• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘဝအမော

(GMT+08:00) 2012-06-29 20:11:21

နေ့တွေရက်တွေ တဖြည်းဖြည်းပြောင်းလာရင်းနှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားခဲ့တယ်။

အချိန်တွေကုန်သွားလို့ အသက်တွေသာ တစ်နှစ်ပြီးတစ်နှစ်ကြီးလာလိုက်တာ ဘ၀အတွက်ဘာမှ ကောင်းကောင်းမလုပ်ဖြစ်သေး။ ဘယ်နေ့မှစလုပ်မယ်၊ ဘယ်အချိန်မှစလိုက်ရင် ပိုကောင်းမယ်ဆိုပြီး

အချိန်တွေကို ဆွဲဆွဲလာရင်းနဲ့ အခုဆိုရင်လူ့ဘ၀သက်တမ်းရဲ့ တစ်ဝက်ကိုတောင်ကျော်ခဲ့ပါပြီ…..

အသိခေါက်ခက်အ၀င်နက် ဆိုသလို လုပ်ရမယ်မှန်းသိနေရက်နဲ့ မလုပ်ဖြစ်တာ၊ ဖြစ်မြောက်အောင် မလုပ်နိုင်တာ၊ ဟိုယောင်ယောင်ဒီယောင်ယောင် နေ နေတာမျိုးဟာ တော်တော့်ကို စိတ်ညစ်ဖို့ ကောင်းနေတဲ့ လူတစ်ယောက်ဖြစ်နေပါပေါ့လားလို့ ထင်မိပါတယ်။

တိုတောင်လှတဲ့ဘ၀ထဲမှာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားနိုင်ဖို့ဆိုတာက အချိန်ရယ်၊ငွေရယ်၊ ကံတရားရယ် စတာတွေလိုမယ်လို့ ထင်မိတယ်။ ဘာလို့ဆိုတော့ အဲဒါတွေအားလုံးအကုန်ပြည့်စုံဖို့ ဆိုတာကလည်း အရမ်းခဲယဉ်းပါတယ်။ မပြည့်စုံလို့ ကိုယ့်ဘ၀ကောင်းကျိုးကို မလုပ်ဖြစ်ဘူးဆိုတာ ကိုလည်း ဆင်ခြေရယ်လို့ ထင်နေတဲ့သူတွေရှိဦးမှာပါ၊ မပြည့်စုံရင် ပြည့်စုံသွားအောင်၊ အားလုံး ကောင်းသွားအောင်လုပ်ဖို့ဆိုတာက ကိုယ့်တာဝန်ပဲလို့ လူတိုင်းလိုလို သိနေပေမဲ့လည်း ဖြစ်အောင်လုပ်ဖြစ်တဲ့သူရှိသလို၊ မလုပ်ဖြစ်နေသေးတဲ့သူတွေလည်း ဒုနဲ့ဒေးပါ၊ လုပ်လိုက်ပျက်လိုက်လူတွေ လည်းရှိကောင်းရှိမပေါ့၊

ဘယ်လိုပဲဖြစ်ဖြစ်ပါ… ကိုယ့်ဘ၀ကောင်းကျိုးအတွက်ကိုယ့်မှာသာတာဝန်ရှိသလို၊ ကိုယ့်လမ်းကိုယ် လျှောက်နေရတဲ့ လူဘ၀ထဲမှာနေ နေရသူတွေအားလုံး အဆင်ပြေချောမွေ့စွာ ဘ၀ခရီး၊ အနာဂတ် ခရီး၊ သံသရာခရီး စတဲ့ ခရီးပေါင်းများစွာအတွက် ကြိုးစားရုန်းကန်နိုင်သမျှ အားလုံးက တတ်နိုင် သလောက်လုပ်တော့ လုပ်နေကြမှာပါပဲ… ကျွန်မလည်း ဒီလမ်းအတိုင်းလုပ်ဆောင်ရင်း ဘ၀အမော တွေကို ရုန်းကန်ကျော်လွှားနိုင်ဖို့ အားတင်းရင်း…..

( ဘ၀မှာ ပျော်ရွှင်မှုနဲ့အတိပြည့်စုံသူများ၊ ၀မ်းနည်းသောကဖြစ်နေတတ်သူများအားလုံးအတွက်)

 

 

   Webradio