• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသတွင်း လုံခြုံရေးနဲ့ CICAအပေါ် အာဆီယံ ပညာရှင်များရဲ့ အမြင်

(GMT+08:00) 2015-06-02 16:01:52

တစ်နေ့တခြား ရှုပ်ထွေးလာနေတဲ့ သမရိုးကျနဲ့ သမရိုးကျ မဟုတ်တဲ့ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အတွက် အာရှ နိုင်ငံများဟာ အတူတကွ  ပူးပေါင်းဆောင်ရွက်ပြီး အထွေထွေ ဆက်တိုက် လုံခြုံရေးကို ရှာကြံဖို့၊ ဒေသတွင်း လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖွဲ့စည်းပုံအသစ်ကို တည်ဆောက်ရေး အတွက် စူးစမ်းလေ့လာဖို့၊ နှစ်ဖက်စလုံး အနိုင်ရရှိရေး၊ ဘက်ပေါင်းစုံ အနိုင်ရရှိရေးနဲ့ အတူတကွ အနိုင်ရရှိရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ တရုတ်ပြည်ဟာ ၂၀၁၄- ၂၀၁၆ခုနှစ် CICA(Conference on Interaction and Confidence-Building Measures in Asia) အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ကြောင်း၊ မကြာခင်က ပီကင်းမှာ ကျင်းပခဲ့တဲ့ CICA အစိုးရမဟုတ်သော ဖိုရမ် ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးမှာ CICAအဖွဲ့ဝင် နိုင်ငံ၊ အကဲခတ်နိုင်ငံနဲ့ အခြားဒေသတွေက နိုင်ငံများမှ ကိုယ်စားလှယ်များဟာ အစည်းအဝေးသို့ တက်ရောက်ပြီး အနာဂတ် အာရှ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းကို အတူတကွ စူးစမ်းလေ့လာရှာကြံကြကြောင်း၊ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များဟာ ဒေသတွင်း လုံခြုံရေးနဲ့ CICA အပေါ် သူတို့ရဲ့ အမြင်တွေကို ပြောကြားခဲ့ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှာ ရေးသားဖော်ပြထားတယ်။

မလေးရှား မဟာဗျူဟာ နိုင်ငံတကာ ရေးရာ သုတေသနဌာန ဌာနမှူး ရာစတန်က ပင်လယ်ရေကြောင်း လုံခြုံမှုဟာ စွမ်းအင် သယ်ယူပို့ဆောင်ရေး အတွက် အရေးကြီးရုံ သာမကဘဲ ကမ္ဘာ အတွက်လည်း အင်မတန် သော့ချက်ကျကြောင်း၊ ကမ္ဘာပေါ်မှာ အရေးကြီးတဲ့ သယ်ယူပို့ဆောင်မှု ပင်လယ်ရေကြောင်း ၉ခုရှိကြောင်း၊ ၉ခုထဲမှာ ၄ခုဟာ အာရှမှာ ရှိကြောင်း၊ အရေးအကြီးဆုံးဟာ မာလက္ကာ ရေကြောင်းလိုင်း ဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ် မှာ စုစုပေါင်း ရေနံ စည်ပေါင်း ၁၇သန်းကို မာလက္ကာရေကြောင်းလိုင်း ကတစ်ဆင့် ပို့ဆောင်တာ ဖြစ်ကြောင်း၊ ဒါ့အပြင်၊ အရှေ့အာရှဟာ မာလက္ကာ ရေကြောင်း လိုင်းကတစ်ဆင့် အနောက်အာရှ နဲ့ ဥရောပသို့ ကုန်ပစ္စည်းများစွာကို ပို့ဆောင်တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အရှေ့တောင် အာရှက ပင်လယ်ဓါးပြတွေကြောင့် အဲဒီရေကြောင်း လိုင်းရဲ့ လုံခြုံမှု အပေါ် အသင့် အတင့် ထိခိုက်စေခဲ့ကြောင်း ပြောကြားတယ်။ အရှေ့ တောင်ဒေသ အပေါ် ၂၀၁၄ခုနှစ်က ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ရဲ့အကဲဖြတ်မှု အရ အဲဒီဒေသဟာ ဓါးပြတွေကြောင့် ထိခိုက်မှု အဆိုးရွားဆုံးခံနေ ရတဲ့ ဒေသဖြစ်မြဲ ဖြစ်နေကြောင်း၊ ပင်လယ်ပြင် လုံခြုံရေးကို အာမခံဖို့ အတွက် သက်ဆိုင်ရာ နိုင်ငံ အသီးသီးတို့ အနေနဲ့ ပင်လယ် ဓါးပြကို တိုက်ဖျက်ဖို့ အတွက် လက်တွဲ ကြိုးပမ်းသင့်ကြောင်း သိရတယ်။

ရာစတန်က အခု အကြမ်းဖက် အဖွဲ့များဟာ နည်းပညာသစ်တွေကို အသုံးပြုတတ်တဲ့ အတွက်ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ နည်းပညာ အရည်အသွေး မြှင့်တင်ဖို့နဲ့ ဆန်းသစ်တီထွင်ဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင်၊ ယဉ်ကျေးမှုနဲ့ ဝါဒဖြန့်ချိရေး နယ်ပယ်မှာ အကြမ်းဖက်မှု ဖြစ်ပွားစေတဲ့၊ ပြန့်ပွားစေတဲ့ အခြေအနေတွေကို ရှင်းလင်းသုတ်သင်ဖို့လည်း လိုအပ်ကြောင်း၊ ယဉ်ကျေးမှု နယ်ပယ်မှာ ကျွန်တော်တို့ဟာ ပြည်သူတို့ရဲ့ စိတ်ဆန္ဒနဲ့ အညီ ဆောင်ရွက်ဖို့ လိုကြောင်း၊ အထူးသဖြင့် အမျိုးသမီးနဲ့ လူငယ်များရဲ့ ထောက်ခံမှု ရရှိဖို့ လိုအပ်ကြောင်း၊ စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်များက ပြဿနာတွေနဲ့ ရင်ဆိုင်ရာမှာ အစွန်းရောက်နည်းလမ်း၊ အကြမ်းဖက်မှုနဲ့ လူ့စိတ်ကို ဇဝေဇဝါဖြစ်အောင် ဖြားယောင်း မသွေးဆောင်သင့်ဘဲ ညင်ညင်သာသာ စူးစမ်းလေ့လာပြီး ကိုင်တွယ်ဖြေရှင်းနိုင် အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားတယ်။

ဒါ့အပြင်၊ သူက အကြမ်းဖက်မှုဟာ တစ်ကမ္ဘာလုံးရဲ့ ပြဿနာ ဖြစ်ကြောင်း၊ CICAဟာ လက်တွေ့ကျပြီး အလုပ်တွင်ကျယ်တဲ့ ဘက်ပေါင်းစုံ ပါဝင်ကြသော အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ လုံခြုံရေး နယ်ပယ်မှာ အာရှနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ပြုလုပ်နိုင်အောင် အထောက်အကူ ပြုမှာ ဖြစ်ကြောင်း ပြောကြားတယ်။

   Webradio