• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် ငြိမ်းချမ်းရေး စာချုပ် လွှတ်တော်မှာ သောင်တင်နေ

(GMT+08:00) 2015-04-29 15:45:23

ဖိလစ်ပိုင် အစိုးရနဲ့ တောင်ပိုင်း အစိုးရ ဆန့်ကျင်ရေး လက်နက် ကိုင်အဖွဲ့ ဖြစ်တဲ့ မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦးတို့ ချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေး သဘော တူစာချုပ်ကို ကြားနာ စစ်ဆေးခံဖို့ ၂၇ရက်နေ့က ဖိလစ်ပိုင် အောက် လွှတ်တော် ထံသို့ တင်သွင်းခဲ့ကြောင်း၊ အနာဂတ် မိုရို အစ္စလာမ် လွတ်မြောက်ရေး တစ်ဦး အာဏာပိုင် အနေနဲ့ လွှတ်တော် တည်ထောင်နိုင်အောင် ခွင့်ပြုရေးနဲ့ ပတ်သက်တဲ့ အဲဒီ စာချုပ်ပါ အချက်တွေကို ဖျက်သိမ်းဖို့ အောက်လွှတ်တော်က တောင်းဆိုခဲ့ကြောင်း စီအာအိုင် သတင်း အရ သိရတယ်။

၂၀၁၄ခုနှစ် စက်တင်ဘာလဆန်းက သမ္မတ အာကီနိုဟာ အဲဒီ သဘောတူ စာချုပ် မူကြမ်းကို လွှတ်တော်ထံသို့ တင်သွင်းခဲ့ပြီး အခု ကြားနာစစ်ဆေးနေကြောင်း၊ အဲဒီ သဘော တူစာချုပ်အရ လက်ရှိ မယ်ဒန် မွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနေရာမှာ အစားထိုးဖို့  ပြည့်စုံတဲ့ အစိုးရစနစ် ပါဝင်ပြီး ဖိလစ်ပိုင် တောင်ပိုင်းမှာ မိုရို အာဏာပိုင် အဖွဲ့ကို တည်ထောင်မှာ ဖြစ်ကြောင်း သိရတယ်။

အဲဒီ ကြားနာစစ်ဆေးရေး ရလဒ်ကို ထုတ်ပြန်ပြီးနောက် ဖိလစ်ပိုင် အစိုးရက မကျေနပ်ကြောင်း ဖော်ပြတယ်။ တစ်ဖက်က အစိုးရ အနေနဲ့ သဘောတူ စာချုပ်ရဲ့ အချက်အလက် တွေကို အပြည့်အဝ စဉ်းစားခဲ့ကြောင်း၊ ဒါ့အပြင်၊ စာချုပ်ပါ ဒေသခံ လွှတ်တော်နဲ့ အာဏာ ပိုင် တည်ထောင်ရေး ဆိုင်ရာ အရာတွေကြောင့် ခွဲထွက်မှု ဖြစ်ပေါ်လာမှာ မဟုတ်ကြောင်း၊ အဲဒီ အရာတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မဆန့်ကျင်ကြောင်း ဖိလစ်ပိုင် ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့ဝင်များက ယူဆကြတယ်။ နောက်တစ်ဖက်ကတော့ မိုရိုအစ္စလာမ် လွတ်မြောက်ရေး တပ်ဦးမှ ကိုယ်စားလှယ်က မိုရိုပြည်သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်နဲ့ လွတ်လပ်ရေး ခံစားပိုင်ခွင့်ကို မထိပါးကြောင်း ပြောကြားခဲ့တယ်။

အဲဒီ ကြားနာစစ်ဆေးမှု ရလဒ် မထုတ်ပြန်ခင်မှာ ဖိလစ်ပိုင် လွှတ်တော်အမတ်အချို့က အဲဒီ သဘောတူ စာချုပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဖီလာဆန့်ကျင်ပြီး မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦးကို များလွန်းတဲ့ အခွင့်အရေးတွေ ပေးအပ်ခဲ့ကြောင်း ဝေဖန် ပြောကြားခဲ့တယ်။ ဒီနှစ် ဇန်နဝါရီ ၂၅ရက်နေ့က ဖိလစ်ပိုင် ရဲအဖွဲ့ဝင် ၄၄ဦးဟာ အစိုးရနဲ့ မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦးအကြား ဖြစ်ပွားခဲ့တဲ့ အချင်းပွားမှုမှာ သေဆုံးခဲ့တဲ့ နောက်ပိုင်း အဲဒီ ငြိမ်းချမ်းရေး သဘောတူ စာချုပ် အပေါ် ဝေဖန်သုံးသပ်မှု များစွာ ဖြစ်ပေါ်လာ တယ်။ ဧပြီလ ဒုတိယ ၁၀ရက်ပိုင်းမှာ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် နန်စီ ဘီနေက အဲဒီ ငြိမ်းချမ်းရေး သဘောတူ စာချုပ် အပေါ် သံသယဖြစ်ပြီး သပိတ် မှောက်ခဲ့တယ်။ အဲဒီ သဘောတူ စာချုပ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား အတိုင်းအတာ ပိုမို ကြီးမားတဲ့ ကြားနာစစ်ဆေးမှုကို ကျင်းပကာ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များကို တက်ရောက်ဖို့ ဖိတ်ခေါ်ရန် တောင်းဆိုတယ်။

လက်ရှိ အခြေအနေမျိုးမှာ ငြိမ်းချမ်းရေး သဘောတူ စာချုပ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အင်အားစုများ အငြင်းအခုံ ပြုလုပ်နေတဲ့ တကယ်ရည်ရွက်ချက်ကတော့ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြုလုပ်တဲ့ ယှဉ်ပြိုင်မှု ဖြစ်ကြောင်း၊ အဲဒီ စာချုပ်ဟာ အာကီနို အစိုးရ ရဲ့ နိုင်ငံရေး လုပ်ငန်း ဆိုင်ရာ အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း၊ အဲဒီ စာချုပ်ကို အာကီနို အစိုးရရဲ့ သက်တမ်း အတွင်း အတည်မပြု နိုင်ရင်၊ ဒါမှမဟုတ် တောင်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အဆင်မပြေရင် အာကီနို အစိုးရနဲ့ အာကီနိုရဲ့ ပါတီတို့ အပေါ် ဆိုးရွားတဲ့ ထိခိုက်မှု ဖြစ်မှာ ဖြစ်ကြောင်း အကဲခတ်များက ယူဆကြတယ်။

ဖိလစ်ပိုင် လွှတ်တော်ရဲ့ ဥပဒေပြုရေး အစီအစဉ်အရ ဘယ်အဆိုပြုချက်ကို မဆို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ ၃ကြိမ်စီ ကြားနာစစ်ဆေးပြီးမှ အတည်ပြု ပြဌာန်းရင် သမ္မတက ခွင့်ပြုနိုင်ကြောင်း သိရတယ်။

   Webradio