• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှစ် ၂၆၀၀ပြည့် ရွှေတိဂုံစေတီတော်တပေါင်းပွဲတော်

(GMT+08:00) 2012-03-06 17:54:01

 

ကျွန်မတို့ နေထိုင်ရာ ဒီကမ္ဘာမြေလောကကြီးဝယ် ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော် မူခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ တိုင်ခဲ့ပါပြီ။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့က ရာဇယတနတွင် ဗုဒ္ဓ အား ဖူးမြော်ခွင့်ကြုံခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က တရားတော်များ ဟောကြားတော်မူပြီး ဆံတော် များကို ပူဇော်ရန် ညီနောင်နှစ်ဦးအား ပေးခဲ့ပါတယ်။ အဲဒိညီနောင်နှစ်ဦးက သူတို့ရရှိခဲ့တဲ့ ဆံတော် တွေကို ဌာပနာတော်မူပြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော် မြတ်ကို တည်တော်မူခဲ့တယ်လို့ အဆိုစကားများကို လေ့လာဖတ်ဖူးပါတယ်။

၂၀၁၂ မှာတော့ဗုဒ္ဓဘာသာဝင်တို့အတွက် တစ်သက်မှာတစ်ခါသာ ကြုံရမယ့် အထွတ်အမြတ်ထားစရာပွဲတော်မဟာတစ်ခုကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်။ အဲဒါကတော့ ရွှေတိဂုံစေတီတော်ကြီးရဲ့ အနှစ် ၂၆၀၀ ပြည့် ဗုဒ္ဒပူဇနိယပွဲတော်ကြီးပါပဲ။  ကုသိုလ်ထူးသူများကတော့ ကိုယ်တိုင်ကိုယ်ကျပါဝင်ကုသိုလ် ယူခွင့်ရနေပါပြီ။ စေတီတော်ကြီးမှာ တစ်လလုံးလုံး အသံမစဲ မဟာပဌာန်းပွဲတွေနဲ့ ပူဇော်နေ သလို ရင်ပြင်တော်တစ်ခုလုံးလဲ ပန်းမန်များလှပဝေဆာစွာကုသိုလ်ယူထားကြတာတွေ၊ ညဘက်တွေမှာဆီမီးထောင်ချီပူဇော်ထားကြတဲ့မြင်ကွင်းတွေ၊မြန်မာပြည်ကထင်ရှားကျော် ကြားတဲ့ဆရာတော်ကြီးများရဲ့ တရားဓမ္မသဘင်ပွဲတွေကိုစည်စည်ကားကားကျင်းပခဲ့ကြတာ တွေ ကို ဓာတ်ပုံများ သတင်းများကတဆင့်မြင်ရတွေ့ရပါတယ်။ ဒီလိုမြင်ရတဲ့အခါတိုင်း ဝေးမြေရပ်ခြားကိုေ၇ာက်နေရတဲ့  ဗုဒ္ဓဘာသာဝင်များကတော့ ရန်ကုန်မြို့ကြီးကိုသာ အပြေးပြန်သွားလို့ ကြုံတောင့်ကြုံခဲ ဒီမဟာပွဲတော်ကြီးကို ပါဝင်ဆင်နွဲလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာမှာအသေအချာပါပဲရှင်။ အဲဒိထဲမှာမှ ကျွန်မ မေအားမာန်လည်း အပါအ၀င်ဖြစ်နေတာမို့ ကျွန်မအနေ နဲ့ ပြည်ပတစ်နေရာကနေ ရွှေတိဂုံစေတီတော်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် တပေါင်းပွဲတော်ကြီးကို စိတ်မျှော်ရည်မှန်း ကုသိုလ်ဘာဝနာ ကောင်းမှုပြုလုပ်ပါကြောင်း………

 

   Webradio