|
||||||||
|
|||||||||||||
ထိုင်းနိုင်ငံအထက်လွှတ်တော်၏ဖိတ်ကြားချက်အရ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ဥက္ကဋ္ဌ ကျာချင့်လင်းသည် ယခုလ ၂၀ရက်နေ့မှ ၂၅ရက်နေ့အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း ဆင်ဟွသတင်းအရသိရပါသည်။ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကွမ်းမုသည် ဥက္ကဋ္ဌကျာချင့်လင်းယခုအကြိမ်ချစ်ကြည်ရေးခရီးသည် အရေးကြီးပြီးလွန်စွာ လေးနက်မှုရှိသော ခရီးပင်ဖြစ်ကြောင်း မကြာမီက မီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောကြားသွားကြောင်း သတင်းအရသိရပါသည်။
|