• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းမှာ မြန်မာတို့ ပျော်ရွှင်စွာဆင်နွှဲခဲ့တဲ့ သင်္ကြန်ပွဲတော် အကြောင်း

(GMT+08:00) 2012-04-28 11:53:26

မေအားမာန်- အားမာန်ချစ်ရတဲ့ သောတရှင်များအားလုံး မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ပျော်ရွှင် ချမ်းမြေ့မှုအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း နှစ်သစ်နှစ်ဦးမင်္ဂလာနှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာနှစ်သစ်မှာ ကိုယ်စိတ်နှလုံးပျော်ရွှင်ကျန်းမာပါစေကြောင်း နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

မေ- ဟုတ်ကဲ့၊ မင်္ဂလာအလွန်ရှိတဲ့ နှုတ်ခွန်းဆက်ဆုတောင်းစကားလေးပါပဲရှင်။ ဒါဆို အားမာန်တို့ ဒီတစ်ပတ်အစီအစဉ်လေးမှာ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ကိုပီကင်းမြိုမှာရှိတဲ့ မြန်မာ ပြည်သားတွေ ဘယ်လိုဆင်နွှဲပြီး၊ဘယ်လောက်ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်ဆိုတဲ့ အကြောင်းလေး တွေကို သောတရှင်တွေ သိရအောင် ပြောကြရအောင်လားရှင်။

ဦး- ဟုတ်ကဲ့၊ဒါဆို ဒီနေ့အစီအစဉ်လေးကို စ လိုက်ကြရအောင်လားဗျာ။

မေ- ဟုတ်ကဲ့ပါရှင်။ဒါဆို အားမာန်က ပီကင်းရဲ့ မြန်မာ့အတာသင်္ကြန်အကြောင်းလေးတွေ ပြောရမှာ ဆိုတော့ အရင်ဆုံးဧပြီလ ၁၀ ရက်နေ့ကတည်းက သင်္ကြန်အကြိုအလှုဒါနလုပ်ခဲ့တဲ့ တရုတ်နိုင်ငံဆိုင် ရာမြန်မာသံမှုးကြီးဦးလှိုင်မြင့်ဦးနဲ့ဇနီးမမခင်လေးတို့ရဲ့ အိမ်မှာကျင်းပတဲ့ အလှုပွဲအကြောင်းကို အရင် ပြောရမယ်ရှင်။

အဲဒိအလှုနေ့က မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ပထမဆုံးနေ့ ဖြစ်ပေမဲ့ ပီကင်းမှာတော့ ပိတ်ရက် မဟုတ်ဘူးလေ။ ဒါကြောင့် အလှုချိန်ကို သတ်မှတ်ထားခြင်းမရှိဘဲ၊ ကိုယ်အဆင်ပြေတဲ့အချိန်လာခဲ့ ဖို့ဖိတ်လာတာဆိုတော့ အရမ်းဝမ်းသာသွားတယ်၊ ဘာလို့ဆိုတော့ ရုံးဆင်းမှ သွားလည်းရတယ်ဆို လို့ပေါ့။ အဲမှာဘာကျွေးလဲဆိုတော့ အားမာန်တို့အရမ်းလွမ်းနေ၊စားချင်နေတဲ့ မြန်မာ့အစားအစာ အမျိုးမျိုးကို အလှုရှင်ကအားရပါးရစားဖို့ အလျှံပယ်ကို တည်ခင်းဧည့်ခံတယ်လေ။ မုန့်ဟင်းခါး၊အုန်း နို့ခေါက်ဆွဲ၊ရွှေကြည်ဆနွင်းမကင်း၊ကောက်ညှင်းပေါင်းကိုအုန်းသီးနိုင်ခြင်းနဲ့ အို အစုံပါပဲ ဦးခင်မောင် ၀င်းရယ်။ ဒီမှာ ဓာတ်ပုံလေး ကြည့်ပါဦး။

ဦး- ဟုတ်တယ်ဗျာ၊ ကျွန်တော်တောင် မြန်မာပြည်ကို ပိုပိုလွမ်းလာသလိုပဲ။

မေ- ဟုတ်ကဲ့၊ ဦးခင်မောင်ဝင်း ဒီထက်မက ပိုလွမ်းရလေအောင် အားမာန် နောက်ထပ် ပြောစရာ တွေရှိသေးတယ်။ နောက်ထပ်လွမ်းဖို့ချန်ထားဦးနော်။အခုပြောချင်တဲ့ အကြောင်းလေးက အားမာန် တို့ပီကင်းသင်္ကြန်ကို ဧပြီလ ၁၅ ရက်(ဒုတိယသင်္ကြန်အကြတ်နေ့)လုပ်မယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်နော်။ အဲတော့ အားမာန်တို့က စနေနေ့တည်းက ပွဲအတွက်အားလုံးလုပ်ရ တော့တာပေါ့။ လုပ်မယ့်နေရာက ချင်ဟွာတက္ကသိုလ်ဆိုတော့ အဲကိုသွားရတယ်လေ။ ပြီးတော့ အဲ ကျောင်းမှာက ချက်ပြုတ်ဖို့ အစစအရာရာ လိုတယ်လေ။ ဒါကြောင့် အားမာန်က မီးဖိုယူဖို့ တာဝန်ကျ တယ်လေ။(ဟော့ပလိပ်) အားမာန်တစ်ယောက် အထုပ်ကြီးကို ဆွဲပြီး ချင်ဟွာတက္ကသိုလ်ကို နံနက် ၁၀ နာရီအရောက် သွားဖို့ အိမ်က မနက် ရှစ်ခွဲလောက်တည်းက မြေအောက်ရထားဆီ တက္ကစီးဌား စီး၊ ပြီးတော့ မြေအောက်ရထား နှစ်ဆင့်ပြောင်းစီး၊ ပြီးတော့ ချင်ဟွာတက္ကသိုလ်ရောက်အောင် နောက်ထပ် တက္ကစီတစ်ခါဌားပြီးတော့မှ ရောက်တာလေ၊

ဦး- ဟုတ်တယ်လေ၊ ချင်ဟွာက လိုင်း ၁၃ မှာရှိတာ ဆိုတော့၊အားမာန်တို့က လိုင်း ၁ ကနေ၊လိုင်း ၂ ကိုတစ် ခါပြောင်းစီးပြီး၊ အဲဒိလိုင်း ၂ ကနေ၊ လိုင်း ၁၃ ကို ပြောင်းစီးရတာ မဟုတ်လားဗျာ။

မေ- ဟုတ်တယ်၊ အဲကို ဆယ်နာရီကျော်ကျော် ရောက်သွားတယ်။ ရောက်တာနဲ့ ဈေးကိုပြေး၊ အားမာန်တို့ ဈေးသွားနေတုန်း၊ ကျန်တဲ့အဖွဲ့က လုပ်စရာရှိတာတွေ လုပ်နေကြတယ်။ အားမာန်တို့ ဈေးကပြန်လာတော့၊ အားမာန်ဦးဆောင်ပြီး လုပ်ကြရတယ်လေ။

အားမာန်တို့ စတုဒိသာကျွေးမှာတွေကိုလည်း ပြောပြဦးမယ်နော်။ မုန့်ဟင်းခါးကို လှုတဲ့ အလှု့ရှင်က ren min Da Xue မှာ မဟာဘွဲ့လာတက်နေတဲ့ ကိုဇော်ဇော်စိုးက လှုတာပါ၊ အဲလို မုန့်ဟင်းခါးလှုဖို့ ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးနော်။ ဘာလို့ဆိုတော့ ဦးခင်မောင်ဝင်းသိတဲ့ အတိုင်း ပီကင်းမှာက မြန်မာအစားအစာတွေ သိပ်ရှားတာနော်။ အဲဒါတွေကို မြန်မာပြည်ကနေ တကူးတကမှာပြီးတော့မှ လှုလို့ရတယ်လေ။ ပြီးတော့ အုန်းနို့ကျောက်ကျောနဲ့ တခြားမြန်မာမုန့်တွေ ကိုတော့ အားမာန်တို့မြန်မာပြည်သားတွေ စုပေါင်းလှုကြတာပါ။ ပြီးတော့ ဆီထမင်းလည်း ပါသေး တယ်။

ဦး- အော ဒါနဲ့၊ အဲနေ့က လာတဲ့ပရိသတ်တွေက မြန်မာတွေပဲလား။

မေ- မဟုတ်ပါဘူးရှင်။ ချင်ဟွာတက္ကသိုလ်ကဆရာ၊ဆရာမတွေ၊နို်င်ငံပေါင်းစုံကပည်ာတော်သင် ကျောင်းသူကျောင်းသားတွေလည်း ပါ ပါတယ်ရှင်။

ဦး- အဲပွဲရဲ့ဖျော်ဖြေရေးအစီအစဉ်အကြောင်းကော ပြောပါဦးဗျာ။

မေ- ဟုတ်ကဲ့။ ဖျော်ဖြေရေးလေးကလည်း မြိုင်မြိုင်ဆိုင်ဆိုင်လေးပါပဲ၊ မြန်မာပြည်သားတွေသာမက ပဲ နန်နင်းမြို့ကအလည်လာတဲ့ ဒုကောင်စစ်ဝန်တို့ မိသားစုကလည်း အဆို၊အကတွေနဲ့ ဖျော်ဖြေပေး တယ်။ပြီးတော့ မြန်မာပြည်ပြန်တရုတ်သမဂ္ဂဥက္ကဋ္ဌအမျိုးသမီးကြီးကလည်း မြန်မာသီချင်းတစ်ပုဒ်သီ ဆိုပေးတယ်။ ပြီးတော့ စီအာအိုင်ဝိုင်းတော်သားတွေကလည်း အားဖြည့်ထားသေးတယ်လေ။ အဲထဲ မှာ ဦးခင်မောင်ဝင်းရဲ့သားတော်မောင်က ကိုလင်းကြည်နဲ့အတူ တိုက်ကွမ်ဒို အကအလှနဲ့ ကပြဖျော် ဖြေပေးသလို၊မိုးသူဇာက မြန်မာပညာတော်သင်ကိုထိုက်လွင်ကိုနဲ့အတူစုံတွဲတေးတစ်ပုဒ်နဲ့လည်း သီဆိုဖျော်ဖြေပေးထားတယ်လေ။

အဲနေ့က စတုဒီသာဆိုတဲ့အတိုင်းပဲ ဦးခင်မောင်ဝင်းရေ၊ မုန့်ဟင်းခါးတွေ အားလုံးတက်တက်ပြောင် တယ်၊ အားမာန်တို့တောင် ပွဲပြီးတော့မှ နောက်တစ်အိုးထပ်ချက်စားရတယ်။

ဦး- ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း သာဓု အနုမောဒနာခေါ်ပါတယ်ဗျာ။

မေ- အားမာန်တို့တွေ အားလုံးပင်ပန်းကြပေမဲ့ မြန်မာပြည်ကို လွမ်းမောနေကြတဲ့ ကလေး၊လူကြီး အားလုံး ပျော်နေတာကို မြင်ရတော့ အမောတွေကနေ အပျော်တွေအဖြစ်ပြောင်းသွားပါတယ်ရှင်။

ဦး- ဟုတ်တာပေါ့ဗျာ။ အားလုံးအတွက် လုပ်ပေးရတာဆိုတာ ကိုယ်လည်း ကောင်းမှုလုပ်လိုက်တဲ့ သဘောပဲ မဟုတ်လားဗျာ။

မေ- ဟုတ်ပါတယ်ရှင်။ ပြီးတော့ နှစ်ဆန်းတစ်ရက်နေ့ကျတော့လည်း သံအမတ်ကြီးဦးတင်ဦးက ဦးဆောင်ပြီး စွယ်တော်မြတ်စေတီတော်မှာ အရုဏ်ဆွမ်းကပ်လှုတယ်၊လှုဖွယ်ပစ္စည်းတွေလည်း အများကြီးလှုတယ်။ ပြီးတော့ မုန်လုံးရေပေါ်၊ဆီထမင်း၊ရွှေရင်အေး၊သာကူစတဲ့ မြန်မာရိုးရာအစား အစာတွေကို စွယ်တော်မြတ်စေတီမှာ စတုဒိသာလှုဒါန်းဒါနပြုခဲ့သလို၊ ဇီဝိတဒါနငှက်ငယ်လေးတွေ ကိုလည်း ဘေးမဲ့လွှတ်ခဲ့ကြပါတယ်။ ပြီးတော့ လင်ကွန်းဘုန်းတော်ကြီးက သံအမတ်ကြီးနဲ့တကွ ဧည့်သည်တွေ အားလုံးကို နှစ်သစ်ကူးနေလယ်စာ ကျွေးပါသေးတယ်။

ဦး- အပြန်အလှန် ကုသိုလ်ယူ၊ဒါနပြုနေကြတာပေါ့ဗျာ။

မေ- ဟုတ်ပါတယ်။ အဲဒိနေ့လယ်စာ စားတဲ့ စားသောက်ဆိုင်ကြီးမှာလည်း စားရင်းသောက်ရင်း၊ အဆို၊အကတွေနဲ့ ဖျော်ဖြေပေးပါသေးတယ်။ အဲဆိုင်ကမန်နေဂျာကလည်း တရုတ်သီချင်းတစ်ပုဒ် ဖြစ်တဲ့ peng you ဆိုတဲ့ သီချင်းလေး တစ်ပုဒ်နဲ့ နှစ်သစ်ကူးလက်ဆောင်အဖြစ် သီဆိုပေးသွားပါ တယ်။

ဟုတ်ကဲ့။ ချစ်ရတဲ့ သောတရှင်တို့ရေ အားမာန်တို့တွေအားလုံးက အကြောင်းကြောင်းတွေကြောင့် ကိုယ့်ပြည်ကိုယ့်ရွာနဲ့ ဝေးကွာနေရပေမဲ့လည်း အားလုံးက ကိုယ့်ရိုးရာယဉ်ကျေးမှုကိုတမြတ်တနိုးနဲ့ ဖြစ်မြောက်အောင်မြင်အောင် တတ်စွမ်းနိုင်သလောက် လုပ်နေကြပါတယ်ဆိုတာကို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေကို အသိပေးတင်ဆက်ပေးလိုက်တာပါရှင်။ သောတရှင်များ ကြည်နူးပျော်ရွှင်နိုင် မယ်လို့ မျှော်လင့်မိပါတယ်။

အားမာန်နှစ်သစ်နှစ်ဦးမှာ ချစ်ရတဲ့ သောတရှင်တွေကို အပြောချင်ဆုံးစကာလေး တစ်ခွန်းလောက် ပြောလိုက်ပါရစေရှင်။ အဲစကားလေးကတော့ အားမာန်တို့အစီအစဉ်လေးအတွက် ဝေဖန်အကြံပေး တဲ့ စာလွှာလေးများကို ပေးပို့ပေးကြပါလို့ အနူးအညွတ်တောင်းဆိုလိုက်ပါတယ်။ နောက်ပြီးတော့ အားမာန်တို့ ၀ိုင်းတော်သားတွေ အားလုံး ကြိုးစားတင်ဆက်ထားတဲ့ သင်္ကြန်အထူးအစီအစဉ်လေး ဖြစ်တဲ့ အသံလွှင့်ဇာတ်လမ်းလေးနဲ့ ပတ်သက်ပြီးလည်း ဝေဖန်အကြံပေးကြပါဦးလို့ လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ချစ်သောတရှင်များ နှစ်သစ်မင်္ဂလာမှာ လိုတိုင်းရ၊တတိုင်းပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း နှုတ်ဆက်လိုက်ပါရှင်။

   Webradio