• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းဘတ်ငွေတန်ဖိုးကျခြင်းထိခိုက်မှုဘယ်လောက်ရှိသလဲ

(GMT+08:00) 2015-08-13 16:42:51

ပြီးခဲ့တဲ့တစ်လအတွင်း ထိုင်းဘတ်ငွေလဲလှယ်နှုန်းအဆက်မပြတ်ကျဆင်းလာခဲ့တယ်။ အခုအထိ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာဆိုရင်၊ ထိုင်းဘတ်ငွေ ၃၅ ဘတ်ဖြစ်ပြီး၊ ၈နှစ်အတွင်း အနိမ့်ဆုံးဖြစ်သွားပါတယ်။ အခုအကြိမ် ထိုင်းဘတ်ငွေတန်ဖိုးကျခြင်းဟာ ထိုင်း နိုင်ငံစီးပွားရေးကို ဘယ်လောက်ထိခိုက်သလဲ၊ တခြားထိခိုက်စရာဘာများရှိသလဲ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ငွေလဲနှုန်း ကန်ဒေါ်လာ တစ်ဒေါ်လာကို ထိုင်းဘတ်ငွေ ၃၅ ဘတ်ဖြစ်ခြင်းဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း အနိမ့်ဆုံးလဲလှယ်နှုန်းဖြစ်လာ ခဲ့ပါတယ်။ အဲဒီနောက်၊ သြဂုတ်လ ၅ ရက်နေ့မှာဆိုရင်၊ တစ်ဒေါ်လာကို ၃၅.၁၈ ဘတ်အထိ အနိမ့်ဆုံးစံချိန်ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ နာမည်ကျော် တတ်သိပညာရှင်အဖွဲ့ ကာဆီကွမ်-သုတေသနစင်တာမှ ခန့်မှန်းချက်အရ၊ ၁၀ ရက်နေ့က ၁၄ ရက်နေ့အထိ၊ ထိုင်း ဘတ်ငွေလဲလှယ်နှုန်းဟာ ၃၅ ဘတ်နဲ့ ၃၅.၂၅ ဘတ်အတွင်းမှာ တည်ရှိသွားမယ်လို့သိရပါ တယ်။

၁၉၉ရ ခုနှစ် အာရှတိုက်တစ်ခုလုံးကို ဂယက်ရိုက်ခတ်ခဲ့တဲ့ ငွေကြေးအကျပ်အတည်း ကို လူအများက မမေ့သေးဘူးထင်ပါရဲ.။ ဒီတစ်ကြိမ်ငွေကြေးအကျပ်အတည်းကို ထိုင်းပြည်သူ ပြည်သားတွေက ကြောက်စိတ်မကုန်သေးဘူးလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့၊ ထိုင်းနိုင်ငံ  ဘောဂဗေဒပညာရှင်တို့အနေနဲ့၊ အခုအကြိမ် ထိုင်းဘတ်ငွေတန်ဖိုးကျဆင်းမှု ကြောင့်၊ ထိုင်းနိုင်ငံ မှာ ၁၉၉၇ခုနှစ်လို ငွေကြေးအကျပ်အတည်းမျိုးဖြစ်နိုင်ဖွယ်ရာမရှိဘူးလို့ ယူဆကြတယ်။ ဘာကြောင့်လဲဆိုတော့၊ ၁၉၉၇ခုနှစ်မတိုင်ခင်မှာ၊ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းဆိုင်ရာ ထိုင်းဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ရည်စူးထားတဲ့ Pegged Exchange Rate ပေါ်လစီကို ကျင့်သုံးခဲ့တယ်။ ငွေကြေးအကျပ်အတည်းအပြီးမှာတော့၊ Floating Exchange Rate ပေါ်လစီကို စတင်ကျင့်သုံးလာခဲ့တဲ့အတွက်ကြောင့်၊ ကမ္ဘာ့ နိုင်ငံခြားငွေလဲလှယ်ဈေးကွက်ရဲ.လဲလှယ်နှုန်းပြောင်းလဲမှုနဲ့အညီ၊ ထိုင်းဘတ်ငွေလဲလှယ် နှုန်းကို ပျော့ပျောင်းစွာ ထိန်းညှိနိုင်ခဲ့ခြင်းကြောင့်၊ ထိုင်းဘတ်ငွေတန်ဖိုးဟာ အကျကြမ်းမယ့် အခြေအနေကို လျော့ကျစေခဲ့ကြောင်းဖြစ်ပါတယ်။

မကြာခင်က ထိုင်း ဒု ဝန်ကြီးချုပ် ပရီဒီယာတွန်က၊ ထိုင်းဘတ်ငွေတန်ဖိုးကျခြင်းဟာ ထိုင်း ပို့ကုန်လုပ်ငန်းအတွက် အကျိုးပြုနိုင်ရုံသာမက၊  စီးပွားရေးနာလန် ပြန်ထူရေး အတွက်  ပိုပြီးအကျိုးသက်ရောက်နိုင်မယ်လို့ပြောခဲ့ တယ်။ ဒါနဲ့တစ်ချိန်ထဲမှာပဲ၊ ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့အနေနဲ့၊ ထိုင်းဘတ်ငွေတန်ဖိုး လျင်မြန်စွာ ကျဆင်းခြင်းကို အာရုံစိုက်နေကြတယ်လို့သိရပါတယ်။

အခုထိုင်းဘတ်ငွေတန်ဖိုးပြောင်းလဲခြင်းဟာ ပုံမှန်အတိုင်းအတာထဲမှာ ရှိနေပြီး၊ ပုံမှန် ငွေကြေးလှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

   Webradio