• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သြော်…အမှိုက်… အမှိုက်…

(GMT+08:00) 2012-05-18 18:11:24

                            

လူ့လောကသဘာဝပတ်ဝန်းကျင်သာယာလှပစေဖို့ လူသားတိုင်းတာဝန်သိသိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျအသုံးပြု တ်ကြဖို့လိုပါလိမ့်မယ်။

ဖတ်ဖူးသမျှလေးကို ဝေမျှပေးချင်တာမို့ ဒီဘလော့ခ်လေးကို ရေးလိုက်မိတာပါ။

အမေရိကန်နိုင်ငံသား ဖိလစ်ဆိုသူက စွန့်ပစ်ပစ္စည်းတွေထဲက ဆင်းရဲတဲ့သူတွေအတွက်ဆိုပြီး အိမ် ကောင်းကောင်းလေးတွေကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တည်းက ဆောက်လုပ်ခဲ့ပါတယ်တဲ့၊ ဒါကြောင့် ၂၀၀၂ခုနှစ်မှာ သာမန်အလုပ်သမားလေးတစ်ယောက်ဟာ စတုရန်းကီလိုမီတာ ၂၀၀ ကျော်ကျယ်ဝန်းတဲ့ အိမ်တစ်လုံးကို ဈေးသက်သက်သာသာနဲ့ ၀ယ်နိုင်ပြီးနေထိုင်နိုင်ခဲ့ပါတယ်၊ အဲဒိအိမ်ရာက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက မသုံးတော့ဘဲ ပစ်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်အသုံးချပြီး တည်ဆောက်ခဲ့တယ်။ဒီလုပ်ရပ်လေးဟာ သုံးဦးသုံးဖလှယ် အဆင်ပြေစေခဲ့ပါတယ်၊

နောက်ပြီးတော့စွန့်ပစ်ပစ္စည်းတွေနဲ့ဆောက်ထားတာမို့ အထင်တော့မသေးလိုက်ပါနဲ့၊ စေတနာပါ ထည့်ပြီးဆောက်ထားတဲ့ လုံးချင်းအိမ်ရာလေးမို့ လူတိုင်းလိုလိုက စိတ်ဝင်စားနေကြပါတယ်တဲ့လေ။

နောက်တစ်ခုကတော့အထိမ်းအမှတ် မှတ်တိုင်လေးတစ်ခုပါ၊ အဲဒါကတော့ အီတလီနိုင်ငံ၊ ဖေလာအိုမြို့မှာပါ၊ အဲဒိတိုင်လေးကို ခရီးသွားများစွန့်ပစ်လိုက်တဲ့ ပုလင်းတွေ၊ဗူးခွံတွေကိုပြန်လည် အသုံးပြုပြီး ဆောက်လုပ်ထားတာပါ၊ အဲဒိတိုင်ပေါ်မှာလည်း " လောကသဘာဝပတ်ဝန်းကျင် သာယာလှပစေဖို့ ငါတို့အားလုံးထိန်းသိမ်းကာကွယ်ကြပါစို့" ဆိုပြီးရေးထားတယ်၊ ပြီးတော့ အခု ဆောက်ထားတဲ့ဒီတိုင်လေးဟာ အမှိုက်ပင်လယ်ပြင်ကနေဆယ်ယူထားတာတွေကို ပြန်လည်အသုံး ပြုထားခြင်းပဲ ဖြစ်တယ်လို့လည်း ရေးထားသေးတယ်တဲ့။

ကလေးတွေ အကြိုက်တွေ့စေမယ့် ကစားကွင်းတစ်ခုလုံးကိုလည်း စွန့်ပစ်ပစ္စည်းတွေထဲကရလာတဲ့ အမှိုက်တွေနဲ့ပဲ ဆောက်လုပ်ထားပါသေးတယ်။အဲဒိကစားကွင်းကတော့ အမေရိကန်နိုင်ငံ Florida ပြည်နယ်မှာရှိပါတယ်။ ဒီကစားကွင်းလေးဟာကလေးတွေအတွက်ပျော်ရွှင်မှုပေးနိုင်တဲ့ နေရာလေး တစ်နေရာဖြစ်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအတွက်လည်း အလွန်တန်ဖိုးရှိသွားစေ တာမို့ အားလုံးက ကျေနပ်ပျော်ရွှင်နေကြပါတယ်တဲ့။

ဒါကြောင့် လူသားတိုင်းဟာ တာဝန်ကျေကျေနဲ့ အမှိုက်တွေကို စွန့်ပစ်ကြပြီး၊ စနစ်တကျပြန်လည် အသုံးချတတ်တယ်ဆိုရင်လည်း အမှိုက်ထဲကရွှေ ဖြစ်နိုင်ကြမှာပါ၊ အဲသလိုလူတိုင်း လူတိုင်းက လိုက်နာဆောင်ရွက်ကြပြီး သာယာလှပပျော်ရွှင်မှုတွေနဲ့ပြည့်စုံတဲ့သဘာဝလောကကြီးကိုအကောင်း ဆုံးတည်ဆောက်သွားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း………….

   Webradio