• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြား ကုန်သွယ်မှု တွန်းအားပေး ဆောင်ရွက်ချက် ထိုင်း ပြုလုပ်မယ်

(GMT+08:00) 2015-05-12 15:05:16

ထိုင်းနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ အတွက် နိုင်ငံခြား ကုန်သွယ်မှုကို တစ်လျှောက်လုံး မှီခိုအားထားနေရကြောင်း၊ ဒါကြောင့်မို့လို့ ပို့ကုန်ပမာဏဟာ ထိုင်းစီးပွားရေး အခြေအနေကို တိုက်ရိုက် ရောင်ပြန်ထင်ဟပ်တဲ့ ကိန်းဂဏန်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ငွေကြေး အကျပ်အတည်း ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှာ နိုင်ငံတကာ စီးပွားရေး ဆက်တိုက် ကျဆင်းခြင်းဒဏ်ကြောင့် ထိုင်း ပို့ကုန် ပမာဏဟာ အခုထိ မျှော်လင့်ထားသလို တိုးတက်မှု မရှိသေးကြောင်း တရုတ် စီးပွားရေး နေ့စဉ်သတင်းစာမှာ ရေးသားဖော်ပြထားတယ်။

၂၀၁၅ခုနှစ် ပထမ ၃လပတ်အတွင်း ထိုင်းနိုင်ငံရဲ့ ပို့ကုန် ပမာဏဟာ ၄ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ပို့ကုန် စုစုပေါင်း ပမာဏဟာ အမေရိကန် ဒေါ်လာ ၃၄့၅ဘီလီယံသာ ရှိကြောင်း နောက်ဆုံး စာရင်းအရ သိရတယ်။ ထိုင်းဒု ဝန်ကြီးချုပ် ပါတီစတွန်က မကြာခင်က မိန့်ခွန်းပြောကြားခဲ့ရာမှာ ဥရောပနဲ့ အမေရိကန်မှာ အလုပ်လက်မဲ့ဖြစ်မှုနှုန်း ဆက်တိုက် မြင့်မားခြင်းနဲ့ တရုတ်ပြည်ရဲ့ စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်း လျှော့ချခြင်းတို့ကြောင့် အဓိကဈေးကွက်တွေမှာ ထိုင်းထုတ်ကုန်ပစ္စည်းများရဲ့ အချိုးအစားဟာ အသင့်အတင့် လျော့နည်းခဲ့ကြောင်း၊ ဒါ့အပြင်၊ လက်ရှိ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံး တစ်ရက် လုပ်အားခနှုန်းဟာ အမေရိကန် ဒေါ်လာ ၉ဒေါ်လာလောက် တိုးလာ ကြောင်း၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကုန်ထုတ်လုပ်မှု ဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှု သိပ်မရှိတဲ့အတွက်ကြောင့် နိုင်ငံတကာ ဈေးကွက်မှာ ထိုင်းထုတ်ကုန် ပစ္စည်းများရဲ့ ယှဉ်ပြိုင်နိုင်စွမ်းဟာ ကျဆင်းသွားကြောင်း၊ ဒါ့အပြင်၊ လူ့စွမ်းအား ကုန်ကျစရိတ် အဆက် မပြတ် မြင့်တက်လာခြင်းကြောင့် အလတ်စားနဲ့ အသေးစား ကုမ္ပဏီတွေဟာ အခက်အခဲ များစွာနဲ့ ကြုံတွေ့နေရကြောင်း၊ အကြီးစား ကုမ္ပဏီများဟာ လူ့စွမ်းအား ကုန်ကျ စရိတ် နိမ့်တဲ့ အခြား အရှေ့တောင် အာရှ နိုင်ငံတွေသို့ ရွှေ့ပြောင်းသွားကြောင်း ပြောကြားတယ်။

ဒါကြောင့်မို့လို့ ဒုဝန်ကြီးချုပ် ပါတီစတွန်က ထိုင်းအစိုးရဟာ ပို့ကုန်ပမာဏ တိုးပွားစေရေး ဆောင်ရွက်ချက်တွေကို တင်ပြခဲ့တယ်။ ပထမဦးစွာ ကုမ္ပဏီများက ထုတ်ကုန် ပစ္စည်းရဲ့ အရည်အသွေးကို အာမခံပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အမျိုးအစားကို တိုးပွားစေဖို့ တိုက်တွန်းမှာ ဖြစ်ကြောင်း၊ ဒုတိယ အချက်ကတော့ ပိုမိုများပြားတဲ့ ငွေရင်းတွေ ထိုင်းနိုင်ငံသို့ ပြန်လည် စီးဝင်လာနိုင်အောင် ပြည်ပမှာ ထိုင်းကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုမှ ရရှိတဲ့ အကျိုး အမြတ်တွေ အပေါ် အခွန်ကို ပိုမိုများပြားစွာ စည်းကြပ်မှာ ဖြစ်ကြောင်း၊ တတိယ အချက်က ထိုင်းအစိုးရဟာ ဘဏ္ဍာရေး ပံ့ပိုးမှုကို အားဖြည့်ဆောင်ရွက်ပြီး လယ်ယာစိုက်ပျိုးရေးကို အလေးထား အားပေးထောက်ခံကာ ဆန်စပါးထွက်တဲ့ ကျေးရွာ တစ်ရွာတိုင်းကို ထောက်ပံ့ကြေး ထိုင်းဘတ်ငွေ ၁သန်းစီ ပေးအပ်မှာ ဖြစ်ကြောင်း၊ အခြား စီးပွားရေးသီးနှံ မျိုးတွေကို စိုက်ပျိုးဖို့ အားပေးထောက်ခံတဲ့ အနေနဲ့ လယ်သမားတွေကို ဦးစားပေး ငွေထုတ်ချေးပေးမှာ ဖြစ်ကြောင်း၊ အဆိုပါ ဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက် ချက်နဲ့ ဒီနှစ် ထိုင်းနိုင်ငံရဲ့ ပို့ကုန် ပမာဏဟာ ၁ရာခိုင်နှုန်း တိုးလာမယ်လို့ ယုံကြည်ကြောင်း ဒုဝန်ကြီးချုပ် ပါတီစတွန်က ပြောကြားတယ်။

နောက်တစ်ဖက်ကတော့ ဒီနှစ်မှာ ထိုင်းခရီးသွား လုပ်ငန်းဟာ ကောင်းမွန်လာတယ်။ ပထမ၃လပတ်အတွင်း ထိုင်းသို့ လာရောက်ခရီးလှည့်လည်တဲ့ နိုင်ငံခြား ခရီးသည် ဦးရေ ဟာ ဒလကြမ်းတိုးလာကြောင်း၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂လအတွင်း နိုင်ငံခြား ခရီးသည် ဦးရေဟာ ၅သန်း၂သိန်းရှိပြီး တစ်နှစ်ပတ်လုံးမှာ ၂၈သန်းထက်မနည်း ရှိမယ်လို့ ခန့်မှန်းရ ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရတယ်။ ထိုင်းပြည်တွင်း အခြေအနေ တဖြည်းဖြည်း တည်ငြိမ်လာတာနဲ့အမျှ ပိုမိုများပြားတဲ့ နိုင်ငံခြား ခရီးသည်တွေဟာ ထိုင်းသို့ လာရောက်ခရီး လှည့်လည်နေကြပါတယ်။

   Webradio