• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

CRIက ဦးစီးကျင်းပတဲ့ တရုတ်ဗုဒ္ဓဘာသာယဉ်းကျေးမှုခရီးစဉ်

(GMT+08:00) 2013-07-23 10:17:50

    CRIက ဦးစီးကျင်းပတဲ့ တရုတ်ဗုဒ္ဓဘာသာယဉ်းကျေးမှုခရီးစဉ်ကို ၂၀၁၃-ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၈)ခုနှစ်အထိ တရုတ်ပြည် ပေကျင်းနဲ့ ဟူနန်ပြည်နယ် ဇီရှင်းမြို့တို့မှာ ပြုလုပ်နေပါတယ်။ ဒီအကြိမ် လှုပ်ရှားမှုဟာ CRI က ပထမဦးဆုံး အကြိမ် ဦးစီးကျင်းပတာဖြစ်ပြီး အရှေ့တောင်အာရှက ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြတဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို(၄)နိုင်ငံက မီဒီယာအဖွဲ့တွေကိုဖိတ်ခေါ်ထားပါတယ်။

                             ဗုဒ္ဓဘာသာအသင်းမိတ်ဆက်

    တရုတ်ဗုဒ္ဓဘာသာအသင်းဟာ ဒီအကြိမ်လှုပ်ရှားမှုအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးမှု ပေးခဲ့ပါတယ်။ ဒါကြောင့် ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာပဲ သတင်းထောက်တွေက ဗုဒ္ဓဘာသာအသင်းကြီးကို သွားရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။

    တရုတ်ဗုဒ္ဓဘာသာအသင်းဟာ ပေကျင်းမြို့တွင်းက နာမည်ကြီး ရှေးဟောင်း ဘုရားကျောင်းဖြစ်တဲ့ Guang Ji ဘုရားကျောင်းဝင်းထဲမှာတည်ရှိပါတယ်။ အဲဒိနေ့က တိုက်တိုက်ဆိုင်ဆိုင် လပြည့်နေ့နဲ့တိုးသွားလို့ ဘုရားကျောင်းမှာ လူစည်ကားနေတာကို တွေ့ရပါတယ်။

    လပြည့်နေ့မှာ နံနက်(၈)နာရီခွဲမှ (၉)နာရီ(၅၀)အထိ ဘုရားပူဇော်ပွဲရှိတယ်လို့ ဗုဒ္ဓဘာသာအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပွဲကိုမမီလိုက်ရပေမဲ့ မြန်မာပြည်က တရုတ်ဘုံကျောင်းနဲ့မတူဘဲ တရုတ်ဘုရားကျောင်းရဲ့ ထူးခြားတဲ့ အရသာကို တစ်ဝကြီး ကြည့်ရှုခံစားလို့ရတာပေါ့။


1 2
   Webradio