• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေ့လို့မရတဲ့ထမင်းပွဲ

(GMT+08:00) 2011-11-03 17:52:28

 

ဒီနေု့လိုထမင်းစားပွဲလေးကတော့ စိတ်ထဲမှာအမြဲတမ်းအမှတ်တရ ရှိနေတော့မှာပါ။ ဘာလို့လဲ ဆိုတော့ ပထမဆုံအကြိမ်အဖြစ် မြန်မာပြည်ကပုဂ္ဂလိမီဒီယာအဖွဲ့တစ်ဖွဲ့က ကျွန်မတို့ရဲ့ စီအာအိုင်အသံလွှင့်ဌာနကို ရောက်ရှိလာခဲ့ပါတယ်။တရုတ်ပြည်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖိတ် ခေါ်မှုကြောင့် အခုလိုရောက်ရှိလာခြင်ဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ဌာနကို မြန်မာ အဖွဲ့တစ်ဖွဲ့ရောက်လာတာဆိုတော့ မြန်မာတစ်ယောက်ဖြစ်တဲ့ကျွန်မရဲ့ ပျော်ရွှင်မှုကတော့ ပြော ဖွယ်ရာမရှိတော့ပါဘူး၊

ကျွန်မတို့စီအာအိုင်မြန်မာဘာသာအဖွဲ့နဲ့မြန်မာပုဂ္ဂလိကမီဒီယာအဖွဲ့တို့ဟာ နှစ်နိုင်ငံရဲ့ မီဒီယာ အကျိုးပြုကိစ္စရပ်တွေကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဆွေးနွေးပြောဆိုပြီးတော့မှ အခု လို ထမင်းစားပွဲလေးနဲ့ ရွှေဧည့်သည်၊ငွေဧည့်သည်တွေကို ကောင်းမွန်လွန်းလှတဲ့ ထမင်းပွဲစားပွဲနဲ့ တည်ခင်းဧည့်ခံခြင်းဖြစ်ပါတယ်။

ထမင်းစားပွဲတည်ခင်းဧည့်ခံတဲ့ နေရာကတော့ စီအာအိုင်မီဒီယာဟိုတယ်ကြီးက ခန်းမဆောင် ကြီးမှာ ကျွေးမွေးခြင်းဖြစ်ပါတယ်၊စားဖွယ်များကတော့ ပြည့်စုံနေတဲ့အပြင် ပိုလျှံလို့တောင် နေ သေးပါတယ်၊ထမင်းစားချိန်ဖြစ်လို့ စားသာစားနေကြရပေမဲ့ အားလုံးက စကားတွေဖောင်ဖောင် ဝေအောင်ပြောနေကြတာပါပဲ။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပြန်ပြီးသတိပေးနေရ တယ်လေ၊စားလည်းစား၊ပြောလည်ပြောဖို့ကိုပေါ့၊ပြောချင်တာလေး တစ်ခုကတော့ အဲဒိအဖွဲ့ထဲ ကလူငယ်နှစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ခံစားချက်လေးတွေကိုပါ၊Internatoinal Affiar News Journal က Chief Editor တစ်ဦးဖြစ်တဲ့ ကိုနေမင်းသိုက်ရဲ့စကားလေးကတော့ သူအခုလိုလာ ခွင့်ရတာကို အလွန်ပဲပျော်ရွှင်မိပါတယ်တဲ့၊ပြီးတော့ မျှော်မှန်းမထားဘဲအခုလို ရုတ်တရက်လာ ခဲ့ရတာကိုလည်း အခုထိ ကိုယ့်ဖာသာကိုယ် မယုံသလိုလို၊အိပ်မက်လိုလိုဖြစ်နေတဲ့ အကြောင်း လေးကို အရွှန်းဖောက်ပြီးပြောသွားခဲ့ပါတယ်၊အခုလိုလာရတာဟာ သူ့အတွက် အလွန့်ကို တန် ဖိုးကြီးပါတယ်လို့ရင်ဖွင့်သွားပါတယ်၊နောက်တစ်ယောက်ကတော့ သုတစွယ်စုံ က ပင်တိုင်စာ ရေးဆရာတစ်ယောက်ဖြစ်သလို၊အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ကိုမြတ်မိုးလင်းပဲဖြစ်ပါတယ်။ သူကတော့ အခုလိုတရုတ်ပြည်ပီကင်းမှာ ရှိတဲ့ မီဒီယာတွေကို လာပြီး လေ့လာခွင့်ရတာ ဟာ သူ့ဘ၀အတွက်အမှတ်တရပါပဲ၊ပြီးတော့ ပီကင်းမှာရှိတဲ့ လူငယ်တွေ ရဲ့ သဘာဝ၊ဓလေ့စရိုက် လေးတွေကိုလည်း သူကိုယ်တိုင် ထဲထဲဝင်ဝင် သေချာ လေ့လာခွင့်ထပ်ရချင်ပါသေးတယ်ဆို တဲ့ ရင်တွင်းခံစားချက်လေးကိုပြောခဲ့ပါတယ်။အဲအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မ တစ်ယောက် ကတော့ အခုထိ ပီကင်းရဲ့ ဈေးဝယ်လို့ရတဲ့နေရာတွေကို မရောက်သေးဘူးဆိုတဲ့အကြောင်းကို  မိန်းကလေးသဘာဝ ရင်းနှီးစွာတိုးတိုးတိတ်တိတ်ပြောကြားသွားပါတယ်။အခုလို ထမင်းစားရင်း

အလုပ်အကြောင်း၊ရင်တွင်းက ခံစားချက်တွေ အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုဖြစ်ခဲ့တဲ့ အတွက်ကြောင့် မြန်မာပြည်က ပုဂ္ဂလိကမီဒီယာအဖွဲ့ကို အမြဲတမ်းသတိတရနဲ့မေ့လို့ရတော့မှာ မဟုတ်တော့ပါဘူးရှင်။

   Webradio