• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းအတာသင်္ကြန်လှုပ်ရှားမှု ဗွီဒီယို

(GMT+08:00) 2013-04-15 16:40:54


 








 

သင်္ကြန်မယ်လေးများရဲ့ အကနဲ့အလှကို ရှုမြင်ကြရပါပြီ၊ မြန်မာမလေးအလား မြန်မာအကကို ကပြနေတဲ့ တရုတ်မလေးရဲ့အလှပါ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးရဲ့ နှစ်သစ် ဆုတောင်းစကားပါ၊ တရုတ်နိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီးတို့မိသားစုကလည်း မြန်မာ့ ရိုးရာသင်္ကြန်ပွဲကို တက်ရောက်လာပါတယ်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှုးကြီးရဲ့ အတာရေပက်ဖျန်းမှုပါ၊ တရုတ်၊မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌက ကံစမ်းမဲဖောက်ပေးနေပါ တယ်၊ တရုတ်ပြည်လုပ်ငန်းကုမ္ပဏီများမှကိုယ်စားလှယ်တွေ၊ မြန်မာပြည်ပြန် တရုတ်နွယ်  ဖွားများရဲ့ကြည့်ရှုအားပေးမှု၊ မြန်မာပညာတော်သင်ကျောင်းသူ၊ကျောင်းသားများရဲ့ အဆိုနဲ့ အက၊တရုတ်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသူ၊ကျောင်းသားများရဲ့ သင်္ကြန်သီချင်း၊ မြန်မာပညာတော်သင်ဗိုလ်မှုးတစ်ဦးရဲ့အဆို၊ သံရုံးဝန်ထမ်းသမီးလေးရဲ့ အက၊ ကလေးငယ် များကလည်း စိတ်ဝင်တစားအားပေးနေကြပုံပါ၊ သံအမတ်ကြီးကတော်တို့ မြေးအဖွား၊ သံအမတ်ကြီးတို့ ဇနီးမောင်နှံရဲ့ အေးမြတဲ့အတာရေစင်ပက်ဖျန်းမှု၊ တရုတ်ပြည် အရှေ့တိုင်းအဆို၊အက အနုပညာအဖွဲ့မှ ကလေးငယ်များရဲ့ သင်္ကြန်အက၊ သံအမတ်ကြီးတို့ မိသားစုရဲ့" မမကိုယ်တိုင်က" သီချင်းဖျော်ဖြေတင်ဆက်ကပြမှု၊ လာအိုသံအမတ်ကြီးရဲ့သမီး

လေး၏တေးသံသာ၊ ဟွားဝေးကုမ္ပဏီကလည်း ကံစမ်းမဲဖောက်ပေးနေပါတယ်၊ ပျော်ရွှင်စွာ ကံစမ်းမဲနှိုက်ပေးနေတဲ့ စစ်သံမှုးကြီး၊ သစ်သီးများနဲ့ဧည့်ခံထားပါတယ်၊ ကြာဇံဟင်းခါးလည်း ပါသေးတယ်၊ ကြာဇံဟင်းခါးသောက်တော့မယ့် စီအာအိုင်ဝိုင်းတော်သား မကြိုင်ကြိုင်ပါ၊ ဆယ်ကျော်သက်များက ပျော်ရွှင်စွာရေပက်နေကြပါတယ်၊ သံအမတ်ကြီးရဲ့ စီအာအိုင် အတွက်နှစ်သစ်မင်္ဂလာဆုတောင်းစကား၊ စစ်သံမှုးကြီးကလည်း မောင်ပန်းမွှေးရဲ့ကဗျာလေး ကိုရွတ်ပြီး နှစ်သစ်ဆုတောင်းစကားပြောကြားပေးပါတယ်၊ သံရုံးမိသားစုဝင်တစ်ဦးရဲ့နှစ်သစ် ဆုတောင်းစကား၊ ipad ပေါက်သွားတဲ့ကံထူးရှင်ညီမလေးရဲ့ နှစ်သစ်အပျော်ဆုတောင်း စကား၊ စိုးစည်းစိမ်ရဲ့ နှစ်သစ်ဆုတောင်းစကား၊ စစ်သံရုံးမှဝန်ထမ်းတစ်ဦးရဲ့ နှစ်သစ် ဆုတောင်းစကား၊ သင်္ကြန်ပွဲရဲ့ အနောင်ဇာမလေးကလည်း နှစ်သစ်ဆုတောင်းစကားပြော ပါတယ်၊ မြန်မာပြည်ပြန်တရုတ်နွယ်ဖွားတစ်ဦးရဲ့ မှုံရွှေရည်အက၊ သံအမတ်ကြီးတို့ ဇနီးမောင်နှံပျော်ရွှင်စွာ ရေပက်ဖျန်းနေကြပါတယ်၊ မြန်မာပြည်ပြန်တရုတ်နွယ်ဖွားများရဲ့ ချစ်ကြည်ရေးသံချပ် ဖျော်ဖြေတင်ဆက်မှုပါ။


 



 

   Webradio