• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာပြည်သားတို့ရဲ့အတာသင်္ကြန်

(GMT+08:00) 2012-04-10 15:58:08

ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ အခြေအနေ၊အကြောင်းကြောင်းတွေကြောင့် ရေခြားမြေခြားကို ရောက်နေ သူတွေဟာ တူးပို့၊တူးပို့သံ၊ မြူမှောင်ဝေကင်း၊ သင်္ကြန်မိုးစတဲ့ သီချင်းသံလေးတွေ၊ အတာရယ်၊ ပိတောက်ရယ်၊ငုဝါလေးရယ် စတာတွေကို လွမ်းနေကြမယ်ဆိုတာ မပြောလည်းနားလည်သိရှိနေ တာမို့ တရုတ်ပြည်၊ပီကင်းမြို့မှာ ရောက်နေကြတဲ့ မြန်မာပြည်သားများထဲမှာ ဦးဆောင်ဦးရွက်ပြုသူ ကိုဇော်ကြီး၊ဦးညွန့်နဲ့ကိုညီတို့ရဲ့ အတွေးစိတ်ကူးလေးတွေကို အကောင်အထည်ဖော်ဖြစ်လာခဲ့ရပုံက စပြီး အခုလို ပီကင်းရောက် မြန်မာပြည်သားများရဲ့ နှစ်သစ်ကူး၊မြူးပျော်ကြရတဲ့ အတာသင်္ကြန် ပွဲ တော် ကို ဆင်နွဲခွင့်ရခဲ့ရခြင်းပါပဲ။

တစ်နေ့ ဖုန်းသံမြည်လာလို့ ပြန်အထူးမှာ မထင်မှတ်ဘဲ ဦးညွန့်ကြီးက ကျွန်မကို ပီကင်းမှာ သင်္က်ြန်ပွဲ ကျင်းပဖို့ လုပ်ကြရအောင် ဆိုလာလေတော့…ထခုန်မိမတတ် ပျော်ရွှင်သွားခဲ့ရပါတယ်။ ဘာလို့ဆို တော့ နှစ်သစ်ကူးအချိန်အခါလေးမှာမှ မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရတဲ့ ပွဲတော်ကြီးကို မဆင်နွှဲ ရပါလျှင် ၀မ်းပန်းတနည်းဖြစ်နေရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးမှာ အခုလို ပါဝင် ခွင့်၊ ဆင်နွှဲ ခွင့်ရမယ်ဆိုတော့ အဲလောက်ထိ ပျော်မိသွားတာပေါ့။

ဒီလိုနဲ့ ချင်ဟွာတက္ကသိုလ်ရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ မနက်စာကို ၀ိုင်းကြီးနှစ်ဝိုင်းစာ ကျွေးမွေး ဧည့်ခံပြီး သင်္ကြန်မှာ အလှုရှင်ကြီးက ချက်ပြုတ်၊ဧည့်ခံကျွေးမွေးစတဲ့ ကိစ္စ၀ိစ္စတွေကို လုပ်ပေးပါလို့ ပြော လာလေတော့ ဘယ်နေနိုင်ပါတော့မလဲ။ နဂိုတည်းကိုမှ ဗေထိဟေ့ ဆိုရင် ကချင်နေသူကြီး ကျွန်မကတော့ အားရ၀မ်းသာပါပဲ၊ တတ်နိုင်စွမ်းအားရှိသလောက် လုပ်ပေးဖို့ ချက်ချင်းဆုံးဖြတ်၊ မဆိုင်း မတွကတိတွေပေးလိုက်တာပေါ့။

ဒီလိုနဲ့ မကျွမ်းမကျင် စေတနာရှင် ချက်ပြုတ်ရေး တာဝန်ကြီးကို ယူလိုက်မိပါတယ်။ ပြီးတော့ ၀ယ်ယူ ရေး၊စည်းရုံးရေး၊ ဖျော်ဖြေရေးစတဲ့ဘက်တွေမှာလည်း တာဝန်မပေးပေမဲ့ လုပ်ပေးနေမိပါတယ်။ ဒါက လည်း မြန်မာ့ရိုးရာသင်္ကြန်ပွဲထမြောက်အောင်မြင်သွားစေချင်တဲ့ စိတ်ရင်းအမှန်နဲ့ပါ။ ဘယ်နေရာက ပဲနေရနေရပါ ကိုယ့်သကြန်ပွဲလေးကို တိုင်းခြားပြည်ခြားမှာ လှလှပပ၊စည်စည်ကားကား၊ ညီညီညွတ် ညွတ်၊ပျော်ပျော်ရွှင်ရွှင် ပြချင်နေကြတဲ့ အားလုံးသော မြန်မာပြည်သားရဲ့ ဖြူစင်တဲ့စိတ်ထား အမှန် ကြောင့် ကျွန်မတို့ ပီကင်းမြို့က မြန်မာပြည်သားများရဲ့ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲကြီးက စည်ကား  သိုက်မြိုက်စွာ အောင်ပွဲခံနိုင်မယ်ဆိုတာ တစ်ထစ်ချ ယုံကြည်နေမိပါတယ်။

အလှုရှင်ကိုဇော်ကြီးဦးစီးပြီး အုတ်မြစ်ချခဲ့တဲ့  မြန်မာပြည်သားများရဲ့ သင်္ကြန်ပွဲတော်လေးဟာလည်း နောင်အစဉ်အလာမပျက် ကျင်းပသွားနိုင်ပါစေ ဆုမွန်ကောင်းတောင်းရင်း……….

 

 

   Webradio