• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မန္တလာမြေကငွေကြယ်ပွင့်လေးများ

(GMT+08:00) 2012-06-08 11:35:25

                                  

ညီမလေးတစ်ယောက်ရဲ့ ဂျီတော့ခ်စီအမ်လေးမှာ ဖတ်လိုက်ရတာကတော့ သူငယ်ချင်းမ ဆွေနဲ့မဝေ ဒေါက်တာဘွဲ့ကို အောင်မြင်စွာဆွတ်ခူးသွားနိုင်ခဲ့ပြီမို့ ဝမ်းသာဂုဏ်ယူကြောင်း ရေးထားတာလေးကို တွေ့တာနဲ့အားမာန်လည်း ဝမ်းသာပီတိဖြစ်မိရပါတယ်။ ဒါကြောင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကို ဖုန်းနဲ့မက်ချေ့ပို့လိုက်ပါတော့တယ်။

ကိုယ့်ပြည်ကိုယ့်ရွာဖြစ်တဲ့ မန္တလာမြေက ငွေကြယ်ပွင့်လေးတွေကတော့ နိုင်ငံဂုဏ်၊မျိုးရိုးဂုဏ်ကို တက်အောင်လုပ် ပေးနိုင်ခဲ့ကြပါပြီ။ အဲလိုလုပ်ပေးနို်င်ခဲ့တဲ့သူတွေကတော့ မန္တလာမြေက မောင်နှမ တစ်စုဖြစ်ပါတယ်။ သူတို့လေးတွေက Min Zu တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်မှာ ပါရဂူဘွဲ့ဆွတ်ခူး နိုင်ခဲ့တဲ့ မခင်ဆွေဆွေဝင်းနဲ့ မဝေသီဖြစ်ပြီး၊ မဟာဘွဲ့ကို ဆွတ်ခူးရယူခဲ့သူကတော့မောင်ထိုက်လွင်ကို တို့ပဲဖြစ်ပါတယ်။ သူတို့လေးတွေက အင်မတန်မှ ခက်ခဲရှုပ် ထွေးလွန်းပါတယ်လို့ နာမည်ကြီးတဲ့ တရုတ်စာ၊တရုတ်ဘာသာစကားနဲ့ ဒီလိုဘွဲ့ထူး၊ဂုဏ်ထူးတွေ အရယူနိုင်ခဲ့တာကို မချီးကျူးဘဲ မနေ နိုင်တော့ပါဘူး။

တစ်တိုင်းတစ်ပြည်မှာ အခက်အခဲများစွာကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ သူတို့လေးတွေရဲ့ ၀ိရိယ စွမ်းအား၊ ကြိုးစာအားထုတ်မှုတွေဟာ မျိုးဆက်သစ်လူငယ်လေးတွေ အားကျအတုယူဖို့ကောင်း သလို၊ လူကြီးတွေအနေနဲ့လည်း မုဒိတာပွားကျေနပ်စရာပါ။ 

                            

မန္တလေးသူလေးဖြစ်ပြီး မြန်မာစစ်စစ်ဖြစ်တဲ့ ညီမလေးဆွေက မန္တလေးမြို့မှာ တရုတ်စာပေနဲ့ ပတ်သတ်ပြီး ပထမဆုံး ပါရဂူဘွဲ့ကို အောင်ပန်းဆင်နိုင်ခဲ့သူပဲဖြစ်ပါတယ်။ သူက မန္တလေးမြို့ရဲ့ Fu Qing ကွန်ဖျူးရှပ်တရုတ်စာသင်ကျောင်း ကတရုတ်စာ၊တရုတ်ဘာသာစကားပြန့်ပွားရေးအတွက် စွမ်ဆောင်နေသူလေးဖြစ်ပါတယ်။ မဟာဘွဲ့ကို အောင်ပန်း ဆင်ခဲ့ပြီးဖြစ်ပေမယ့် ပညာနို့ရည် ဆက် လက် သောက်သုံးချင်နေသေးတဲ့ မောင်ထိုက်လွင်ကိုကတော့ ပါရဂူဘွဲ့ကို ဆက်ပြီး အရယူဦးမယ့်သူ တစ်ဦးပါ။ သူကလည်း မြန်မာလူမျိုးစစ်စစ်တစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်ဖွားတရုတ်မလေး ဝေသီက Min De ဗုဒ္ဓဘာသာတရုတ်စာသင်ကျောင်းကနေလာပြီး တရုတ်ပြည်ရဲ့ မြို့တော်ပီကင်းမြို့ရှိ Min Zu Da Xue က ပါရဂူဘွဲ့ကိုအရဆွတ်ခူးနိုင်ခဲ့သူလေးပါ။

မြန်မာ့ဂုဏ်ဆောင် မန်းသူမန်းသားများရဲ့ မြင့်မားတဲ့အောင်မြင်မှုတွေကို ကျေနပ်အားရ၀မ်းသာစွာ ဂုဏ်ယူရင်း……….

 

   Webradio