• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီအာအိုင်-သည်ပြည်တွင်းပြည်ပသောတရှင်နှင့်မီဒီယာများမိတ်ဆုံပွဲကိုကျင်းပ

(GMT+08:00) 2011-12-04 16:51:47

စီအာအိုင်-တည်ထောင်ခဲ့သော နှစ်-၇၀-ပြည့်မြောက်နေ့ဖြစ်သည့် ယမန်နေ့ ၃-ရက်နေ့ညက စီအာအိုင်-သည် ပီကင်း(တျောက်ယွီထိုင်)နိုင်ငံတော်ဧည့်ဂေဟာတွင် ပြည်တွင်းပြည်ပသောတရှင်နှင့် မီဒီယာများမိတ်ဆုံပွဲကို ကျင်းပခဲ့ပါသည်။

တရုတ်နိုင်ငံတော်အသံလွှင့်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဝန်ကြီးဌာန ဒုဝန်ကြီး(လီဝေ)၊ တရုတ်နိုင်ငံတော်ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်နယ်အသီးသီးမှ နိုင်ငံခြားပြန်ကြားရေးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်ပြည်ဆိုင်ရာ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမီဒီယာမှ ကိုယ်စားလှယ်များနှင့် စီအာအိုင်၏သောတရှင်ကိုယ်စားလှယ်များသည် ၄င်းမိတ်ဆုံပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio