• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျွန်မတို့ရဲ့မေမေ

(GMT+08:00) 2012-04-28 11:38:48

မည်းမှောင်နက်သန်သော ဆံကေသာပိုင်ရှင်

 မဟာနဖူးပြင်ပိုင်ဆိုင်သူ

 မျက်ခုံးထူထူ၊ မျက်လုံးမျက်ဖန်လှပရွှန်းလဲ့သူ

 နှာတံဖြောင့်စင်းတင့်တယ်လှပသူ

 နှင်းဆီပွင့်ဖတ်များလို ဖူးဖူးအာအာ နှုတ်ခမ်းအလှရှင်

 ရိုးသားဖော်ရွေ၊အေးဆေးတည်ငြိမ်စွာ အပြုံပန်းဆင်လေ့ရှိသူ

 အသားတော် ညိုညက်ညက်

မပိန်လွန်း၊ မ၀လွန်း ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး

စံဝင်တဲ့ အရပ် ရှိသူ

 တုတ်တစ်ချောင်းမကိုင်

 ဖရုဿဝါစာ စကားတစ်ခွန်းတောင် မဟဘူးတဲ့

 ကျွန်မတို့ချစ်ခင်မြတ်နိုးတန်ဖိုးထားလေးစားရပါတဲ့..မေမေရေ..

 မေ့ ဆန္ဒကို ဦးထိပ်ပန်ဆင်ပြီး

 တိုင်းခြားပြည်ရွာမှာ စွန့်စားမှုတွေနဲ့အတူ နေ နေရပါတယ်..

 ဒါပေမဲ့..မေရယ်..

 ကံကြမ္မာက ကျွန်မတို့ကို မျက်နှာသာ မပေးခဲ့လို့..

အခုတော့.. မေနဲ့…ဘ၀တွေခြားခဲ့ရတာ..

တစ်နှစ်တာပြည့်ခဲ့ပြီနော်…

အလင်းရောင်ကြိုက်တဲမေ့အတွက်မီးစက်လှုဒါန်းပေးခြင်း၊

ကျောင်းတစ်ဆောင်ဆောက်လုပ်လှုဒါန်းပေးခြင်း၊

ကျွန်မရောက်နေတဲ့နေရာက အလှုဒါနပြုခြင်း. စတဲ့

ကျွန်မတို့ ပြုပြုသမျှ ကုသိုလ်ကောင်းမှုအစုစုနဲ့

နေ့စဉ်ပေးဝေလှုဒါန်းပေးနေတဲ့ ဒါနအစုစုတို့ကို..

မြင်မြတ်တဲ့ ဘုံဘ၀ကနေ ရရှိနိုင်ပါစေ.. မေမေ

မေမေရဲ့ သာဓု..သာဓု..သာဓု..လို့ခေါ်နေတဲ့ အသံကို ကြားယောင်ရင်း………………

၂၈-၄-၂၀၁၁ (ကြာသပတေးနေ့) တွင် ဘ၀တပါးပြောင်းသွားတဲ့ ကျွန်မတို့ချစ်ရတဲ့ မေမေ့အတွက်

 

   Webradio