• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကင့်ဖိန်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား တရုတ်ဘက်၏ တရုတ်-ဂျပန် ဆက်ဆံမှုအပေါ် အခြေခံမူများနှင့် ရပ်တည်ချက်များကို ရှင်းလင်းပြောကြား

(GMT+08:00) 2013-09-06 16:40:10

အဋ္ဌမအကြိမ်မြောက် ဂျီ-၂၀ အုပ်စု ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယမန်နေ့ ၅-ရက်နေ့က ရုရှားနိုင်ငံ စိန်းပီတာစဘတ်မြို့၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေး မကျင်းပခင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဧည့်သည်တော်များ အထူးတွေ့ဆုံခန်းတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်ဘက်ဟ အခြေခံမူများနှင့်ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မိမိသည် ဂျပန်-တရုတ်ဆက်ဆံမှုကို ကောင်းမွန်စေဖို့ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါသည်ဟု သတင်းအရ သိရပါသည်။

   Webradio