• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ-ရှီကျင့်ဖိန်သည် အရှေ့အလယ်ပိုင်အာရှ ၄-နိုင်ငံတို့ကို ခရီးလှည့်လည်

(GMT+08:00) 2013-09-03 17:02:15

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ-ရှီကျင့်ဖိန်သည် ယနေ့ ၃-ရက်နေ့ နံနက်ပိုင်းတွင် ပီကင်းမြို့မှ ထွက်ခွာပြီး အရှေ့အလယ်အာရှ ၄-နိုင်ငံတို့ကို သွားရောက်ပြီး ခရီးလှည့်လည်မည်ဖြစ် ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

ထို့ပြင် ဥက္ကဋ္ဌ-ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် ဂျီ-၂၀ အုပ်စု ထိပ်သီးခေါင်းဆောင် များ အစည်းအဝေးနှင့် ကာဂျစ္စတန်နိုင်ငံတွင် ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ အမှုဆောင် ကောင်စီ ၁၃-ကြိမ်မြောက် အစည်းအဝေးတို့ကိုလည်း တက်ရောက်သွား မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ-ရှီကျင့်ဖိန်သည် ဂျီ-၂၀အုပ်စု ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခြင်းအပေါ် အာဆီယံနိုင်ငံများမှ အရာရှိများနှင့် ပညာရှင်များက လှိုက်လှဲစွာ ချီးကျူးဖေါ်ပြပြီး တရုတ်ပြည်သည် ကမ္ဘာ့စီးပွားရေး စီမံခန့်ခွဲမှု တွင် အရေးပေါ်သည့် အပြုသဘောဆောင်သော အခန်းဏ္ဍမှ ပါဝင်နေသည်ဟု ယူဆကြပါသည်။

   Webradio