• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အချိန်ကာလကိုဖြတ်ကူးပြီး အကွာအဝေးကိုနီးလာစေတဲ့တရုတ်လေလှိုင်း

(GMT+08:00) 2011-12-03 16:29:16

ဒီနေ့၂၀၁၁-ခုနှစ်ဒီဇင်ဘာလ၃-ရက်နေ့ဟာ တရုတ်ပြည်သူများရဲ့ ပင်လယ်ရပ်ခြားကို အသံလွှင့်လုပ်ငန်းနဲ့ စီအာအိုင်ဖွဲ့စည်းတည်တောင်ခဲ့တဲ့ နှစ်၇၀-ပြည့်အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲကာလတွင်းမှာ စတင်တည်ထောင်ခဲ့တဲ့စီအာအိုင်ဟာ အခုဆိုရင် ဘာသာစကား၆၁-မျိုးနဲ့ တစ်ကမ္ဘာလုံးကို အသံလွှင့်ပေးနေပါတယ်။ နှစ်၇၀-အတွင်းမှာ စီအာအိုင်ဟာ အနိုင်နိုင်ငံကပြည်သူများရဲ့ နှုတ်ခွန်းဆက်ခြင်းနဲ့ချစ်ကြည်ရေးကို လက်ဆင့်ကမ်းလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးတို့အတွက် ရှာဖွေရေးနဲ့ ကာကွယ်ထိန်းသိမ်းရေးတို့ကို ဖော်ပြလေ့ရှိပါတယ်။ ယဉ်ကျေးမှုအမျိုးမျိုးကို တန်ဖိုးထားပြီး အလေးထားလေ့ရှိပါတယ်။

    ၂၀-ရာစု၄၀-စုနှစ်ပိုင်းက တရုတ်ပြည်သူများဟာ ဂျပန်နိုင်ငံရဲ့ကျူးကျော်မှုကို ခုခံခဲ့ကြပါတယ်။ဂျပန်ခုခံရေးဝါဒကို ဖြန့်ချီဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံးစိုက်ရာ ယန်းအမ်မြို့မှာ ယန်းအမ်ဆင်ဟွာအသံလွှင့်ဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ၁၉၄၁-ခုနှစ်ဒီဇင်ဘာလ၃-ရက်နေ့က စီအာအိုင်ဂျပန်ဘာသာအစီအစဉ်ကို စတင်အသံလွှင့်ခဲ့တဲ့အတွက် ဒီနေ့ကို စီအာအိုင်ဖွဲ့စည်းတည်ထောင်ထဲ့နေ့အဖြစ် သတ်မှတ်ထားပါတယ်။ စီအာအိုင်ဂျပန်ဘာသာအစီအစဉ်က ပထမဆုံးသတင်းကြေညာသူဟာ တရုတ်ပြည်မှာ မှီတင်းနေထိုင်နေတဲ့ စစ်ပွဲဆန့်ကျင်ရေးပုဂ္ဂိုလ် ဂျပန်အမျိုးသမီး ဟာရာ-ကီယိုရှီဖြစ်ပါတယ်။

   ၁၉၄၇-ခုနှစ်က ဆင်ဟွာအသံလွှင့်ဌာန အင်္ဂလိပ်ဘာသာအစီအစဉ်ကို စတင်အသံလွှင့်ခဲ့ပါတယ်။

   ၁၉၄၉-ခုနှစ်က တရုတ်ပြည်သူ့သမ္မတ်နိုင်ငံစတင်တည်ထောင်ခဲ့တဲ့အခမ်းအနားမှာ မဒမ်တင်အီလန်ဟာ ထျန်အမ်မင်းမြို့ရိုးတန်ဆောင်းမှာ တိုက်ရိုက်အသံလွှင့်အစီအစဉ်မှူး အဖြစ် ထမ်းဆောင်ခဲ့ဖူးပါတယ်။နောက်ပိုင်းမှာ သူဟာ စီအာအိုင်ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။

    စီအာအိုင်အသံလွှင့်လုပ်ငန်းဟာ ခေတ်နဲ့အညီ နည်းပညာဖွံ့ဖြိုးမှုဟာလည်း အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပါတယ်။၁၉၉၈-ခုနှစ်က စီအာအိုင်onlineကို ဖွင့်လှစ်ခဲ့ပြီးနောက် သောတရှင်များဟာ စီအာအိုင်အင်တာနက်ဝက်ဘစိုက် စာမျက်နှာပေါ်မှာ ဘာသာစကား၆၁-မျိုးနဲ့ အသံလွှင့်အစီအစဉ်ကို နားဆင်နိုင်တဲ့အပြင် သတင်းတွေကိုလည်း ဖတ်ရှုနိုင်ကြပါတယ်။

    ပင်လယ်ရပ်ခြားမှာ စီအာအိုင်ရဲ့လုပ်ငန်းတွေဟာ တစ်နေ့တစ်ခြား တိုးတက်များပြားလာပါတယ်။ ပင်လယ်ရပ်ခြားမှာ စီအာအိုင်ဟာ သတင်းထောက်ဌာနခွဲ၄၀-ဖွဲ့စည်းတည်ထောင်ထားပါတယ်။ အသံလွှင့်ဌာနခွဲ၇၀-ပိုင်ဆိုင် ထားပါတယ်။ပူးပေါင်းအသံလွှင့်ဌာန၁၈၀ရှိပါတယ်။

    စီအာအိုင်သောတရှင်များထဲမှာ လာအိုနိုင်ငံတော်ဥက္ကဋ္ဌ ချိုမာလီ-ဆာယာစွန် အပါအဝင် နိုင်ငံခြားထိပ်သီးခေါင်းဆောင်များမနည်းလှပါဘူး။

    နိုင်တကာသို့သတင်းအချက်အလက်ဗဟိုသုတများဖြန့်ချီရေးကို ပိုပြီးထိရောက်စွာ ပြုလုပ်နိုင်ဖို့အတွက် စီအာအိုင်ဟာ မီဒီယာနည်းလမ်းသစ်တွေကို အဆက်မပြတ် ဆန်းသစ်တီထွင်လာပါတယ်။ ဒီနှစ်နှစ်ဆန်းက CIBNအင်တာနက်ရုပ်မြင်သံကြားနဲ့ T&Dဗီဒီယိုနက်ဝက်ခ်ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်ခဲ့ပါတယ်။

     နောက်နောင်မှာ စီအာအိုင်ဟာ ဘာသာစကားမျိုးစုံ၊ မီဒီယာနည်းလမ်းမျိုးစုံ၊ ဖြန်ချီရေးနည်းလမ်းမျိုးစုံနဲ့ တရုတ်ပြည်သူများရဲ့ ချစ်ကြည်ရေးကို ကမ္ဘာ့ပြည်သူများထံသို့ ဆက်လက်ဆောင်းကျဉ်းပေးမှာ ဖြစ်တဲ့အပြင် ကိုယ်တိုင်ကြိုးပမ်းဆောင်ရွက်မှုနဲ့ အေးချမ်းသင့်မြတ်တဲ့ကမ္ဘာတည်ဆောက်ရေးအတွက် အကျိုးပြုစွမ်းဆောင်မှာဖြစ်တယ် ခင်ဗျာ။

   Webradio