• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(ဗီဒီယိုသတင်း)ပီကင်းအတာသင်္ကြန်ပုံရိပ်များ

(GMT+08:00) 2012-04-16 16:59:13

သောတရှင်များရှင်၊ သင်္ကြန်ဒုတိယအကြတ်နေ့ ချင်းဟွာတက္ကသိုလ်မှာ မြန်မာပြည်သားများနဲ့အတူ၊နိုင်ငံခြားသားများရဲ့ရယ်မောသံတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ရေပက်ကစားသံတွေ၊ အဆိုအကဖျော်ဖြေသံတွေနဲ့ မြန်မာပြည်သားတို့ရဲ့ ရိုးရာမပျက် နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ရဲ့ အငွေ့အသက်တွေနဲ့ ခန်းမဆောင်အတွင်း ပြည့်လှိုင်နေပါတယ်။ ၂၀၁၂ခုနှစ် မြန်မာရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ဧည့်ခံပွဲကို ဧပြီလ၁၅ရက်နေ့မှာ ပီကင်းမြို့ရှိ တရုတ်ပြည် နှစ်ပေါင်း(၁၀၀)ကျော် ရှည်ကြာစွာနာမည်အကြီးဆုံး ဖြစ်နေဆဲဖြစ်တဲ့ ချင်းဟွာတက္ကသိုလ်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ အဲဒီဧည့်ခံပွဲကိုတက်ရောက်လာကြတဲ့လူတွေကတော့ တရုတ်ပြည်ဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးတင်ဦးနဲ့သံရုံးမိသားစုများ၊ ပီကင်းရောက် မြန်မာကျောင်းသူကျောင်းသားတွေအပြင် ချင်းဟွာတက္ကသိုလ်က ဆရာဆရာမများနဲ့ နိုင်ငံပေါင်းစုံကလာတဲ့ပညာတော်သင်များလည်းပါဝင်ပါတယ်။ ဧည့်ခံပွဲမှာ မြန်မာပြည်သားများတင်ဆက်ကြတဲ့ မြန်မာ့ရိုးရာ အဆိုအက အစီအစဉ်တွေနဲ့ဖျော်ဖြေပေးတဲ့အပြင်၊ မြန်မာ့ရိုးရာအစားအသောက်များနဲ့လည်း တည်ခင်းဧည့်ခံပါတယ်။ စီအာအိုင်မြန်မာဘာသာဌာနက ကိုလင်းကြည်ရဲ့ တိုက်ကွမ်ဒိုအကအလှနဲ့ ဖျော်ဖြေတင်ဆက်ပေးသလို မမိုးသူဇာကလည်း စုံတွဲတေးတစ်ပုဒ်ကို မြန်မာလို သီဆိုဖျော်ဖြေပေးခဲ့ပါတယ်လို့ သတင်းရရှိပါတယ်ရှင်။
   Webradio