• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းမာရေးအကြောင်းသိကောင်းစရာအဖြာဖြာ

(GMT+08:00) 2012-09-06 15:49:52

                                      

မေအားမာန်- သောတရှင်များအားလုံး စိတ်ရော၊ ကိုယ်ပါကျန်းမာပျော်ရွှင်သာယာ ချမ်းမြေ့ကြပါစေ လို့ ဆုမွန်းကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များမင်္ဂလာညချမ်းလေးပါခင်ဗျာ။ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ- ဟုတ်ကဲ့၊ဒီနေ့ဒီအချိန်လေးဆို အားမာန်တို့တင်ဆက်ပေးရမယ့် အလှည့်ပဲမဟုတ်ပါ လား ဦးခင်မောင်ဝင်းရယ်။

ဦး- မှန်လိုက်လေဗျာ။ ကျွန်တော်တို့ကလည်း ဒီလိုနေ့ရက်ချိန်ခါလေးကို ရောက်ဖို့စောင့်မျှော်နေ သလို၊ ကျွန်တော်တို့ရဲ့ သောတရှင်တွေကလည်း ဒီနေ့ဒီအချိန်လေး ကိုနားဆင်ဖို့ စောင့်မျှော်နေတယ်ဆိုတာ ကျွန်တော်အကြွင်းမဲ့ ယုံကြည်နေတယ်ဗျာ။

မေ- ဟုတ်ကဲ့ပါရှင်။ ဒါဆို အားမာန်တို့ရတဲ့အချိန်လေးတွေကိုလည်း အလကားမဖြစ်ရ လေအောင် ဒီနေ့ တင်ဆက်ပေးမယ့် အကြောင်းလေးကို ပြောပြပါဦးရှင်။

ဦး- ကျွန်တော်တို့ ဒီနေ့တင်ဆက်ပေးဖို့စီစဉ်ထားတဲ့ အကြောင်းလေးကတော့ ကျန်းမာရေးအ ကြောင်းသိကောင်းစရာအဖြာဖြာ လို့နာမည်ပေးလိုက်ရအောင်ဗျာ။

မေ- အော အရမ်းကောင်းတဲ့ ခေါင်းစဉ်လေးပါပဲ။ ဒါပေမဲ့ အားမာန်တို့ ဟိုး အရင့်အရင် အပတ်တွေ တုန်းကလည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုတော့ တင်ဆက်ပေးဖူးပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အချိန်ပြည့်လိုအပ်နေတာမို့ ထပ်ပြီးပြောချင်မိတာပါရှင်

အားမာန်တို့ ပြောမယ့်အကြောင်းလေးတွေကို မထပ်အောင်တော့ ကြိုးစားတင်ဆက်ပေးသွားပါမယ် တကယ်လို့များ ထပ်သွားတာလေးများရှိခဲ့ရင်လည်း စေတနာအမှားလေးတွေလို့ ချစ်တဲ့စိတ်၊ချစ်တဲ့ နား နဲ့နားထောင်ရင်း နားလည်ခွင့်လွှတ်ပေးကြဖို့ အားမာန် ကြိုတင်စကားလေးခံထားလိုက်ပါရစေ။

ဦး- ကောင်းလိုက်တဲ့ စကားလေးဗျာ။ ဒါဆို လူတိုင်းကျန်းမာဖို့အတွက် အဓိကလိုအပ်ချက်လို့ထင် တာလေးကို ပြောပါဦး။

မေ- အားမာန်အမြင်နဲ့ပြောရမယ်ဆိုရင် ကျန်းမာဖို့အဓိကထဲက အကြောင်းတစ်ချက်က စိတ်ပျော်ရွှင် ချမ်းမြေ့မှု လို့ဆိုချင်ပါတယ်။ ဘယ်လိုလဲ ဦးခင်မောင်ဝင်းနဲ့ သောတရှင်များအားလုံး သဘောတူကြ ပါရဲ့လားရှင်။

ဦး- ကျွန်တော်တော့ သဘောတူပါတယ်။ သောတရှင်များထဲက သဘောတူသူတွေကော၊ သဘောထား ချင်းမတိုက်ဆိုင်သူတွေကော ကျွန်တော်တို့အစီအစဉ်လေးဆီကို စာလွှာလေးတွေ ရေး သားပေးပို့ပြီး ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါရစေဗျာ။

မေ- ဟုတ်ကဲ့၊ဒါဆို အားမာန်ပြောချင်တာက စိတ်ဆိုတာမျိုးက အမြဲတမ်း ပျော်ရွှင်နေတတ်တာ မဟုတ်ဘူးလို့ အားမာန်တော့ထင်တယ်။ လူတိုင်းလူတိုင်းမှာ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့ အချိန်လေးတွေဆိုတာ ရှိတတ်တာပဲ မဟုတ်လားရှင်။ အဲလိုအချိန်တွေကို စိတ်ညစ်၊စိတ်ပျက်ပြီး လက်မှိုင်ချနေမယ်ဆိုရင် အချိန်တွေသာကုန်သွားမယ် ကိုယ့်အတွက်ဘာမှလည်းအကျိုးရှိလာမှာ မဟုတ်ဘူးလေ၊

ပြီးတော့ အဲလိုပဲနေ နေရင် အရင်တုန်းကပျော်ရွှင်စရာတွေ ပြန်လည်းမရနိုင်တော့ ဘူးရယ်လို့ပဲ စဉ်းစားနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ စိတ်ကျရောဂါဖြစ်တဲ့ အထိဖြစ်လာတတ်တယ်လေ။ ဒါကြောင့် စိတ်ညစ်၊ စိတ်ဓာတ်ကျနေခဲ့လို့ရှိရင် ကိုယ့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတစ်ဦးဦး ကိုဖွင့်ဟပြောဆိုလိုက်ခြင်းကစပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တဲ့အထိ လုပ်လို့ရတဲ့ နည်းလမ်းကောင်း တွေရှိတယ်။ အဲလိုမှ မလုပ်ချင်ဘူးဆိုရင် စိတ်ကျရောဂါ သက်သာစေပြီး ကိုယ်ရောစိတ်ပါကျန်းမာစေဖို့အထောက် အကူပြုစေမယ့် အကြောင်း လေးတွေလည်းရှိတယ်လေ။

ဦး- ဟုတ်လာ။ဒါဆို ပြောပါဦးဗျာ။

မေ- ဟုတ်ကဲ့၊ အဲဒါကတော့ အပန်းကြီးတဲ့ကိစ္စထဲက မဟုတ်ပါဘူး။ ကိုယ်စားတဲ့အစားအစာတွေ ကိုပဲဘယ်လို ဖြည့်စွက်စားပေးရမလဲ၊ အဲလိုစားပေးလို့ရှိရင် အဆင်ပြေသက်သာစေမယ့် နည်းလမ်း ကောင်းလေးပါ၊ပြောပြမယ်နော်။ အဲဒါလေးကတော့ ဆင်ဟွာသတင်းက ဖတ်ထားတဲ့ စိတ်ကျရောဂါ ကိုသက်သာစေအောင် စားရမယ့်အစားအသောက်တွေကတော့--ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ရွှေဖရုံသီး၊ ဘဲသွေး၊ ချောကလက်၊ ငှက်ပျောသီး၊ နွားနို့၊ သောက်ရေသန့်၊ ငါး၊ ပေါင်မုန့်ညို တို့ပဲ ဖြစ်ပါတယ်ရှင်။

ဦး- ပြီးတော့ ကျွန်တော်သိထားတာလေးတစ်ခုက စိတ်ကျရောဂါဝင်နေသူတွေက တဖြည်းဖြည်း ၀ လာပြီး ဗိုက်ပိုပိုရွှဲလာတတ်တယ်တဲ့လေ။

မေ- အော ဒါဆို ယောကျာ်းသားတွေ ပိုပြီး သတိထားနော်၊ ကိုယ့်ဗိုက်ကို ကိုယ် လုံးဝ အရွှဲမခံနဲ့တော့ ဟုတ်ကဲ့ နောက်တစ်ချက်ပြောချင်တာက အမေရိကန်သိပ္ပံသုတေသီတွေ ပြောဆိုမှုဖြစ်တဲ့ အစား အသောက်နဲ့ ကင်ဆာရောဂါကာကွယ်ဖို့ဆိုတာလေးကို ပြောပြပေးပါမယ်။

ဦး- ဟုတ်ကဲ့၊ အခါးဓာတ်ပါတဲ့ အစားအစာတွေကိုများများစားရမယ် တဲ့ မဟုတ်လားဗျာ။

မေ- ဟုတ်ပါတယ်ရှင်။ အဲဒါတွေကတော ကြက်ဟင်းခါးသီး၊ အလေ့ကျပေါက်လေ့ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ၊ ဘင်္ဂလားဆီးသီးလို့ခေါ်တဲ့ ကုလားဆီးသီးတွေပါ။ အဲဒိထဲမှာ ဗီတာမင် ဘီ ၁၂ ပါဝင် တယ်၊ ရောဂါပိုး၊ကင်ဆာဆဲလ်တွေကို ကာကွယ်ပေးနိုင်စွမ်းရှိ တယ်လေ။ ပြီးတော့ အချဉ်ဓာတ် စား ပေးရမယ်။

ဦး- ဗီတာမင်စီဓာတ်ပေါကြွယ်ဝတဲ့ သံပရာသီး၊ ရှောက်သီး၊လိမ္မော်သီး၊ရှောက်ချိုသီး၊ မရမ်းသီး၊ ခရမ်းချဉ်သီးတွေပါ။

မေ- သက်သတ်လွတ်စားသုံးခြင်းနဲ့လည်း ကာကွယ်နိုင်သေးတယ်တဲ့လေ၊ ဆန်လုံးတီ၊ ဆန်လုံးညို၊ ကန်စွန်းဥ၊ပိန်းဥ၊မျောက်ဥ၊ပဲအမျိုးမျိုးနဲ့ အမျှင်ဓာတ်ပါတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေပေါ့၊ အသက်လေးဆယ်ကျော်သူတွေက ဟင်းသီးဟင်းရွက်ကို ပိုစားပေးရမယ်တဲ့နော်။

ဦး- ဟင်းရွက်စိမ်းကိုလည်းစားပေးရမယ်တဲ့ဗျာ။ အဲဒါတွေက ဂေါ်ဖီ၊ဆလတ်ရွက်၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်စတဲ့ အစိမ်းစားလို့ရတဲ့ ဟင်းရွက်တွေပေါ့၊ ပြီးတော့ မုန်လာဥအဖြူ၊အနီက ကင်ဆာရောဂါကို ကောင်းကောင်းကာကွယ်နိုင်ပါတယ်။

မေ- ဆား(အငန်ဓတ်)ပေါ့ပေါ့စားသုံးရမယ်၊ သုတေသီတွေပြောချက်အရ ဆားကို တစ်နေ့မှာ ၁၀ ဂရမ်မှ ၁၅ ဂရမ်စားသုံးသူတွေက အစာအိမ်ရောဂါဖြစ်တာပိုများ လာတယ်တဲ့၊ တစ်နေ့ဆို ဆား(အငန်ဓာတ်) ၁၀ ဂရမ်ထက်ပိုမစားကြပါနဲ့ရှင်။

ဦး- တစ်ကြိမ်လျှင်နည်းနည်းစားပြီး ကြေညက်အောင်ဝါးစားဖို့လည်းလိုတယ်ဗျ။

မေ- ဟုတ်ပါတယ်ရှင်၊ အစားစားတဲ့အခါ ကြေကြေညက်ညက်ဝါးစားရင် တံတွေးတွေပိုထွက်လာ ပြီးအစာကိုပိုကြေစေ ပါတယ်တဲ့ရှင်။ အခုတစ်ပတ် အစီအစဉ်လေးကို ဒီမျှနဲ့ရပ်နားခွင့်ပြုပါရှင်။ နားဆင်အားပေးမှုအတွက် ကျေးဇူးအထူးပင်တင်ရှိပါတယ် လို့ပြောရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာ မိသားစုနဲ့အတူအသက်ရှည်စွာ နေထိုင်နေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်။

   Webradio