• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အိုဘားမားနှင့် တွေ့ဆုံ

(GMT+08:00) 2013-09-07 15:16:05

 

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၆ ရက်နေ့က စိန်ဘီတာဘာမြို့၌ အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ ယင်းသည် ယခုနှစ် ဇွန်လက နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က ကယ်ရီဖိုးနီးယားပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် သုံးလအကြာတွင် ထပ်တစ်ခေါက် တွေ့ဆုံဆွေးနွေးခြင်းပင် ဖြစ်ပါတယ်။ နှစ်နာရီကြာ ဆွေးနွေးပွဲတွင် ခေါင်းဆောင် နှစ်ဦးတို့သည် နှစ်နိုင်ငံဆက်ဆံရေး၊ အာရှ ပစိဖိတ်ရေးရာ၊ ကိုးရီးယားကျွန်းဆွယ် အခြေအနေ၊ ဆီးရီးယားပြဿနာ အပါအဝင် စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio