• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီအာအိုင်ရဲ့မွေးနေ့ရှင်

(GMT+08:00) 2012-01-11 14:53:22

  

    မိသားစုတွေထဲမှာ၊ သူငယ်ချင်းတွေထဲမှာ၊ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ မွေးနေ့ဆိုတဲ့ ရက်မြတ်လေးကို လူတိုင်းကြုံဖူး၊သွားဖူး၊ပျော်ဖူးခဲ့မှာပါ။

    ကျွန်မလည်း ဒီနေ့ပျော်စရာကောင်းတဲ့ မွေးနေ့လေးတစ်နေ့မှာ မွေးနေ့ရှင်နဲ့အတူ ပျော်ရွှင်စွာ နေ့လယ်စာစားခဲ့ပါတယ်။ ဒီနေ့က ကျွန်မတို့စီအာအိုင်မြန်မာဘာသာဌာနမိသားစုလေးရဲ့ အစ်မကြီး တစ်ဦးဖြစ်သလို၊ သတင်းမီဒီယာကျွမ်းကျင်သူလို့လည်း ဆိုလို့ရတဲ့ Xu Min Xia လို့ခေါ်တဲ့ အလန်း စားနာမည်ပိုင်ရှင် မမမေကြော့(မေကြော့ရှင်း)ရဲ့ မွေးနေ့ရက်မြတ်မင်္ဂလာပဲ ဖြစ်ပါတယ်။

    ကျွန်မဒီနေ့မနက် အိပ်ရာကထလိုက်တာနဲ့ လုပ်ရမယ့်အစီအစဉ်တွေခေါင်းထဲ အစီအရီပေါ်လာ တတ်တာမို့၊ ဒီနေ့အလေးထားလုပ်ရမယ့် အလုပ်က မမမေကြော့ဆီ မွေးနေ့ဆုတောင်းစကားကို ဖုန်းနဲ့ မက်ချေ့ပို့ဖို့ပဲဆိုတာ သတိရလာတယ်၊ ဒီမှာတစ်ခုပြောချင်တာက မမကြော့အတွက် လက်ဆောင်လှလှလေး ပေးချင်ပါတယ်၊ ဒါပေမဲ့ သူဌေးသမီးဖြစ်တဲ့ မမကြော့ကို လက်ဆောင် ပစ္စည်းပေးတာထက် မေတ္တာ၊စေတနာကိုပဲ ဖော်ပြလိုက်ရင်အကောင်းဆုံးလို့ တွေးမိတယ်၊ ပြီးတော့ ကိုယ်ပေးတဲ့ပစ္စည်းဟာ မမကြော့အတွက် အသေးအမွှားဖြစ်သွားမှာကိုလည်း မလိုလားဘူးလေ၊ ဒါကြောင့် မက်ချေ့ပို့ပြီးတော့ပဲ ဆုတောင်းစကားပြောလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

    ရုံးရောက်တော့ မမကြော့တစ်ယောက် အသံသွင်းကိစ္စနဲ့ အလုပ်တွေရှုပ်နေတာမို့ တွေ့တွေ့ချင်း မွေးနေ့ဆုတောင်းလေးတောင်ပြောခွင့်မရခဲ့ပါဘူး၊(စိတ်မကောင်းတောင်ဖြစ်မိပါရဲ့၊)နေ့လယ်ထမင်းစားချိန်မှာတော့ မမကြော့က ကျွန်မတို့ကို Pot Restaurant မှာ နေ့လယ်စာကျွေး ပြီးမွေးနေ့ပွဲလေး ကျင်းပလိုက်ပါတယ်။ မှာတဲ့ဟင်းတွေများလွန်းလို့ ကျွန်မတို့တွေ စားတောင်မစား နိုင်လောက်အောင်ပါပဲရှင်၊(ကျန်ခဲ့တဲ့ ဟင်းလျာတွေကိုကြည့်ပြီး ကျွန်မဖြင့် နှမြောမိပါရဲ့လေ၊)အင်မတန် သဒ္ဓါတရားထက်သန်တဲ့ မမကြော့တစ်ယောက် ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်မှ စပြီး နောင်နှစ်ပေါင်း ၁၀၀ တိုင် မတောင့်မတ၊မကြောင့်မကြ ပြည့်စုံသာယာချမ်းမြေ့တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း………………………..

  

   Webradio