• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကြုံတောင့်ကြုံခဲ စိန်ရတုပွဲ

(GMT+08:00) 2012-10-17 11:23:25

                        

    (၇၅) နှစ်ဆိုတဲ့ သက်တမ်းက အတော့်ကိုခိုင်မာရှည်လျားပြီး သက်တမ်းရင့်တဲ့ နှစ်လို့တောင် ပြော စမှတ်ပြုလို့ရပါတယ်။ အခုပီကင်းမှာ ရောက်နေတုန်း ပီကင်းကနာမည်ကြီးတက္ကသိုလ်တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ ren min တက္ကသိုလ်ရဲ့ (၇၅)နှစ်ပြည့်မွေးနေ့ပွဲကြီးကို ကြုံတောင့်ကြုံခဲ ပါဝင် ဆင်နွှဲခွင့်ရခဲ့ပါတယ်၊ ဒီနေရာမှာ အသုံးမတူတာလေးတစ်ခုကို ပြောပြချင်ပါတယ်၊ သူတို့ကတော့ တက္ကသိုလ်ရဲ့မွေးနေ့ပွဲကြီးရယ်လို့ သုံးထားတာလေးကို မြန်မာတစ်ယောက်အမြင်နဲ့ သုံးလိုက်ချင် တာလေးကတော့ ren min တက္ကသိုလ်ရဲ့ (၇၅)နှစ်ပြည့်စိန်ရတုပွဲကြီး ရယ်လို့ပါ။

အဲဒိ စိန်ရတုပွဲကြီးကို ပါဝင်လို့ရအောင် ဖိတ်လာပေးတဲ့သူ၊(ဒီပွဲဖြစ်အောင် အားထည့်ကြိုးစားထားတဲ့ သူ ကိုဇော်ကြီး) ကိုအရင် ကျေးဇူးတင်လိုက်ပါရစေ။ ဒီတက္ကသိုလ်က နိုင်ငံစုံက ကျောင်းသူ၊ကျောင်း သားတွေက လာရောက်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကြီးမှာ နိုင်ငံစုံရဲ့ယဉ်ကျေး မှု၊အစားအစာ စတဲ့ ကောင်းနိုးရာရာလေးတွေကို ကျောင်းသူ၊ကျောင်းသားတွေက ကြိုးစားပမ်းစား အကောင်အထည်ဖော်ထားတာတွေကို လည်းတွေ့မြင်ရပါတယ်။

                                        

                       

Ren min တက္ကသိုလ်ရဲ့ ရင်ပြင်ကျယ်ကြီးမှာပဲ စိန်ရတုပွဲတော်ကြီးကို ကျင်းပပါတယ်။ ဖွင့်ပွဲအခမ်း အနားကကြီးကျယ်ခမ်းနားသလို၊ ဖျော်ဖြေတင်ဆက်ရေးတွေကလည်း မရိုးနိုင်အောင် ဆန်းပြားလှပါ တယ်။ ယဉ်ကျေးမှုပြခန်းများနဲ့ အစားအစာရောင်းပွဲတွေကလည်း လူကြိုက်များပြီး စည်ကားလွန်းပါ တယ်၊

အဲဒိ ပြခန်းတွေထဲမှာမှ နိုင်ငံ့ဂုဏ်ဆောင် မြန်မာပြခန်းနဲ့ မြန်မာအရောင်းဌာနကတော့ အစည်ကား ဆုံးလို့မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြခန်းရဲ့ မုခ်ဦးမှာ ပုသိမ်ထီင်္းကြီးနှစ်လက်နဲ့ အလှဆင် ထားတာဖြစ်ပြီး၊ မြန်မာ့ယွန်းထည်ပစ္စည်းများစွာကို ခင်းကျင်းပြသထားကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့ရိုးရာသနပ်ခါးရဲ့ ဂုဏ်ကိုလည်း ကမ္ဘာသိအောင် ပြသနိုင်ခဲ့ ခြင်းက ကြည်နူးစရာတစ်ရပ်ပါ။ မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့ လက်ဖက်သုပ်ကိုလည်း ပရိသတ်တို့ မြည်းစမ်းကြည့်လို့ရအောင် အလှုဒါနပြုခဲ့တာကိုလည်း သာဓုခေါ်ပါတယ်။ မြန်မာ့ကျောက်စိမ်း၊ မြန်မာ့ရွှေရင်အေးစတဲ့ ရောင်းချမှုအတိုင်းအတာကလည်း တော်တော်လေး အရောင်းသွက်ခဲ့ပါ တယ်။

                         

ဒီပွဲကြီးကို မြန်မာသံရုံး၊မြန်မာစစ်သံရုံးနဲ့ ပီကင်းရောက်မြန်မာမိသားစုများ စည်းစည်းရုံးရုံးနဲ့ ပါဝင်ကြ တာမို့ ပိုပြီးတော့မြိုင်သွားပါတယ်။ ပီကင်းရဲ့တက္ကသိုလ်နယ်မြေတစ်ခုမှာ ခြေချပြီး၊ စိန်ရတုပွဲကြီးကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံ၊ကိုယ့်တက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုပွဲကြီးကို လည်း ပြန်လည်အောက်မေ့ သတိရလွမ်းဆွတ်ရင်း………………

 

 

   Webradio