• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှစ်(၇၀)ပြည့်စီအာအိုင်

(GMT+08:00) 2011-12-10 15:05:09

နှစ်(၇၀)ပြည့်စီအာအိုင်

ကျွန်မတို့ရဲ့စီအာအိုင်ဟာ နိုင်ငံတကာကိုအသံလွှင့်ခဲ့တာ အခုဆိုရင်ဖြင့် နှစ်(၇၀)တင်းတင်းတောင် ပြည့်ခဲ့ရပါပြီ။နှစ်(၇၀)အတွင်း ကြိုးစားအားထုတ်မှုများကတော့ ပြောမယ်ဆိုရင် ပြောလို့တောင်မကုန် နိုင်အောင်များပြားလှပါတယ်။အထိမ်းအမှတ်အတွက်အမှတ်တရတွေလည်း စည်စည်ကားကား သိုက် သိုက်မြိုက်မြိုက်နဲ့ ကြီးကျယ်ခမ်းနားစွာကျင်းပပါတယ်။

စီအာအိုင်ရဲ့အသံလွှင့်အစီအစဉ်ကို တရုတ်ပြည်၊ယန်အန်းဒေသကအစပြုခဲ့သလို၊ ခေတ်အဆက်ဆက် ရဲ့ ကြိးစားအားထုတ်မှု၊အောင်မြင်မှုရလဒ်ကလည်း ကမ္ဘာမှာမော်ကြွားနိုင်လောက်ပါတယ်။ စီအာအိုင် ကိုအုပ်ချုပ်တဲ့ ဥက္ကဋ္ဌကစလို့အောက်ခြေ၀န်ထမ်းအဆုံး ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်လုပ် ဆောင်သွားတာဟာ မျက်ဝါးထင်ထင် တွေ့မြင်ခံစားနိုင်ကြပြီဆိုတာကလည်း အခိုင်အမာပဲဖြစ်ပါတယ်။ ပျော်ရွှင်စွာ၊ရင်းနှီးစွာ၊ချစ်ခင်စွာတစ်ဦးနဲ့တစ်ဦးအပြန်အလှန် ဖေးမကူညီကြပြီး အောင်မြင်မှုပန်းတိုင်ကို အတူလျှောက်လှမ်းနေကြတဲ့ စီအာအိုင်နှစ်(၇၀)ပြည့်အတွက် ဂုဏ်ပြုကဗျာလေးတစ်ခုအနေနဲ့………

တို့အားလုံးရဲ့နှစ်(၇၀)ပြည့်စီအာအိုင်

တစ်ထောင့်ကိုးရာ၊လေးဆယ့်တစ်၊ဒီဇင်ဘာလသုံးရက်

တရုတ်ပြည်ယန်းအမ်းဒေသ၊ဟာရာကီယိုရှီစံက ဂျပန်ဘာသာနဲ့

ကမ္ဘာကိုအသံစလွှင့်ခဲ့………………….

ဒီလိုနဲ့အသံလွှင့်အစီအစဉ်တွေ၊တစ်စတစ်စတိုးတက်လာလိုက်တာ

အခုဆိုရင်ဖြင့်…………..

အနှစ် ၇၀ တိုင်ခဲ့ပြီပေါ့။

နိုင်ငံတကာမှာအကြီးဆုံးလို့တောင်ဆိုနိုင်လောက်ပေတဲ့

တို့စီအာအိုင်

၆၁ မျိုးသောဘာသာစကားတွေနဲ့………

ကမ္ဘာတစ်ဝန်းကိုအသံလွှင့်နိုင်ခဲ့တဲ့အောင်မြင်မှုတွေ

ရာစုနှစ်များစွာတိုင် ခိုင်မြဲပါစေ……………..။

 

 

 

 

   Webradio