• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါတီတွင်း ကိစ္စများ လွှတ်တော်အတွင်း မယူဆောင်လာရန် သူရဦးရွှေမန်းပြော

(GMT+08:00) 2015-08-19 14:43:50

လတ်တလောဖြစ်ပေါ်နေသောပြည်ခိုင်ဖြိုးပါတီတွင်းဆိုင်ရာကိစ္စရပ်များကို လွှတ်တော် အတွင်းသို့ ယူဆောင်လာခြင်းမပြုရန်ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်း က ယမန်နေ့၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအတွင်း ထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်း စိတ်ဝမ်းကွဲ နေခြင်း၊ ပါတီရန်ပုံငွေများကို ပွင့်လင်း မြင်သာမှု မရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲစည်းပုံ အခြေခံ ဥပဒေကို အလွဲသုံးစား လုပ်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ကျင့်စဉ်ကို မျက်ကွယ် ပြု၍ ပူးတွဲဥက္ကဌ ထမ်းဆောင်သူ တစ်ဦးတည်း ဆန္ဒအရ ပြုလုပ်နေခြင်း၊ မဲဆန္ဒရှင် အချို့က လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခြင်းနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထိခိုက်လာ နိုင်ခြင်း စသည်တို့ကို မိမိနှင့် ဦးဌေးဦးထံ သြဂုတ်လ ၁၃ ရက်နေ့က စာတစ်စောင် ပေးပို့ခဲ့ကြောင်း၊ မိမိအနေဖြင့် ယင်းဖော်ပြချက်တွင်ပါရှိသည့် အကြောင်းအရာ၊ အခြေအနေမျိုးပေါ်ပေါက် ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း အလျင်းမရှိဟု ရိုးသားစွာတင်ပြလိုပါကြောင်း သူရဦးရွှေမန်း က ပြောကြားခဲ့သည်။

 ပြည်ခိုင်ဖြိုးပါတီသည်၊ ပါတီတွင်း စည်းလုံးညီညွတ်မှုရှိအောင် ဗဟိုအမှုဆောင်အဖွဲ့ ကို ပြောင်းလဲခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ (ပူးတွဲဥက္ကဋ္ဌ)  ဦးဌေးဦးက ၁၈ ရက်နေ့တွင် မီဒီယာများအား ဖြေကြားခဲ့သည်။

   Webradio