• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သူငယ်ချင်းပေါင်းများစွာအတွက်

(GMT+08:00) 2012-05-11 13:33:59

 (←click here to listen)ကျွန်မအမြင်၊ ကျွန်တော့်အတွေးအစီအစဉ်လေးကို ကလစ်လေး တစ်ချက် နှိပ်ရုံနဲ့ နားဆင်လို့ရပါပြီ။

 

မေအားမာန်- အားမာန်ချစ်ရတဲ့ သောတရှင်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ လို့ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းလေးပါခင်ဗျာ။

မေ- ဟုတ်ကဲ့၊အခုလိုအချိန်ခါလေးဟာဖြင့် အားမာန်တို့ အစီအစဉ်လေးကို တင်ဆက်ပေးရ မယ့် အချိန်လေးပဲ မဟုတ်လား ဦးခင်မောင်ဝင်း ရေ။

ဦး- ဟုတ်ပါတယ်ခင်ဗျာ။ အခုတစ်ပတ်ကိုကော ဘာအကြောင်းတွေ ပြောဖို့ စိတ်ကူးထားပြီးပြီလဲဗျာ

မေ- ဟုတ်တယ်၊ အဲဒါကို အားမာန်လည်း ပြောချင်နေတာလေ။ အခုတစ်ပတ်မှာ လူတိုင်းလူ တိုင်းမှာ ရှိတတ်တယ်လေ။ အဲဒိအကြောင်းလေး ပြောကြရင်မကောင်းဘူးလားရှင်။

ဦး- ဟင် အားမာန်ကလည်း ပဟေဠိဖွက်နေပြန်ပြီ၊ ဘာရှိတာလဲ၊ ဘာအကြောင်းလဲဗျာ။ ပြောပြမှ သိမှပေါ့။ မဟုတ်ဘူးလားဗျာ။

မေ- ဟိ ဟိ ဟုတ်တယ်ရှင့်၊ အာမာန်ကလေ တစ်ခါတစ်ခါ ပဟေဠိဖွက်တာကို သဘောကျ တယ်။ အားမာန်ကို ပဟေဠိဖွက်ရင်လည်း သိပ်ဖြေချင်တာ။ ပြီးတော့ မှန်သွားရင် သိပ်ပျော် တယ်။ မှားသွား တဲ့အခါမှာတော့ ဟိဟိ ပြောတော့ဘူးနော်။

ဦး- အင်း၊ ဒါဆို ကျွန်တော်ပြောမယ်ဗျာ၊ လူတိုင်းမှာ ရှိတတ်တာတွေက အများသားလားဗျာ။ နည်း နည်းတော့ နိမိတ်ပြေးစကားလေး ပြောပေးဦးလေဗျာ။  

မေ- အိုကေ၊ အဲဒါမျိုးကတော့ ရတယ်လေ၊ အားမာန်ဆိုလိုချင်တဲ့သဘောက အရာဝတ္တု ပစ္စည်း မဟုတ်ဘူး၊ အသက်ရှိတယ် ရှင်။ ဟိ ဒီလောက်ဆို စဉ်းစားလို့ ရပြီထင်ပါရဲ့လေ။

ဦး- ဟား ဟား၊ သိပ်ရတာပေါ့ဗျာ။ ကျွန်တော်သိပြီဗျ၊ အခု ပြောမယ့်အကြောင်းက သူငယ် ချင်း အကြောင်းပဲဖြစ်ရမယ်၊

မေ- သိပ်တော်တာပဲနော်။ ဒါကြောင့်မို့လို့လည်း သောတရှင်တို့ရဲ့ အသည်းစွဲ ဖြစ်နေတာပေါ့နော်။

ဦး- သိပ်လည်း မမြှောက်နဲ့ဦး။ တော်ကြာ မြောက်တတ်သွားလို့ အစီအစဉ်မှာ မေအားမာန် တစ်ယောက်တည်း ဖြစ်နေဦးမယ်နော်။

မေ- အို၊ ဒီလိုတော့လည်း ဘယ်ရမလဲရှင်။ အားမာန်က ဦးခင်မောင်ဝင်း မြောက်မသွားခင် တည်းက လှမ်းဆွဲထားလိုက်မှာပေါ့၊ ဟုတ်ကဲ့၊ဒါဆို ဒီတစ်ပတ် အားမာန်တို့တွေအားလုံးမှာ ရှိကြတဲ့သူငယ်ချင်း ဆိုတဲ့အကြောင်းကို ပြောကြပါစို့ရှင်။

ဦး- ကောင်းလိုက်တဲ့ အကြောင်းအရာလေးပါပဲဗျာ။

မေ- ဟုတ်ကဲ့၊ ဒါဆို အားမာန် ဦးခင်မောင်ဝင်းနဲ့ ချစ်ရတဲ့သောတရှင်တွေကို မေးခွန်းလေး တစ်ခု မေးချင်ပါတယ်။ သူငယ်ချင်းနဲ့ မိတ်ဆွေ ဘယ်လိုခွဲမလဲ လို့ သိချင်ပါတယ်။ အခု ဦးခင်မောင်ဝင်း ကတော့ လေလှိုင်းကနေ ဖြေပေးမယ်၊သောတရှင်တို့ကတော့ အားမာန်ဆီ ကို စာ လေး ရေးပြီး ဖြေ ပေးဖို့ အားမာန် အနူးအညွတ်တောင်းဆိုလိုက်ပါတယ်ရှင်။

ဦး- ဟုတ်ကဲ့၊ ကျွန်တော်ဖြေပါမယ်။ သူငယ်ချင်းဆိုတာကတော့ ငယ်ငယ်လေးကတည်းက လူကြီး ပိုင်းမရောက်ခင်ထိ ပေါင်းသင်းခဲ့တဲ့ အဖော်အပေါင်းပေါ့ဗျာ။ မိတ်ဆွေဆိုတာက တော့ အသက်လေး ရလာတော့မှ ခင်ခင်မင်မင်ပေါင်းသင်းတဲ့ အဖော်ပေါ့။

မေ- ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင်။ အားမာန်တို့ကို ချစ်တဲ့ သောတရှင်တွေကလည်း အားမာန် တို့ဆီ စာလေးတွေရေးပြီး ဖြေပေးကြမယ်လို့ ယုံကြည်မိပါတယ်၊ ဟုတ်တယ် မဟုတ်လား၊ သောတရှင်တို့ရေ၊ အားမာန်လေ သောတရှင်တို့ရဲ့ စာကို အရမ်း မျှော်နေတယ် ဆိုတာကို တော့ နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။

ဦး- ဟုတ်တယ်ဗျာ၊ ကျွန်တော်တို့ကလေ သောတရှင်တွေဆီက စာလွှာလေးတွေ ရတာဟာ အားဆေးထက် ပိုအစွမ်းထက်တဲ့ စာလေးတွေ ဖြစ်ပါတယ်ဗျာ။

မေ- ဟုတ်ကဲ့ပါရှင်။ လူရယ်လို့ ဖြစ်လာကြပြီဆိုရင် ကိုယ့်မိသားစုပြီးရင် တန်ဖိုးအထားရဆုံး သူက သူငယ်ချင်းပဲ မဟုတ်လား၊ ဒါကြောင့် ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှယောက်လောက် ရှိမလဲလို့ လက်ချိုးရေတွက်ကြည့်ဖူးလားရှင်။ အား မာန်တော့ ရေ ဖူးတယ် ရှင်၊ လက်ချောင်းတွေမလောက်လို့၊ ခြေချောင်းလေးတွေပါ၊ ငှားရ သေးတယ်လေ။ အဲဒါလည်း မလောက်ပြန်ဘူးလေ၊ ဟိ ဒါဆို သောတရှင်တို့ရေ၊ အားမာန်မှာ စိတ်တူကိုယ်တူပေါင်းတဲ့ သူငယ်ချင်းတွေဘယ်လောက်များလဲ ဆိုတာ သိရောပေါ့နော်။ သောတရှင်တို့ရော အဲလိုပဲ မဟုတ်လားရှင်။

ဦး- ဟုတ်တယ်။ ကျွန်တော်လည်း ငယ်တည်းက စိတ်တူကိုယ်တူပေါင်းတဲ့ သူငယ်ချင်းတွေ ကို အခု ထိမေ့လို့မရသေးဘူးလေ။ အခြေအနေအရ ဝေးကွာနေကြတယ်ဆိုပေမဲ့လည်း တိုက်ဆိုင်မှုတွေရှိခဲ့ ရင်ပဲဖြစ်ဖြစ်၊အိပ်မက်ထဲမှာပဲဖြစ်ဖြစ် မကြာမကြာ သတိတွေရနေတတ် တယ်။

မေ- ဟုတ်တာပေါ့ရှင်။ အားမာန်ပြောချင်တဲ့ သူငယ်ချင်းတွေအကြောင်းက အများကြီးရှိ တယ်ရှင်။ ငယ်တုန်းကပေါင်းခဲ့တဲ့ သူငယ်ချင်းလေး သိဂီင်္လင်းအကြောင်းစပြောမယ်၊ သူက မျက်လုံးပြူးပြူးဝိုင်း ၀ိုင်းလေး၊အရပ်ရှည်ရှည်ပိန်ပိန်၊ သဘောလည်းသိပ်ကောင်းတယ်။ ပြီး တော့ အထက်တန်းလောက် မှာသူနဲ့ကွဲသွားတယ်။ တက္ကသိုလ်မှာ ပြန်ဆုံတယ်။ ထူးဆန်း တယ်။ သိပ်မပေါင်းဖြစ်တော့ဘူး၊ဒါပေမဲ့ရင်ထဲမှာကိုယ်စီသတိရနေတယ် ဆိုတာ မျက်လုံး တွေက တစ်ဆင့်သိနေတယ်။ ပြီးတော့ သူနဲ့ အားမာန်နဲ့ တူတဲ့တစ်ချက်ရှိတယ်။ အဲဒါက တော့ နှစ်ယောက်လုံး အိမ်ထောင်မပြုကြဘူး၊ မိဘကို ရိုသေမြတ်နိုးထားတယ်။ သူမေမေနဲ့ အားမာန်မေမေကလေ တိုက်တိုက်ဆိုင်ဆိုင် တစ်လလောက်ပဲ ကွာတယ်။ အားမာန်မေမေ အရင်ဆုံးတယ်လေ။ သူကမိခင်ကြီးကို ပြုစုတဲ့နေရာမှာ စံပြုထိုက်တယ်။ ဘာလို့ဆိုတော့ ဘွဲ့ရပြီးတည်းက မိခင်လူမမာကြီးကို ပြုစုနေတာ၊သူ့ဘ၀အတွက်ဘာမှမလုပ်တော့ ဘူး လေ။ အခုတော့ သူဘာတွေများလုပ်နေပါလဲ ဆိုပြီးသတိရနေတတ်တယ်။နောက်တစ် ယောက်ကတော့ တက္ကသိုလ်စတတ်တဲ့အချိန်မှာတွေ့တာပါ။ သူ့နာမည်က မနှင်းချိုတဲ့၊ နာမည်လေးက ရိုးရိုးလေးနဲ့ ဆန်းနေတယ်နော်။ သူကညိုချောလေးပေါ့။ အရပ်ကလည်း မြင့်မြင့်၊ခန္ဓာ ကိုယ်အချိုးအစားကလည်းသိပ်လှတယ်၊ သိပ်ခင်တယ်၊ ဘယ်တော့မှ မခွဲတော့ ဘူးလို့လည်း နှစ် ယောက်အတူတူကတိတွေ ပေးခဲ့ဖူးကြတယ်။ (ရူးသွပ်ခဲ့ခြင်းတွေပေါ့)၊ ဒါကလည်း အခုမှ ပြန်စဉ်းစားမိ တာပါ။ ဟိုးတုန်းကတော့ ကိုယ့်ကိုယ်ကိုယ် သိပ်ဟုတ်နေ တာလို့ပဲ ထင်နေတာပေါ့နော်။ပြီးတော့ သူကပဲစခွဲသွားတယ်။ အိမ်ထောင်ပြု လိုက်တယ်။ အားမာန် အစကတော့ ၀မ်းနည်းတယ်။ နောက်တော့ ဒါကလည်းသဘာဝကျပါတယ်ဆိုပြီး နားလည်လိုက်တယ်။ ဘွဲရပြီးတော့ သူနဲ့ ကွဲသွား လိုက်၊ပြန်တွေ့လိုက်နဲ့ အဲလိုနေလာရာက နေ၊ ကံတရားကတော်တော်ထူးဆန်းတယ်နော်။ သူက လည်းအခုထိ မိခင်အိုကြီးကိုပြုစုခွင့် ရနေသေးတယ်။ သူက အားမာန်တို့ထက် ပိုကံကောင်းတယ်လို့ ဆိုရမလားပဲနော်။ ဟုတ်ကဲ့ နောက်တစ်ယောက်ကတော့ အားမာန်ဘွဲ့ရရချင်းလုပ်ငန်းခွင်ဝင်တော့ မထင်မှတ်ဘဲ ခင်မင် ခဲ့ရတဲ့သူငယ်ချင်းပါ၊ သူက ယုယုလှိုင်တဲ့။သူ့အသားက ဖြူပြီးဝင်းညက်နေတာပဲ။ အရပ်က လည်း အရှည်ကြီး၊သူကလေ သဘောကောင်းလွန်းလို့ ခက်နေတာပေါ၊ အားမာန်နဲ့သူက သဘောကောင်း တာချင်းပြိုင်မယ် ဆိုရင် အားမာန်ကတောင် တစ်ခါတစ်ခါအရှုံးပေးရ တယ်၊ အဲလောက်သဘော ကောင်းတယ်။ အခုထိလည်း အားမာန်တို့နေ့တိုင်းအဆက် အသွယ်ရှိတယ်။ အားမာန်လိုတာကိုသာပြောသူအတတ်နိုင်ဆုံးဖြစ်အောင် ကူညီပေးနေ တယ်။ သူရဲ့ထူးဆန်းတဲ့အချက်လေးတစ်ချက်ကိုပြော ဦးမယ်၊သူကိုလေကျေးဇူးတင်ပါတယ် လို့ ပြောရင်လည်း မကြိုက်ပြန်ဘူး။နောက်တစ်ယောက်ကတော့ အားမာန် Mastar တက်တုန်းက အားမာန်ကို အစစအရာရာကူညီပေး ခဲ့တဲ့သူငယ်ချင်းပါ။ သူ့နာမည်က မျိုးမာလာပါ၊ အခုသူက ရေနံချောင်းမှာ တာဝန်ထမ်းဆောင်နေပါ တယ်။ အားမာန်ရဲ့ ဆရာနဲ့တူတဲ့သူငယ်ချင်းပါ။

ဦး- ဒါနဲ့ အားမာန်က မိန်းကလေးသူငယ်ချင်းတွေအကြောင်းပဲပြောနေတယ်၊ ယောကျာ်းလေးသူငယ်ချင်း ကောရှိမှာပေါ့။ သူတို့အကြောင်းကောသောတရှင်တွေ သိရအောင်ပြောပါဦး။

မေ- ဟုတ်ကဲ့၊ အားမာန်က ယောကျာ်းရယ်၊မိန်းမရယ် မဟုတ်ပါဘူး၊ကံပါလို့ တွေ့ဆုံခွင့် ရတဲ့ သူတွေ အားလုံးကို သူငယ်ချင်းလို ခင်မင်တတ်ပါတယ်။ ဟုတ်ကဲ့၊ယောကျာ်းလေး သူငယ် ချင်းတွေထဲက တစ်ယောက်ပေါ့၊ သူက ပေါက်စီလို့ ခေါ်ပါတယ်။ သူကလည်း အရမ်း တော် တယ်။ စိတ်သဘောထား ဖြူစင်တယ်။ ဒါပေမဲ့မဟုတ်ရင်တော့မခံတတ်ဘူး။ သူငယ်ချင်း တွေရဲ့စိတ်တွေကိုသိနေတယ်။ ဒါပေ မဲ့ဖွင့်ပြောလေ့မရှိဘူး။ သိပ်ပြိးမျိုသိပ်နိုင်တယ်။ သူလိုပဲ အားမာန်သူငယ်ချင်းထဲက တစ်ယောက်လေ အားမာန်တို့အုပ်စုတူတယ်ပေါ။ အဲဒိအုပ်စုထဲ က သူတို့ နှစ်ယောက်က သူတို့ရဲ့ အတွင်းစိတ်တွေကို တခြားသူမြင်အောင်သိပ်ပြလေ့မရှိ ဘူး။ သူက အခုစင်္ကာပူမှာပါ။ သူလည်းမိဘနှစ်ပါးကို လုပ်ကျွေး နေတဲ့သူပါ။ သူ့နာမည်က တော့ ဖြူလေးလို့ ခေါ်ပါတယ်။အားမာန်မေမေက အားမာန်ကိုပြောဖူးတယ်။ အပတ်တိုင်းမှာ ထွက်ဖို့အကြောင်းက ဖန်လာတယ်။ ဘယ်အဖွဲ့လဲလို့သာမေး မေမေ့သမီးကတော့ ပါပြီးသာ ပဲတဲ့လေ။ ဟုတ်တယ်လေ။ ဦးခင်မောင်ဝင်း ရယ်။ အားမာန်က ဟိုးငယ်လေးတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေနဲ့တွေ့ရင် ငယ်ပေါင်းအုပ်စုနဲ့သွားလိုက်တယ်၊ ကျောင်းတက် တုန်းက သူငယ်ချင်းတွေနဲ့ ဆုံရင်လည်းအဲအုပ်စုနဲ့ပေါ့၊ ပြီးတော့ အလုပ်ထဲကသူငယ်ချင်းနဲ့ တွေ့ပြန်ရင်လည်း သူတို့နဲ့သွားလိုက်ရတယ်လေ။ ပြီးတော့အခုမှ တွေ့ဖူးတဲ့သူငယ်ချင်းဆို လည်း အခုမှတွေ့လို့ မိတ်ဖြစ်ဆွေဖြစ်ဆိုတာမျိုးနဲ့ သွားဖြစ်တာမျိုးတွေပေါ့နော်။ တစ်ခါတ လေကိုယ်က ဘယ်မှမသွားတော့ဘူးလို့ ထင်ထားပေမဲ့ ရုတ်တရက်ပေါ်လာတတ်တာတွေ ရှိပြန်တော့ ထွက်လိုက်ရပြန်ရောလေ။

ဦး- ဟုတ်တယ်။ ကောင်တယ်။ဘာလို့ဆိုတော့ သူငယ်ချင်းများတော့လည်း ကိုယ်လိုတာကို သူ့ဆီ ကအကူအညီယူ၊ သူလိုတာလေးတွေကိုလည်း ကိုယ်ကပေးကြနဲ့ ဒီလိုလုပ်ကြရတာ ဟာလည်းတော် တော်ကို ကောင်းတဲ့ကိစ္စတစ်ခုပဲမဟုတ်လားဗျာ။

မေ- ဟုတ်တာပေါ့ရှင်။ အခုဆိုရင်အမြဲတမ်းဆက်သွယ်နေနိုင်တဲ့သူငယ်ချင်းရှိသလို၊ အမြဲ တမ်း မဆက်သွယ်နိုင်တော့တဲ့သူငယ်ချင်းတွေလည်းရှိနေတတ်တယ်မဟုတ်လား။ အဲလို မဆက်သွယ် ပေမဲ့လည်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ အချိန်ရ လာတာ နဲ့အမျှဟောင်းသွား တတ်ပေမဲ့လည်း၊ ခင်မင်ရင်းနှီးမှုဆိုတာက နည်းနည်းလေးမှလျော့သွား တာမျိုးမရှိနိုင်ပါဘူးလေ။ ဒါကြောင့် ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူသူငယ်ချင်းကောင်းဘယ် လောက်ရှိနိုင်မလဲ၊ ရှိနေတဲ့ သူငယ်ချင်းတွေတိုင်းကို တန်ဖိုးထားမြတ်နိုးတတ်ပါစေလို့ ပြော ရင်း နဲ့ အချိန်စေ့သွားပြန်တာမို့ အခုတစ်ပတ်အစီအစဉ်လေးကို ဒီမျှနဲ့ရပ်နားခွင့်ပြုပါနော်။

သောတရှင်များအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။ 

   Webradio