• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်တာနက်..ဒုက္ခ

(GMT+08:00) 2012-07-27 16:57:33

                                  

   အင်တာနက်ဆိုတာ လူ့လောကကြီးသာယာလှပလာအောင်၊ တိုးတက်မှုတွေကိုလူသားတိုင်းမျှဝေ ခံစားနိုင်အောင်၊ နည်းပညာရပ်ပေါင်းများစွာကို နားလည်သိရှိလာအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်မရဲ့ ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ထင်မြင်မိပါတယ်။

ဒါပေမဲ့လည်း အဲဒိအင်တာနက်ကနေ ရရှိလာတဲ့ ဆိုးကျိုးပေါင်းများစွာ လည်းရှိ နေတတ်သေး ပါတယ်။ ကိုယ်တိုင်ခံစားခဲ့ရတဲ့ ခံစားချက်လေးမို့ ရင်ဖွင့်လိုက်ချင်တော့တာကတော့ ဒီလိုပါ….

တစ်နေ့မှာ အင်တာနက်ကနေ ဂျီတော့ခ်နဲ့နိုင်ငံပေါင်းစုံက သူငယ်ချင်းများနဲ့ စကားပြောနေတုန်း ဘယ်ကမှန်းမသိတဲ့ အကောင့်ပိုင်ရှင် တစ်ယောက်က မိတ်ဖွဲ့လာလို့ နာမည်ကို သေချာမကြည့်ဘဲ လက်ခံမိလိုက်ပါတယ်။( အဲဒါကိုက ကျွန်မရဲ့ပေါ့ဆမှုတစ်ခုရယ်လို့ နောင်မှ သိခဲ့ရတာပါ၊ မျက်မှန် မတပ်မိဘဲ အလျင်စလိုလက်ခံလိုက်မှုပဲဖြစ်ပါတယ်) အကောင့်နာမည်ကလည်း တော်တော်လေး ထူးဆန်းပါတယ်။ ယမကာတွေထဲက နာမည်တစ်ခုပါ။ ဒါကိုလည်းသေချာမဖတ်ဘဲ ပေါ့ပေါ့ဆဆ လက်ခံမိလိုက်ခြင်းပါ။

ကျွန်မရဲ့ သူငယ်ချင်းက အမြဲတမ်းပြောလေ့ရှိတဲ့စကားတစ်ခွန်းကို နားမထောင်မိခဲ့လို့ ဒီလိုဖြစ်ရ တယ်လို့လည်း နောင်မှသိလာရတာပါ။ သူပြောလေ့ရှိတာက ဘယ်သူဘယ်ဝါမသိဘဲ လူတိုင်းကို လက်မခံဖို့ပြောခဲ့ဖူးတာပါ။ ဒါပေမဲ့ကျွန်မ အနေနဲ့ကတော့ တစ်တိုင်းတစ်ပြည်မှာ နေ နေရတာဆို တော့ သူငယ်ချင်းများလေ ကောင်းလေလို့ထင်မိတာကြောင့် လက်ခံမိနေရခြင်းပါလို့လည်း သူ့ကို အမြဲပြန်ပြောတတ်တဲ့စကားလေးပါ။ ဒါပေမဲ့ ကျွန်မလည်း အဲလိုယမကာနာမည်ကို သေချာဖတ်မိခဲ့ မယ်ဆိုရင် လက်ခံမိလိမ့်မယ်တော့မထင်ပါဘူးလေ…(ဒါကလည်း ခံစားပြီးမှ သိလိုက်ရတဲ့ အသိလေးလို့ပြောရတော့မယ် ထင်ပါရဲ့လေ..)

ဘယ်လိုပဲဖြစ်ဖြစ်ပါ ကံတရားကဒီလိုဖြစ်လာရမယ်လို့ အကြောင်းရယ်ကဖန်လာတာမို့ ကျွန်မဒီလို ခံစားခဲ့ရတာပါလေ။ ကျွန်မ အတော်လေးခံစားခဲ့ရပါတယ်။ ဒါပေမဲ့ကျွန်မလို ဘယ်သူမှ မခံစားစေချင် တော့တာမို့ အင်တာနက်ကနေ ချက်တင်ဝင်သူများ ဒီဘလောခ့်ကို ဖတ်ပြီးတော့ အကျိုးတရားလေး ရှိခဲ့မယ်ဆိုရင် ကျွန်မခံစားရတာ တန်ပါတယ်လို့ပဲ ထင်မြင်မိပါတော့တယ်… ကျွန်မရဲ့ခံစားချက်တွေ ကိုလည်း အချိန်ဆိုတဲ့ဆေးဆရာကြီးက ကုစားပေးလိမ့်မယ်လို့ မျှော်လင့် ရင်း……

 

   Webradio