• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အညာမြေရဲ့ ဒုတိယငွေကြယ်ပွင့်လေးတစ်ပွင့်

(GMT+08:00) 2012-07-10 17:02:33

ဒီနေ့လို တကူးတက သွားခဲ့ရတဲ့ အကြောင်းရင်းလေးကတော့.. ပီကင်းမြို့မှာ ပညာလာသင်နေကြ တဲ့ ပညာတော်သင်ညီမငယ်လေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မကွေးတိုင်း၊ ချောက်မြို့ကနေ တရုတ်ပြည်၊ပီကင်းမြို့ရဲ့ လယ်ယာစိုက်ပျိုးရေးသိပ္ပံတံခွန်စိုက်သုတေသနကောလိပ် ( zhong guo nong yue ke xue yue ) ( chinese Academy of agricultural seience )မှ ပါရဂူ ဘွဲ့၊ ပီအိတ်ခ်ျဒီဘွဲ့ ကို နိုင်ငံတော်အတွက်၊ မိသားစုအတွက်၊ ဘ၀အတွက် အရဆွတ်ယူနိုင်ခဲ့တဲ့ ညီမလေး မငုဝါနွယ်ရဲ့ ဘွဲ့နှင်းသဘင်ပွဲ အခမ်းအနားကို အချိန် ပေးပြီး သွားခဲ့တာပါ။

ဘွဲ့နှင်းအခမ်းအနားကတော့ မနက် ၈ နာရီလောက်မှာ စတင်ပါတယ်။ ဘွဲ့နှင်းသဘင်တက်ရောက် ယူ ကြတဲ့ ဘွဲ့ရသူတွေက ၆၀၀ လောက်ရှိမယ်ထင်ပါတယ်။ အဲထဲမှာမှ ညီမလေး ငုဝါ အပါ နိုင်ငံခြား သားပါရဂူဘွဲ့ယူသူက ၆ ယောက်ပါ။ တရုတ်လူမျိုးပါရဂူဘွဲ့ယူသူတွေကတော့ ၂၀၀ လောက်ရှိမယ် ထင်ပါတယ်။ ကျန်တဲ့သူတွေကတော့ မဟာဘွဲ့ယူသူတွေလို့ သိခဲ့ရပါတယ်။

ပါမောက္ခချုပ်ဆရာကြီး သုံး၊လေးယောက်လောက်က မိန့်ခွန်းပြောကြားတာကို ကျောင်းသူ၊ကျောင်း သားတွေက နာယူကြရပါတယ်။ ပြီးတော့ကျောင်းသူ၊ကျောင်းသားတွေထဲက ကိုယ်စားပြုကျောင်း သားခေါင်းဆောင် တစ်ဦးက(ပီအိတ်ခ်ျဒီဘွဲ့ရတဲ့သူပါ) ပြန်လည်ပြီး အစစအရာအားလုံး အတွက် ကျေးဇူးတင်ရှိပါကြောင်း ထွက်ပြောပါတယ်( ဒါကတော့ စာရေးသူအမြင်ပါ၊ မှားခဲ့ရင် ကျွန်မတာဝန် ပဲဖြစ်ပါတယ်။)

တမူထူးခြားတာလေးက ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဘွဲ့နှင်းသဘင်ကျင်းပခြင်းမျိုးမဟုတ်ဘဲ၊ ကျောင်း ရှေ့ကွင်းပြင်ကျယ်ကြီးထဲမှာ ကျင်းပတာဖြစ်လို့ အမြင်လေးဆန်းနေသလိုလို ဖြစ်ခဲ့ရပါတယ်။ နောက် တစ်ခုပြောချင်သေးတာက တစ်ဦးတစ်ယောက်ချင်းဆီ ဘွဲ့လက်မှတ်ပေးအပ်တာမျိုးမဟုတ်ဘဲ၊ ပါမောက္ခချုပ်ဆရာကြီး ၈ ယောက်က တန်းစီပြီးနေတဲ့ရှေ့မှာ၊ ကျောင်းသူ၊ကျောင်းသားများကလည်း တန်းစီယူ ကြရတဲ့မြင်ကွင်းလေးပေါ့။

ဒီကျောင်းရဲ့ ဘွဲ့နှင်းသဘင်ကျင်းပချိန်လေးကလည်း တစ်မျိုးထူးဆန်းနေပါသေးတယ်။ ဘာလို့ဆို တော့ တစ်နှစ်တာစာသင်နှစ်အတွင်းမှာ ဇူလိုင်လနဲ့ ဒီဇင်ဘာလပဲ ဘွဲ့ပေးလေ့ရှိတယ်တဲ့။ အဲဒိ နှစ်လ ထဲမှာမှ ဇူလိုင်လပဲ ဘွဲ့နှင်းသဘင်ပွဲကိုကျင်းပလေ့ရှိတယ်တဲ့လေ။ ဒီလိုဆို ဒီဇင်ဘာလမှာ ဘွဲ့ရတဲ့ သူတွေက ဘွဲ့နှင်းသဘင်ပွဲကို တက်ရောက်ခွင့်မရှိဘူးရယ်လို့လည်း သိရှိခဲ့ရပါတယ်။ ပိုလိုတောင် ထူးခြားနေသလိုမျိုး ကျွန်မကတော့ ခံစားမိပါတယ်။ စာဖတ်သူတို့ကော ဘယ်လိုမျိုးများခံစားမိပါလဲ။

အဲဒိကျောင်းဟာ သုတေသနနဲ့ပတ်သက်တဲ့ သီးသန့်ကျောင်းဖြစ်လို့ ရိုးရာယဉ်ကျေးမှု့ပွဲတော် သုံး၊ လေးရက်နဲ့ နွေရာသီကျောင်းပိတ်ရက် ၁၀ ပဲ ကျောင်းပိတ်ရက်ရှိပါတယ်တဲ့လေ။ တစ်နှစ်ပတ်လုံး ကျောင်းတက်ရတဲ့ကျောင်းရယ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်မယ်လို့ ထင်မိပါရဲ့။

ဒီလို အခက်အခဲပေါင်းများစွာတွေထဲကမှ အောင်မြင်မှုကိုအရယူနိုင်ခဲ့တဲ့ ညီမလေး ငုဝါကို ဒီ ဘလော့ခ် စာလေးတစ်စောင်နဲ့ ဂုဏ်ယူမှတ်တမ်းတင်ရင်း…..

   Webradio