• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး အကြောင်း

(GMT+08:00) 2012-06-01 17:18:47
 

                      

 (←click here to listen) ကျွန်မအမြင်၊ ကျွန်တော့်အတွေးအစီအစဉ်လေးကို ကလစ်လေး တစ်ချက် နှိပ်ရုံနဲ့ နားဆင်လို့ရပါပြီ။

မေအားမာန်- သောတရှင်များအားလုံး ကာယ၊စိတ္တသုခနှစ်ဖြာနဲ့ပြည့်စုံကြပါစေကြောင်း ကျွန်မ မေအားမာန်က ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ။

မေ- ဇွန်လ ငါးရက်နေ့က ဘာနေ့လဲ သိလားရှင်။

ဦး- သိပ်သိတာပေါ့ဗျာ။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မဟုတ်လားဗျ၊

မေ- ဟုတ်ပါတယ်ရှင်၊ ဒါဆို အားမာန်တို့ဒီတစ်ပတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အကြောင်း လေးတွေကို ပြောကြရရင်မကောင်းဘူးရှင်။

ဦး- သိပ်ကောင်းတဲ့အစီအစဉ်ပဲ ဗျာ။

မေ- ဟုတ်ကဲ့။အားမာန်တို့ အရင်အပတ်တွေကပြောခဲ့တဲ့အကြောင်းအရာလေးတွေ ကလည်း ဒီ အကြောင်းနဲ့ ဆက်စပ်နေတယ်ဆိုတော့၊ အားမာန်က နားဆင်အားပေးနေတဲ့ ကိုယ့်ပရိသတ်ကြီး ငြီးငွေ့သွားမှာကိုလည်း အရမ်းစိုးရိမ်မိတယ်ရှင်။ ဒါပေမဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကလည်းရောက်လာတော့မှာမို့ အားမာန်တို့လည်းတစ်ထောင့် တစ်နေရာကနေ လှုံဆော်မှုလေးတွေ ပေးချင်နေတဲ့စေတနာအရင်းခံနဲ့မို့ တင်ဆက်ပေး ချင်ဖြစ်ပါတယ်ဆိုတာ ကိုနားလည်ပေးပါနော်။

ဦး-ဟုတ်ပါတယ်ဗျာ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာက လူသားတိုင်းမှာတာဝန်ရှိတာဆိုတော့ လူသားထဲက လူတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း အခုလိုတာဝန်သိစွာ ပြောကြတာပဲဖြစ် ပါတယ်ဗျာ။

မေ- ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်ကတည်းက ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ်ခဲ့တာပါ။ အဲလိုသတ်မှတ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကိုပိုမိုအာရုံစိုက်လှုပ်ရှားလာစေဖို့ပဲဖြစ်တယ်လို့ အားမာန်ဖတ် ခဲ့ဖူးတယ်။ အဲဒိနေ့အတွက်သတ်မှတ်လိုက်တဲ့ဆောင်ပုဒ်က- သစ်တောများ(သို့မဟုတ်) သင်စောင့်ရှောက် ရမည့်သဘာဝရင်းမြစ်များ လို့သိထားပါတယ်။

ဦး-အခုလို သဘ၀ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာဘယ်သူတွေ အတွက်လည်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဆိုတာဘယ်သူတွေမှာတာဝန်ရှိလဲ၊ အဲမေးခွန်းလေးကို ကျွန်တော်လေ လှိုင်းကတစ်ဆင့် မေးလိုက်ပါရစေ။

မေ-ဟုတ်ကဲ့၊အားမာန်ဖြေပါရစေ၊ ကိုယ့်ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါ တယ်၊ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဘာလို့ဆောင်ရွက်သင့်လဲဆိုရင် အဓိက ကျန်းမာရေး၊ ပြီးတော့ မိသားစုဘ၀ပျော်ရွှင်စေရေး စတာတွေဖြစ်ပါတယ်။

ဦး-ဟုတ်ပါတယ်၊တကယ်လို့အဲလိုတွေ မထိန်းသိမ်းခဲ့ဘူးဆိုရင် ကိုယ်ပတ်ဝန်းကျင်မှာပြီးတော့ ပတ်ဝန်းကျင်ဆက်ဆံ ရေးတွေမှာဆိုးကျိုးတွေဖြစ်လာမှာပါ။

မေ- သိပ်မှန်ပါတယ်။ အရင်ဆုံးကိုယ့်မိသားစုကိုပဲ အရင်စဉ်းစားကြည့်လိုက်ပါ။အိမ်ထဲမှာ လေထု ညစ်ညမ်းစေနိုင်တဲ့၊ ခြင်ဆေးထွန်းတာတို့၊ဆေးလိပ်သောက်တာတို့ စတဲ့ အသေးအမွှားလေးလို့ ထင်ရတဲ့ကိစ္စရပ်လေးကလည်း ပတ်ဝန်းကျင်ကိုထိခိုက်ပါတယ်။ ပြီးတော့ ကိုယ့်အိမ်ရဲ့ ဘေးပတ် ပတ်လည်မှာ ရေဗွက်၊ရေစီးရေလာမကောင်းတဲ့မြောင်း စတာတွေရှိနေမယ်ဆိုရင်လည်း ရေထုညစ် ညမ်းမှုကိုဖြစ်စေတာပါပဲ။

ဦး- ပတ်ဝန်းကျင်ညစ်ညမ်းမှုက အမှိုက်တွေကို လက်လွတ်စပယ်ပစ်မယ်၊ပြီးတော့ တံတွေးတွေကို စည်းမရှိ၊ကမ်းမရှိထွေးမယ်၊ စက်မှုဇုန်တွေကထွက်လာတဲ့ လေထု၊ရေထု၊ မြေထုတွေကထွက်လာတဲ့ ညစ်ညမ်းမှုတွေအဲဒါတွေ အားလုံးက ပတ်ဝန်းကျင်ကို ညစ်ညမ်း စေတဲ့ အကြောင်းတွေပဲဗျာ။

မေ-ပြီးတော့ အားမာန်ထင်တာက ရာသီဥတုတွေ တဖြည်းဖြည်းပူပြင်းလာတာဟာလည်း သဘာဝ ပတ်ဝန်းကျင်ရဲ့ ဆိုးကျိုးတွေကြောင့်ဖြစ်လာတာပဲလေ။ သစ်ပင်၊သစ်တောတွေ ပြုန်းတီးခြင်းဟာ လည်းအတူတူပါပဲနော်။လူတော်တော်များများလုပ်နေတာလေး တချို့ကို ပြောချင်ပါသေးတယ်။ ဘာလဲဆိုတော့ ကိုယ့်နေတဲ့နေရာ၊ကိုယ့်ရှေ့မှာ ရှင်းလင်းသွားရင်ပြီး ရော သဘောထားကြပြီး မြစ်ထဲ ကိုအလွယ်တကူ ပလတ်စတစ်တွေ၊အိတ်ခွံတွေ၊ဗူးခွံတွေ အမျိုးမျိုးပစ်ချလိုက်ကြတယ်၊ သဘာဝ အတိုင်းစီးနေတဲ့မြစ်ရေတွေကတော့ သူ့ပေါ်ခုန်ဆင်း လာတဲ့ ပစ္စည်းပစ္စယတွေ အားလုံးကို သယ်ယူ သွားပေးပါတယ်။ လွှတ်ပစ်တဲ့သူက ပစ်ချလိုက်တော့ကော မြစ်ကြီးကဘာတတ်နိုင်မလဲနော်။ဒါပေမဲ့ သူမသယ်နိုင်တော့တဲ့ တစ်နေရာမှာ အဲအမှိုက်တွေကို စုပုံထားလိုက်တော့တာပါပဲ။ အဲလိုနဲ့ပဲ တစ် နေရာကနေ နေရာတော်တော်များများမှာ ပလတ်စတစ်ကျွန်းဆိုတာတွေ ဖြစ်လာကြတာပါ၊ ပတ်ဝန်း ကျင်မှာဆိုးကျိုးတွေတောက်လျှောက်ဖြစ်လာတယ်။ ဒါကြောင့် လူတိုင်းက သဘာဝပတ် ဝန်းကျင်ကို ထိန်းသိမ်းသင့်ပါတယ်။

ဦး- ပီကင်းမှာလည်း ဇွန်လ ငါးရက်နေ့မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို အဆို၊အကပွဲတွေ နဲ့ညပိုင်းမှာ ကျင်းပမယ်။ အဲလိုကျင်းပရတဲ့ရည်ရွယ်ချက်က လူ့အဖွဲ့ အစည်းကြီးတစ်ခုလုံး သန့်ရှင်း လတ်ဆတ်တဲ့အစားအစာတွေ ရွေးချယ်စားသုံးနိုင်ရေးနဲ့ အဲလိုစားသောက်နိုင်ဖို့ အသိပညာပေးခြင်း လည်းဖြစ်တယ်။ ၂၀ ရာစုနှစ်ဟာ မြစိမ်းရောင် ရာစုနှစ်ပဲဖြစ်တယ်။ မြစိမ်းရောင်ရာစုနှစ်ဆိုတာက အသက်ရှင်သန်ရေးနဲ့ကျန်းမာရေးဆိုတဲ့ အဓိပ္ပါယ်ကိုပေါ်လွင် စေတာပဲဖြစ်တယ်။

မေ-အဲဒိမြစိမ်းရောင်ရာစုနှစ်ထဲမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတစ်ရပ်အနေနဲ့ မြစိမ်းရောင် စားသုံး ရေးဆိုပြီး ပါသေးတယ် မဟုတ်လား။ အဲဒါကဘာလဲဆိုတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစား အော်ဂဲနစ်အစားအစာ သုံးစွဲရေးနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့အရာကို ပြန်လည် အသုံးပြုရေးနဲ့ စွမ်းအင်ကို ထိရောက်စွာအသုံးပြုရေးဆိုတဲ့ အချက်တွေပါတယ်လေ။ ပြောချင်တာတွေတော့ အများကြီးရှိပါ သေးတယ်။ ဒါပေမဲ့ အချိန်ကစေ့နေပြီမို့ ဒီမျှနဲ့ရပ်နား ခွင့်ပြုပါရှင်။ နားဆင်ပေးလို့ ကျေးဇူးတင်ပါတယ်။

 

 

 

   Webradio