများဟာ အင်မတန် ဆိုးရွားတဲ့ ဒုက္ခခံခဲ့ရကြောင်း၊ ဂျပန် စစ်ဝါဒီများဟာ အရှေ့တောင်အာရှမှာ ညှဉ်းပန်းနှိပ်စက်မှု၊ စီးပွား ရေး ဆိုင်ရာ လုယက်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကင်းမဲ့စေရေး အပါအဝင် ဘက်စုံ ရက်စက်တဲ့ အုပ်စိုးမှုကို ကျင့်သုံးခဲ့ကြောင်း ပြောကြားတယ်။

တရုတ်စစ်ရေး သိပ္ပံပညာ အကယ်ဒမီ ကမ္ဘာ့စစ်ရေး သုတေသနဌာန သုတေသီ ဟိုရှင်းချင်က ဂျပန် စစ်တပ် ဖိလစ်ပိုင်ကို သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းမှာ အမေရိကန်နဲ့ ဖိလစ်ပိုင် တပ်ဖွဲ့တွေဟာ လက်နက်ချခဲ့ကြောင်း၊ အမေရိကန်နဲ့ ဖိလစ်ပိုင် သုံ့ပန်းများကို လက်နက်ချ ရာဒေသ ဘာတန်းကနေ သုံ့ပန်းစခန်းသို့ ကြပ်မတ်ပို့ဆောင်ခဲ့တဲ့ ခရီးတစ်လျှောက်မှာ ဂျပန်စစ်တပ်ဟာ သုံ့ပန်းများကို စားသောက်စရာ မပေးဘဲ နှိပ်စက်မှု ပြုလုပ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိတဲ့ သုံ့ပန်းများကို လုံးဝဂရုမစိုက်ဘဲ သူတို့ထဲက နောက်ကျကျန်ရစ်သူများ ကို ရိုက်နှက်ပစ်သတ်ခဲ့ကြောင်း၊ အဲဒီ ခရီးစဉ်မှာ သုံ့ပန်း ၁သောင်း၅ထောင် သေဆုံးခဲ့ရ ကြောင်း၊ အမေရိကန်နဲ့ ဖိလစ်ပိုင် သုံ့ပန်းများဟာ အဲဒီခရီးကို ဘာတန်း သေမင်းသို့ ချီတက် ခြင်း(The Bataan death march)လို့ ခေါ်ကြကြောင်း၊ ဂျပန်စစ်တပ်ဟာ မြန်မာကို သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းမှာ ထိုင်း-မြန်မာ မီးရထားလမ်းကို ဖောက်လုပ်ခဲ့ရာ သုံ့ပန်း ၁သောင်း၆ထောင်လောက်နဲ့ အလုပ်သမား ၉သောင်း သေဆုံးခဲ့ရကြောင်း ပြောကြားတယ်။

ဒါ့အပြင်၊ ဂျပန် စစ်ဝါဒီများရဲ့ မနီလာ သတ်ဖြတ်မှုနဲ့ စင်ကာပူ သတ်ဖြတ်မှုကြောင့် အရပ်သူ အရပ်သား ၁သိန်းကျော်နဲ့ ၃-၄သောင်း သေဆုံးခဲ့ရကြောင်း၊ ဂျပန်စစ်တပ်ဟာ အရှေ့တောင်အာရှက အမျိုးသမီးများကိုလည်း လိင်ကျွန်လုပ်ခိုင်းခဲ့ ကြောင်း သိရတယ်။

တရုတ် သံတမန်ရေး ကောလိပ် နိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန ဂျပန်ရေးရာ ပညာရှင် ကျိုးယုံစိန်းက ဂျပန်ဟာ နောက်မှ ရှင်သန်ဖွံ့ဖြိုးလာတဲ့ ပဒေသရာဇ် နယ်ချဲ့စစ်ဝါဒ နိုင်ငံဖြစ် ကြောင်း၊ ဂျပန်ဟာ အရှေ့တောင်အာရှ အပါအဝင် အာရှ နိုင်ငံများကို ဝင်ရောက်ကျူးကျော် ခဲ့ရာမှာ ကိုလိုနီဝါဒကို စွဲကိုင်တဲ့ ဥရောပ နိုင်ငံဟောင်းများထက် ပိုမို ဆိုးသွမ်းရက်စက်ကြောင်း၊ ဂျပန်စစ်တပ်ဟာ ကျူးကျော်မှု ခံခဲ့ရတဲ့ ဒေသခံ ပြည်သူ၊ သုံ့ပန်းနဲ့ လိင်ကျွန် များကို သတ်ဖြတ်နှိပ်စက်ရာမှာ ပိုပြီး ရက်စက်ကြောင်း ပြောကြားတယ်။

အရှေ့တောင်အာရှမှာ ပေါကြွယ်တဲ့ သဘာဝ သယံဇာတနဲ့ စွမ်းအင်ရှိတယ်။ ဂျပန် စစ်တပ်ဟာ ရေနံ၊ ရော်ဘာ၊ သတ္တုတွင်းထွက်ပစ္စည်း၊ စားနပ်ရိက္ခာနဲ့ ဝါဂွမ်းစတဲ့ အဓိက မဟာဗျူဟာ ပစ္စည်းမျိုးတွေကို အရူးအမူး လုယက်ခဲ့တယ်။ စစ်ပွဲရဲ့လိုအပ်မှုကြောင့် ဂျပန်စစ်တပ်ဟာ အရှေ့တောင် အာရှရဲ့ စီးပွားရေး ဖွဲ့စည်းပုံကို ပြောင်းလဲပြီး ဒေသများ စွာမှာ စစ်သုံးသီးနှံတွေကို စိုက်ပျိုးတဲ့အတွက် စားနပ်ရိက္ခာ ချို့တဲ့မှု ဖြစ်ပေါ်လာကာ ငတ်မွတ်ခေါင်းပါးမှုလည်း ဖြစ်ပေါ်လာခဲ့တယ်။ ဂျပန်ဟာ ဒေသခံ စီးပွားရေးနဲ့ ငွေကြေး လုပ်ငန်းကို ထိန်းချုပ်ခဲ့တဲ့အတွက် အလုပ်လက်မဲ့ဖြစ်မှုနှုန်း တိုးပွားလာပြီး ငွေကြေးဖောင်းပွ မှုကို ဖြစ်ပေါ်လာကာ ပြည်သူတွေ ဝမ်းမဝ ခါးမလှ ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ရတယ်။

   Webradio