• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ကြေးအေးရေး ခရီးဝေးနေသေး

(GMT+08:00) 2015-05-11 13:48:36

မြန်မာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် များဟာ မြန်မာအရှေ့မြောက် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ၆ရက် ကြာအစည်းအဝေး ကျင်းပပြီး ၆ရက်နေ့က ရုပ်သိမ်းခဲ့ကြောင်း၊ အစည်းအဝေးအပြီး ကြေ ညာချက် ထုတ်ပြန်ခဲ့ရာ အစည်းအဝေးသို့ တက်ရောက်သူများဟာ သဘောတူညီချက် ၁၂ ချက် ရရှိပြီး နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပြည်တွင်း အချင်းပွားမှု ပြဿနာကို ဖြေရှင်းဖို့ ပန်ကြားကြကြောင်း၊ မြန်မာ အစိုးရ၊ စစ်ဘက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များဟာ တစ်ပြည်လုံးမှာ အပစ်အခတ် ရပ်စဲရေး ပြဿနာနဲ့ ပတ်သက်ပြီး မတူခြားနားတဲ့ တွေးဆ ချက်တွေ ကိုယ်စီရှိတဲ့ အတွက်ကြောင့် မြန်မာ ပြည်တွင်း ကြေးအေးရေး အကောင်အထည် ဖော်ဖို့ဟာ တာဝန်လည်း ကြီးလေး၊ ခရီးလည်းဝေးနေသေးကြောင်း စီအာအိုင်က ရေးသား ဖော်ပြထားတယ်။

ဒီအကြိမ် အစည်းအဝေးဟာ မြန်မာ အစိုးရကို ကိုယ်စားပြုတဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်များကို ကိုယ်စားပြု တဲ့  တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး မတ်လ ၃၁ရက်နေ့က သဘော တူညီမှု ရရှိခဲ့တဲ့ နောက်ပိုင်းမှာ ကျင်းပတဲ့ အရေးကြီး အစည်းအဝေး တစ်ခု ဖြစ်ကြောင်း၊ အစည်းအဝေးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်မူကြမ်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တွန်းအားပေးရေးနဲ့ အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲ စတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး

ဆွေးနွေးခဲ့ကြကြောင်း၊ ကေအန်ယူ၊ ကေအိုင်အေ၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မ တော်စတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၂ဖွဲ့မှ ခေါင်းဆောင်တို့ဟာ ဒီအကြိမ် အစည်း အဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိတယ်။

အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြဿနာ ဖြေရှင်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်းကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပြည်တွင်း အချင်းပွားမှု ပြဿနာကို ဖြေရှင်းချင်ရင် တစ်နိုင်ငံလုံး ဆိုင်ရာ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို အရင် ချုပ်ဆိုဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင်၊ အခု အပစ်အခတ် မရပ်စဲသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို အဲဒီ စာချုပ်မှာ ပါဝင်စေဖို့ လိုအပ်ကြောင်း၊ အဲဒီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ချုပ်ဆိုရေး အတွက် ဆွေးနွေးပွဲ ကျင်းပစဉ် အတွင်း ကိုးကန့်၊ ကချင်စတဲ့ တိုင်းရင်းသား  လက်နက်ကိုင်တို့ အပေါ် အစိုးရ တပ်မတော်က စစ်ရေးတိုက်ခိုက်မှုတွေကို ရပ်စဲဖို့ တောင်းဆိုကြောင်း  အစည်းအဝေးသို့ တက်ရောက် သူအားလုံးက တညီတညွတ်တည်း ယူဆကြတယ်၊ ဒါ့အပြင်၊ အစည်းအဝေး သို့ တက်ရောက်ကြတဲ့ ခေါင်းဆောင်တို့က ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပြီး ဒီမိုကရေစီ၊ တိုင်းရင်းသား လူမျိုးစု အားလုံးရဲ့ တန်းတူညီမျှ အခွင့်အရေးနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ကို အာမခံပေးနိုင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ထောင်ဖို့ လည်း တညီတညီတည်း တောင်းဆိုကြ ကြောင်း ဖော်ပြထားတယ်။

အဲဒီ သဘောတူညီချက်၁၂ချက်နဲ့ ပတ်သက်တဲ့ မြန်မာ အစိုးရနဲ့ စစ်ဘက်ရဲ့ တုံ့ပြန်မှုနဲ့ စပ်လျဉ်းတဲ့ ထုတ်ပြန်မှုကို အခုထိ မတွေ့ရသေးဘူး။ မြန်မာသမ္မတ ဦးသိန်းစိန်က ၄ရက်နေ့ ရုပ်မြင်သံကြားကတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာမှာ အစိုးရ အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေးရဲ့ ရလဒ်ကို စောင့်နေကြောင်း၊ နိုင်ငံရေး နည်းလမ်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေး ပါတီ အားလုံးတို့ က သဘောတူပြီး နိုင်ငံရေး ဆွေးနွေးပွဲ အမြန်ဆုံး စတင် ကျင်းပဖို့ အစွမ်းကုန် ကြိုးပမ်းနေ ကြကြောင်း၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်း အားပေးဖို့ ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားတယ်။

   Webradio