• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သင်္ဘောတစ်စင်းမလေးရှားပင်လယ်တွင် နစ်မြုပ်

(GMT+08:00) 2015-05-21 11:25:55

တရုတ်သင်္ဘောသားများပါသော သဲတင်သင်္ဘောတစ်စင်းသည် ၂၀-ရက်နေ့၌ မလေးရှားတောင်ပိုင်းပင်လယ်တွင် နစ်မြုပ်သွားခဲ့ရာ တရုတ်သင်္ဘောသားတစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၁၄-ယောက်မှာ ပျောက်ဆုံးနေကြောင်း မလေးရှား ပင်လယ်ရေးရာဝန်ကြီးဌာနမှ အရာရှိတဦးက ပြောပါသည်။ ၄င်းဖြစ်စဉ်ကို မလေးရှားနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးမှ အတည်ပြုခဲ့သည်။ တရုတ် ပင်လယ်ပြင် ကယ်ဆယ်ရေးစင်တာက မလေးရှားသက်ဆိုင်ရာ ပင်လယ် ကယ်ဆယ်ရေးစင်တာကို ဆက်သွယ်ကာ သင်္ဘောလေးစင်းနှင့် လေယာဉ်တစ်စင်းကို စေလွှတ်ပြီး ပျောက်ဆုံးသူများကို ရှယ်ဖွေကယ်ဆယ်နေကြောင်း ကောင်စစ်ဝန်ရုံးမှ ပြောပါသည်။

   Webradio