• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကာဇတ်စတန်တွင် မိန့်ခွန်းပြောကြား

(GMT+08:00) 2013-09-07 15:17:08

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇတ်စတန်နိုင်ငံ အယ်လမာအတာ မြို့တော်၌ မိန့်ခွန်းပြောကြားရာတွင်၊ တရုတ်နိုင်ငံသည် အလယ်အာရှနိုင်ငံများနှင့် အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးမြှင့် နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။ ရှီကျင့်ဖိန်က၊ နှစ်ဖက်တို့သည် ဆန်းသစ်သည့် ပူးပေါင်းဆောင်ရွက်ရေး အသွင်ပုံစံဖြင့် ပိုးလမ်းမကြီး စီးပွါးရေးဇုန်ကို လက်တွဲ ထူထောင်ရန်လည်း တိုက်တွန်းလိုက်ပါသည်။

   Webradio