• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေမေရေ

(GMT+08:00) 2012-05-11 12:52:21

လပေါင်းများစွာတိုင် ကိုယ်ရဲ့ဝမ်းတွင်းမှာ ဆင်းရဲခြင်းများစွာကိုခံစားပြီး လွယ်ထားရပေ မဲ့လည်း ဆင်းရဲခြင်းရယ်လို့ မြူမှုန်လေးတစ်မှုန်စာလောက်တောင် စိတ်ကူးထဲမထည့်ခဲ့တာ ကျွန်မတို့တွေရဲ့ မေမေပဲဖြစ်ပါတယ်။

စပ်၊ဖန်၊ပူ စတဲ့ ရသာပေါင်းစုံကိုလည်း စားချင်နေရက်နဲ့ ၀မ်းထဲကသန္ဓေသားလေး အနေ ခက်မှာ စိုးရိမ်ပူပန်ပြီး မစားဘဲနေနိုင်ခဲ့တာလည်း ကျွန်မတို့ရဲ့ မေမေပဲပေါ့။

မမြင်ရခင်တည်းက မေတ္တာတရားကြီးမားစွာနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို မမောနိုင်မပန်းနိုင် တလှုပ် လှုပ်နဲ့ လုပ်ကိုင်ခဲ့တာဟာ နှိုင်းဆလို့မရတဲ့ မေမေရဲ့ ဖြူစင်အေးမြလွန်းတဲ့ မေတ္တာ စစ်ကိုဘယ်သူ့ဆီ ကမှရနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။

သေမင်းကိုအံတုပြီး မွေးဖွားပေးခဲ့ရပေမဲ့ တစ်စက်လေးမှနောင်တမရခဲ့တဲ့ သူကလည်း ကျွန်မတို့ရဲ့ အနှိုင်းမဲ့ မေမေပါပဲ။

ဝမ်းကကျွတ်ပြီဆိုပေမဲ့လည်း လူလားမြောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက်မှုတွေကို နေ့စဉ် မပြတ် တပြုံးပြုံးလုပ်ပဲလုပ်နိုင်ခဲ့တာလည်း မေမေပဲပေါ့။

ကိုယ့်ရင်သွေးဆီက ဘယ်ဟာလေး ရ ရကောင်းစေရယ်လို့ သူ့ဘ၀တစ်လျှောက်လုံး အ တွေးလေး တစ်ချက်တောင် မ၀င်ခဲ့တာဟာ ကျွန်မတို့ ချစ်မေမေပါ။

အသက်လေးရလာလို့ ဘာမှမလုပ်ပေးနိုင်တော့ပေမဲ့လည်း စိတ်ထဲမှာစိုးရိမ်ပူပန်နေပြီး သားသမီး မျက်နှာတွေကို ဖတ်တတ်တဲ့၊သိနားလည်နေတတ်တဲ့ သူက မေမေရယ် ပါ။

ကံတရားအရ ခံစားနေရတဲ့ ဝေဒနာပြင်းထန်ချိန်မှာတောင် အတတ်နိုင်ဆုံ မယိုင်မလဲရ လေအောင် ရောဂါဆိုးနဲ့စစ်ခင်းတိုက်ပွဲဝင်ခဲ့တဲ့ မေမေ ရေ..

နောက်ဆုံးထွက်သက်ထိ အေးဆေးတည်ငြိမ်စွာ ခေါင်းလေးတစ်ချက်ငဲ့၊ ချောင်းလေးတစ် ချက်ဟန့် ပြီး ကျွန်မတို့ကို နှုတ်ဆက်ကျောခိုင်းသွားခဲ့သူ မေမေ ရေ..

မေမေ့ကျေးဇူးတွေကို ဆပ်ချင်သေးပေမဲ့ ဆပ်ခွင့်ရယ်မရတော့တာမို့ မေမေ ဖြစ်စေချင်တဲ့ ဆန္ဒ တွေကို ကျွန်မတို့အသက်နဲ့ခန္ဓာမြဲနေသရွေ့ ဆက်လက်လုပ်ဆောင်ရင်း… မေမေဆီရောက်အောင် နေ့စဉ်ကောင်းမှုတွေပြုပြီး အမျှ ပေးဝေနေပါ့မယ် မေမေရယ်…..

                  တမလွန်ကမိခင်ကြီးအတွက် အမေများနေ့ အမှတ်တရ…လွမ်းမောစွာကန်တော့ခြင်း

 

   Webradio