• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒီဇင်ဘာမွေးနေ့ရှင်များသို့…အမှတ်တရ

(GMT+08:00) 2011-12-13 18:07:05

အနှိုင်းမရှိကျေးဇူးကြီးမားလွန်းလှတဲ့ မိခင်ရဲ့ဗိုက်ထဲက မွေးဖွားလာခဲ့တဲ့ လူတိုင်းလူတိုင်းမှာ မွေးနေ့ဆို တာရှိတတ်စမြဲပါ။ ဒါပေမဲ့လည်း ရှေးတုန်းကရိုးသားလွန်းတဲ့ ကျေးလက်နေမိဘများကတော့ သိပ်မှတ် မှတ်သားသားမရှိတတ်တာလည်း ရှိတတ်သလို၊တခြားအယူ ၀ါဒ၊ဓလေ့ထုံတမ်းမတူတဲ့ လူမျိုးများအဖို့လည်း မရှိတတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်၊မြန်မာလူမျိုး များအဖို့ကတော့ ကိုယ့်မွေးနေ့၊မွေးရက်၊မွေးတဲ့အချိန် ကိုအလွန်တန်ဖိုးထားတတ်ကြပါတယ်၊ တစ်ချို့ဆိုရင် ကိုယ့်သားသမီးတွေအတွက်မွေးဇာတာဖွဲ့ပေးလေ့ လညှ်းရှိတတ်တယ်။ အခုဆိုရင်တော့ အဲဒိဇာတာဖွဲ့တဲ့အလေ့က ပျောက်ကွယ်လုနီးဖြစ်နေပါပြီ။

အဲဒိလိုမွေးနေ့ဆိုရင် အမြဲတမ်းအမှတ်တရနဲ့ ကောင်းမှုကုသိုလ်တွေပြုကြ၊ နီးစပ်ရာသူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံပြီးစားကြ၊သောက်ကြ၊ပျော်ကြ၊ပါးကြနဲ့ မွေးနေ့ပွဲတွေကို ကျင်းပလေ့ရှိပါတယ်၊ တစ်ချို့ဆိုရင်လည်း ဘုရားကျောင်းကန်သွားပြီး ကုသိုလ်ကောင်းမှုများပြု၊ တရားဘာဝနာများပွားများ၊သီလဆောက်တည် စတဲ့ကိစ္စရပ်ပေါင်းများစွာကို လုပ်တတ်ကြပါတယ်။

ကျွန်မတို့မိသားစုအဖို့၊သူငယ်ချင်းအပေါင်းအသင်းများအဖို့မှာတော့ အဲဒီလိုမွေးနေ့ တွေ ရောက်တိုင်း ရောက်တိုင်း မဖြစ်ဖြစ်အောင်တော့ ဆုံဖို့အချိန်ပေးတတ်ကြပါတယ်၊မိုး လင်းပြီးဆိုတာနဲ့ လူချင်းတွေ့ နိုင်ရင်လူချင်းတွေ့ပြီး မွေးနေ့ဆုတောင်းပေးတတ်သလို၊ လူချင်းမတွေ့နိုင်ခဲ့ရင်တောင် ဖုန်းဆက်၊မက် ချေ့ပို၊တစ်ခါတစ်ခါ မွေးနေ့ရှင်အံ့သြ၀မ်းသာသွားလောက်စေတဲ့ ထူးထူးဆန်းဆန်း ကိစ္စလေးတွေကို  ရုတ်တရက်ပြုပေးတတ်တယ်။

    ဒီဇင်ဘာလဟာဖြင့် ကျွန်မချစ်ခင်လေးစားအားထားရတဲ့ မွေးနေ့ရှင်များစွာရှိတဲ့ လပဲဖြစ်ပါတယ်၊ ပထမဆုံးတစ်ယောက်က ကျွန်မရဲ့ ဒုတိယမိခင်လိုဆိုနိုင်လောက်တဲ့ (အမကြီးတော့ အမိရာဆိုတဲ့အတိုင်း) ဒုတိယမြင်းမိုရ်တောင်ကြီးရဲ့ဒီဇင်ဘာလ(၁၄)ရက်မွေးနေ့ရှင်ပါ၊ မကြီးကိုလေ ကျွန်မနဲ့အတူကျွန်မသူငယ်ချင်းတွေက ရုပ်ရှင်မင်းသားရန်အောင်နဲ့မွေးနေ့တူမို့ အမြဲတမ်းနောက်ပြောင်တတ်ပါတယ်။ နောက်တစ်ယောက်က အမြဲတမ်းလိုအပ်တဲ့ အခါတိုင်းမှာ ကျွန်မအနားရောက်လာတတ်ပြီး၊ ကျွန်မ အဆင်ပြေနေတဲ့အချိန်တွေမှာ ဆိုရင်ဖြင့်ဝေးဝေးကနေ ကြည့်နေတတ်တဲ့အနှိုင်းမဲ့သူငယ်ချင်း ကောင်းတစ်ယောက်ရဲ့ ဒီဇင်ဘာလ(၁၅)ရက်မွေးနှေ့ရှင်ပါ၊(မကြီးနဲ့သူက ရှေ့ဆင့်နောက်ဆင့်မို့ တစ်သက်လုံးမမေ့နိုင်စရာပါ၊) နောက်တစ်ယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်း အဖြူရောင်ခင်မင်မှုများနဲ့အတူ ဆိုးဖော်ဆိုးဖက်(ဒီလိုရေးလို့စိတ်မဆိုးပါနဲ့နော်၊ ငယ်ဘ၀ကိုတမ်းတခြင်းများ စွာဖြင့်ပါ၊)အခုဆိုရင်ဖြင့် ဆိုးတူကောင်း ဖက်လို့ပြောင်းပြီးသုံးရပါတော့မယ့် ဒီဇင်ဘာ(၁၀) ရက်မွေးနေ့ရှင်ပဲဖြစ်ပါတယ်၊

အခုဆိုရင်ဖြင့် အရင်ကလို ဒီဇင်ဘာမွေးနေ့ရှင်များနဲ့အတူယှဉ်တွဲ မကျင်းပနိုင်ပေမဲ့ အဝေးတစ်နေရာ က အမြဲတမ်းသတိရနေတယ်ဆိုတာကိုပြောရင်း…………………………..

   Webradio