• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမုန့်ပွဲတော်

(GMT+08:00) 2012-09-30 22:03:27

                       

မေအားမာန်- သောတရှင်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက် သလိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါ ခင်ဗျာ။ ကျွန်တော် ခင်မောင်ဝင်းပါ။

မေ- ဦးခင်မောင်ဝင်းရေ အခု ပီကင်းဆောင်းဦးရာသီရဲ့ ပွဲတော် နှစ်ခုက သိပ်နီးနေတယ်ေ

ဦး- ဟုတ်ပါတယ်။ ဒီနှစ်က ထူးခြားတယ်လို့ ပြောရမလိုတောင် ဖြစ်နေတယ်။

မေ- ဟုတ်ကဲ့၊ အခု မနက်ဖြန် သန်ဘက်ဆို ရောက်တော့မယ့် ပီကင်းရဲ့ ပွဲတော်ကြီး နှစ်ပွဲ အကြောင်းကို အားမာန် ဒီတစ်ပတ် အစီအစဉ်လေးမှာ ပြောပြချင်တယ်ရှင်။

ဦး- ဟာ သိပ်ကောင်းပါတယ်ဗျာ။ ဒီနှစ်မှာ အရမ်းနီးနေတဲ့ ပွဲတော်တွေ ဆိုတာကို အရင် ပြောပြပါဦးလားဗျာ။

မေ- ဟုတ်ကဲ့၊ ပြောပြပါမယ်၊ တစ်ပွဲကတော့ လမုန့်ပွဲတော်ဖြစ်ပြီး၊ နောက်တစ်ပွဲကတော့ အမျိုးသားအောင်ပွဲနေ့ ပဲဖြစ်ပါတယ်။ လမုန့်ပွဲတော်ဆိုရင် လ နတ်သမီးလေးတစ်ပါးလေး အကြောင်းကတော့ အားမာန်တို့ချစ်ရတဲ့ သောတရှင်တွေလည်း တော်တော်များများ သိပြီး နေပါပြီနော်။ ဒါပေမဲ့လေ၊ အဲနတ်သမီးလေးနဲ့သောတရှင်တွေ ပြန်လည် နွေးထွေးသွား အောင် ဦးခင်မောင်ဝင်းက နည်းနည်းလောက်ပြောပြပေးဦးလေ။

ဦး- ဟာရတာပေါ့ဗျာ။…

မေ- ဟုတ်ကဲ့ ဦးခင်မောင်ဝင်းက နတ်သမီးလေး chang er ရဲ့အကြောင်းကို ပြောပြီးပြီ ဆိုတော့ အားမာန်က နတ်သမီးလေးနားမှာရှိတဲ့ ယုန်ကလေးရဲ့ အကြောင်းကို ပြောပြပေး မယ်နော်။ လမင်းကြီးထဲမှာ ရှိတဲ့ပုံရိပ်လေးတွေကို ကိုယ့်နိုင်ငံ ကိုယ့်အယူအဆ၊ ဓလေ့လေး တွေအတိုင်း နိုင်ငံတိုင်းလိုလိုမှာ ရှိကြလိမ့်မယ်လို့ ထင်ပါတယ်ရှင်။ အားမာန်တို့ မြန်မာ အယူအဆလေးက လမင်းကြီးထဲက ပုံရိပ်က အဖိုးအိုရယ်၊ ယုန်လေးရယ်နော်။ တရုတ်က chang er နတ်သမီးရယ်၊ ယုန်လေးရယ်တဲ့ ဟုတ်တယ်နော် ဦးခင်မောင်ဝင်း။

ဦး- ဟုတ်ပါတယ်ဗျာ။

မေ- ဟုတ်ကဲ၊ ဒီလိုဆို အားမာန်က အဲယုန်လေးအကြောင်းတွေက တော်တော်တော့ အ

များသားပဲ မဟုတ်လား ဦးခင်မောင်ဝင်းရဲ့၊

ဦး- ဟုတ်ပါတယ်၊ ပြောပါဦး()ရဲ့။

မေ- အဲယုန်လေးက လထဲက နတ်သမီး chang er ရဲ့ ဘေးမှာ ဆေးထောင်းတဲ့သူပေါ့၊ ဘာလို့ ယုန်လေးက လထဲ ရောက်လာတာလဲ ဆိုတာက..လနတ်သမီး မဖြစ်ခင် chang er မှာ သိပ်ချစ်ရတဲ့ ချစ်သူရှိတယ်လေ။ သူ့ချစ်သူက အရမ်းကိုခွန်းအားဗလနဲ့ ပြည့်စုံတဲ့သူဖြစ်

လို့ နေဆယ်စင်းထဲက ကိုးစင်းကို မျှားနဲ့ခွင်းနိုင်တဲ့သူဖြစ်တယ်။ အခု အားမာန်တို့ တွေ့မြင် သိနေရတဲ့ နေမင်းကြီးက chang er ရဲ့ ချစ်သူ မခွင်းနိုင်ခဲ့တာလား၊ မခွင်းဘဲ ထားခဲ့တာလား

တော့မသိဘူးနော်။ သေချာတာကတော့ သူ ခွင်းတဲ့ နေဆယ်စင်းထဲက ကျန်ခဲ့တဲ့ တစ်စင်း ပဲလို့ ပုံပြင်ထဲမှာ ဖတ်ဖူးပါတယ်။ အဲလောက် ခွန်းအားဗလကြီးအားကြီးပြီး လူတွေရဲ့ ကောင်း ကျိုးကို လုပ်ပေးခဲ့တာမို့ သူ့ကို နတ်တွေက ဂုဏ်ပြုတဲ့အနေနဲ့ မသေဆေး နှစ်လုံးကို ပေး လိုက်တယ်။

အဲနှစ်လုံးကို သူတို့ ချစ်သူနှစ်ယောက် တစ်ယောက်တစ်လုံးဆီ သောက်ကြမယ်ပေါ့၊ အဲဆေးကလည်း တစ်လုံးသောက်ရင် မသေဆေးတဲ့၊ နှစ်လုံး လုံးသောက်လိုက်ရင် နတ်ဖြစ် မယ့်ဆေးတဲ့လေ၊ ဟုတ်ပါနော် ဦးခင်မောင်ဝင်း၊

ဦး- ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်လည်း ဒီလိုပဲ သိထားပါတယ်။ ဆက်ပါဦးဗျ။

မေ-ဟုတ်ကဲ့ပါ၊ ပြောချင်တဲ့ ယုန်လေးအကြောင်းမှ မရောက်သေးတာလေ..အဲလိုနဲ့ တစ်နေ့ မှာ chang er ရဲ့ချစ်သူ မရှိခိုက်မှာ အဲမသေဆေးကိုလိုချင်လို့ ချောင်းနေတဲ့ လူဆိုးတွေက chang er ရဲ့ အိမ်ထဲကို ၀င်လာပြီး လာ လုပါလေရော၊ အဲတော့ chang er ကလည်း ဘယ်လို လုပ်ရမှန်းမသိ ဖြစ်နေတုန်း ဆေးကို သူတို့လက်ထဲမရောက်စေချင်တာနဲ့ ပါးစပ်ထဲ ကိုထည့်ပြီး စားလိုက်ပါလေရောတဲ့လေ။

အဲလိုစားပြီးမကြာခင်မှာပဲ chang er ရဲ့ ကိုယ်ဟာတစ်ဖြည်းဖြည်း ပေါ့းပါးလာပြီး ကောင်း ကင်ဆီကို တက်တက် သွားနေတယ်လို့ ခံစားလိုက်ရတဲ့ အချိန်မှာ သူက မိုးပေါ်မတက်ချင် လို့ သူနဲ့လက်လှမ်းမီရာတစ်ခုကို ဆွဲကိုင်လိုက်တာ ယုန်လေးတစ်ကောင်ဖြစ်နေတယ်တဲ့..

ပြီးတော့ အဲယုန်လေးကလည်း သေးလို့ သူ့ကို မြေပြင်ပေါ်မှာပဲနေလို့ရအောင် မဆွဲထားနိုင် လေ။ အဲဒါနဲ့ chang er နဲ့အတူ ယုန်လေးလည်းပါသွားတယ်တဲ့၊

အဲလိုနဲ့ ယုန်လေးကလေး လနတ်သမီးလေးရဲ့ ဘေးမှာ  ညဘက် ညဘက်ဆို ဆေးထောင် တဲ့အလုပ်ကို လုပ်တယ်တဲ့လေ။

ဦး- ဟုတ်ကဲ့၊() ပြောပြီးပြီ ဆိုတော့ ကျွန်တော်က လပြည့်နေ့ဆိုတာ လူတိုင်းသိထားတာက လ တစ်လရဲ့ ၁၅ ရက်နေ့လို့ပဲသိထားကြလိမ့်မယ်လို့ထင်ပါတယ်။ အခု ကျွန်တောပြောချင် တာက ၁၅ ရက်နေ့ဟာ လပြည့်နေ့ဆိုပေမဲ့ တကယ်တော့ ၁၆ ရက်နေ့မှာ လမင်းကြီးက ပြည့်ပြည့်၀၀ ပြည့်တယ်ဆိုတဲ့အကြောင်းပဲလေ။ shi wu de yue liang shi liu yuan လို့ တရုတ်ပြည်မှာ ပြောလေ့ရှိကြတယ်လေ။

မေ- ဟုတ်ပါတယ်၊ လပြည့်နေ့က ၁၅ ရက်နေ့ဆိုပေမဲ့ ၁၆ ရက်နေ့မှ ပိုပြီးပြည့်ဝတယ်ဆိုတာ ကိုသိပ္ပံပညာရှင်တွေကလည်း သုတေသနပြု လက်ခံကြတယ်လို့လည်း ကြားဖူးပါတယ်ရှင်။

ဒါပေမဲ့ မနှစ်ကနဲ့ ဒီနှစ်မှာတော့ ၁၅ ရက်နေ့က လ အပြည့်ဆုံးတဲ့လေ။ ဒါကြောင့် ထူးခြားတဲ့

နှစ်လို့ဆိုရပါမယ်။ ဒါကြောင့် ဒီနှစ်ဆို လူတိုင်းလူတိုင်း လမုန့်ပွဲတော်နေ့မှာ အပြည့်ဝဆုံး လမင်းကြီးကို ကြည့်ရင်း ကိုယ်လိုချင်တဲ့စိတ်ဆန္ဒလေးတွေ၊ လုပ်ချင်တာလေးတွေကို ခံစား လို့ရမယ်နော်။

ဦး- ပြီးတော့ လမုန့်ပွဲတော်နေ့မှာ ကလေးတွေက မီးပုံပုံစံ အမျိုးမျိုးလေးတွေနဲ့ ပျော်ပျော်ရွှင် ရွှင်ဆော့ကစားကြတယ်လေ။

မေ- အော ဒီလိုဆို ဦးခင်မောင်ဝင်းကော ငယ်တုန်းက အဲလိုပျော်ခဲ့ဖူးတဲ့အကြောင်းလေးကို ပြောပြပေးပါဦးနော်။

ဦး- ဟား ဟား ကျွန်တော့်ရဲ့ ငယ်မူငယ်သွေးတွေကို ပြန်လည်နိုးထစေချင်တာပေါ့လေ ဟုတ် လား။

မေ- ဟုတ်ပါတယ်၊ပြောပြပေးပါဦး။

ဦး-အင်း ငယ်တုန်းကတော့ ဒီလမုန့်ပွဲတော်ရက်ဆို မီးပုံလေးတွေကိုင်ပြီး ဆော့ရတာ၊ ရေထဲ မျှောရတာက တကယ်ပါဗျာ။ ပြန်ပြောပြလို့မတတ်အောင်ကို ပျော်ရွှင်မိခဲ့တာပါ။ အခုပြော ရင်းနဲ့တောင် ငယ်တုန်းက ပုံရိပ်လေးတွေ ပြန်ပေါ်လာတယ်ဗျာ။

မေ- ဟုတ်ကဲ့၊ နားလည်ခံစားပေးလို့ ရပါတယ်ရှင်။ အခုဆက်ပြီး အမျိုးသားနေ့အကြောင်း ပြောပြပါဦးမယ်နော်။အောက်တိုဘာလ တစ်ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့ ဖြစ်ပါ တယ်။ guo qing jie ပေါ့နော်။ ၁၉၄၉ခုနှစ်၊အောက်တိုဘာလ တစ်ရက်နေ့ကစပြီးအမျိုး သားနေ့ကို စတင်ကျင်းပခဲ့တာဟာ အခုဆိုရင် ၆၃ နှစ်မြောက်ဖြစ်သွားပါပြီ။

ပြီးတော့ အားမာန်ကြားဖူးတာလေး တစ်ခုက ဆယ်ပြည့်နှစ်တွေရောက်တိုင်း၊ နောက်ဆုံး ဂဏန်း ငါးနဲ့ဆုံးတဲ့ နှစ်ရောက်တိုင်းငါးနှစ်( ဥပမာ ဆိုရင် ပေါ့ ၁၉၉၀၊ ၂၀၀၀၊ ၂၀၁၀ တို့လို နှစ်လိုမျိုး၊ ၁၉၉၅၊ ၂၀၀၅ ) စတဲ့အဲလိုနှစ်မျိုးတွေဆိုရင် အမျိုးသားနေ့ကို ခါတိုင်းနှစ်တွေ ထက်ပိုပြီး ခမ်းခမ်းနားနား၊ကြီးကြီးကျယ်ကျယ် လုပ်လေ့ရှိကြတယ်ဆို ဦးခင်မောင်ဝင်း။

ဦး- ဟုတ်ပါတယ်။ ကဲ အားမာန်ရေ အချိန်ပြည့်နေပြီလို့ အချက်ပြနေပြီမဟုတ်လားဗျာ။

မေ- ဟုတ်ပါတယ်။ အားမာန်တွေ့လိုက်ပါတယ်။ မမြင်ချင်ဟန်ဆောင်လို့လည်းမရပါလား နော်။ ဟုတ်ကဲ့ပါရှင်။ အားမာန်တို့ သောတရှင်တွေလည်း တရုတ်ပြည်ရဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်မဲ့ လမုန်ပွဲတော်နေ့၊ အားမာန်တို့ရဲ့ တော်သလင်းလပြည့်နေ့လေး မှာ လမင်းကြီးကို တိုင်တည်ရင်း ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျ ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးရင်း ဒီနေ့အစီအစဉ်လေးကိုဒီနားမှာ ရပ်လိုက်ပါတော့မယ်နော်။ နားဆင်အား ပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။

 

   Webradio